Call Us! 1-800-555-5555
0101

သန့်ရှင်းရေးဌာန

လုပ်ငန်းဆောင်ရွက်သူများနှင့် စပ်လျဉ်းပြီး သန့်ရှင်းရေးဌာနမှ အသိပေးကြေညာခြင်း

၁။န္တလေးမြို့တွင်းရှိ လမ်းမကြီးများနှင့် လမ်းထောင့်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်၊ အကင်ဆိုင်များ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များနှင့် ပစ္စည်းအရောင်း ဆိုင်များမှာ မိမိပိုင်နက်အဆောက်အအုံပြင်ပ လမ်းမြေ၊ ပလက်ဖောင်း၊ ရောင်းမြေများပေါ်သို့ ကျူး၍ ဆိုင်တည်ခင်းခြင်း၊ ရောင်းချခြင်း၊ လာရောက်ကြသော မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များမှ လမ်းမပေါ်၌ အဆင်ပြေသလို ရပ်တန့်ကြ၍ ယာဉ်ကြောပိတ်ဆို့ခြင်းများကြောင့် လမ်းသွားလမ်းလာများ လုပ်သားပြည်သူများအား အနှောင့်အယှက် ဖြစ်စေကြောင်း တွေ့ရှိရပါသည်။

၂။သို့ပါ၍ အထက်ပါဆိုင်များအနေဖြင့် မိမိ ပိုင်နက် အဆောက်အအုံ၊ ဝင်းခြံ အတွင်းသာ တည်ခင်း ရောင်းချသွားရန်နှင့် ဆိုင်သို့ လာရောက်သော ယာဉ်၊ ဆိုင်ကယ်များ စနစ်တကျ ရပ်တန့်စေရေး၊ ယာဉ်()ထပ် ရပ်တန့်မှု မရှိစေရေး မိမိဆိုင်ဝန်ထမ်းများ အစီအစဉ်ဖြင့် ဆက်ဆံရေး ပြေပြစ်စွာ စီမံဆောင်ရွက်သွားရန် အကြောင်းကြားပါသည်။

၃။လိုက်နာမှုမရှိသော ဆိုင်များ၊ တိုင်ကြားခံရသော ဆိုင်များအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာန နည်းဥပဒေများအရ လည်းကောင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မကြာခဏ စည်းကမ်းဖောက်ဖျက်သော ဆိုင်များအား လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေး ကြေညာအပ်ပါသည်။

ဆက္သြယ္ရန္ဖုန္းနံပာတ္မ်ား

အမှိုက်သိမ်းယာဉ်များ အမှိုက်သိမ်းဆည်းရန် ပျက်ကွက်ခြင်း၊ မြောင်းများ ပိတ်ဆို့ရေလျှံ ခြင်းများအတွက် အောက်ပါဖုန်းနံပါတ်များအား ဆက်သွယ် အကြောင်းကြားနိုင်သည်-

(၁)    ဦးလှမျိုး၊ ဌာနမှူး (၀၉-၄၄၁၀၆၀၈၅) (၂)   ဦးစိုးတင့်အောင်၊ ဌာနခွဲမှူး(နယ်မြေ-၁) ၀၉-၂၀၀၀၃၁၄
(၃)  ဦးသန်းထွဋ်၊ ဌာနခွဲမှူး(နယ်မြေ-၂) ၀၉-၄၃၁၆၀၆၈၃ (၄)   မြို့နယ်မှူး၊ အောင်မြေသာစံ ၀၉-၉၁၀၃၇၈၈၅
(၅)  မြို့နယ်မှူး၊ ချမ်းအေးသာစံ   ၀၉-၉၇၇၂၈၅၂၈၁ (၆)    မြို့နယ်မှူး၊ မဟာအောင်မြေ  ၀၉-၉၁၀၃၇၈၈၉
(၇)  မြို့နယ်မှူး၊ ချမ်းမြသာစည်    ၀၉-၂၀၁၆၈၃၉ (၈)    မြို့နယ်မှူး၊ ပြည်ကြီးတံခွန်     ၀၉-၇၉၇၃၅၂၄၄၉
(၉)   မြို့နယ်မှူး၊ အမရပူရ    ၀၉-၉၁၀၅၂၈၉၀

 

လုပ်ငန်းလိုင်စင်နှင့်ပတ်သက်၍ အောက်ပါလိပ်စာတည်ရှိရာ ရုံးနေရာများတွင် ဆက်သွယ် ဆောင်ရွက်နိုင်သည်-

(၁)   သန့်ရှင်းရေးဌာနရုံး (၁၉×၆၃)လမ်းထောင့်၊ နန်းရှေ့ဈေးအပေါ်ထပ်၊ ၀၂-၇၂၀၀၃ (၂) မြို့နယ်စည်ပင် သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ အောင်မြေသာစံမြို့နယ် ၂၂လမ်း(၈၇×၈၈)ကြား၊ ၀၂-၃၆၁၃၇
(၃)   မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ် ၂၉လမ်း(၇၃×၇၄)ကြား၊မန္တလေးနေ့စဉ်သတင်းစာတိုက်

၀၂-၃၆၁၃၈

(၄) မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ မဟာအောင်မြေမြို့နယ် (၃၅×၇၀)ထောင့်၊ ၀၂-၇၇၉၀၃
(၅)   မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတောင်ဘက်၊ ရေပေးရေးဂိုဒေါင်ဝင်းအတွင်း

၀၂-၃၆၁၅၁

(၆) မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်ကြီးတံခွန်မြို့နယ် ဒဒ-၁၊ ၆၅လမ်းနှင့်ဗန္ဓုလလမ်းထောင့်(ဆ)ရပ်ကွက် ၀၂-၈၀၆၀၃
(၇)   မြို့နယ်စည်ပင်သာယာ၊ အုပ်ချုပ်ရေးမှူးရုံး၊ အမရပူရမြို့နယ်

 

 

 

ဈေးချိုရပ်ကွက်၊ စစ်-မန်းလမ်း၊ ရုံးပေါင်းစုံဝင်းအတွင်း

၀၂-၅၉၉၆၅

 

 

ရုံးလိပ်စာ

၁၉လမ်း x ၆၃လမ်းထောင့်၊ နန်းရှေ့စျေးအပေါ်ထပ်၊ မန္တလေးမြို့။

ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၇၂၀၀၃

အီးမေးလ်လိပ်စာ

-

website လိပ်စာ

-

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းများပေါ်သို့ ဝင်ရောက်မောင်းနှင် ဖြတ်သန်းလျှက်ရှိသောသဲကားမော်တော်ယာဉ်များအား အသိပေးကြေငြာခြင်း

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းများပေါ်သို့ ဝင်ရောက်မောင်းနှင် ဖြတ်သန်းလျှက်ရှိသော သဲလုပ်ငန်းပို့ဆောင်နေသော သဲကားမော်တော်ယာဉ်များအားလုံး အောက်ပါ စည်းကမ်းချက် များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ကြေငြာအပ်ပါသည်။

၁။သဲကားမော်တော်ယဉ် မြို့တွင်းဝင်ရောက် ဖြတ်သန်းပို့ဆောင်ခွင့်လိုင်စင် (၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်) လျှောက်ထားရယူ ဆောင်ရွက်ရန်။

၂။သတ်မှတ်ခွင့်ပြုသည့် မြို့တွင်းလမ်းကြောင်းများမှသာ ဖြတ်သန်းပို့ဆောင်ရန် (၃၅ လမ်း၊ ၂၆ လမ်း တို့အား ဖြတ်သန်းမောင်နှင်ခြင်း ခွင့်မပြုပါ)။

၃။အောက်ဖော်ပြပါ ခုံးကျော်တံတားများမှ ဖြတ်သန်းမောင်းနှင်ခြင်း ခွင့်မပြုပါ

   က။၃၅ လမ်း၊ ရန်ကြီးအောင် ခုံးကျော်တံတား။

    ခ။၄၂ လမ်း၊ ခုံးကျော်တံတား။

    ဂ။ဦးပွားခုံးကျော်တံတား။

၄။သဲကားမော်တော်ယာဉ်များအားလုံး သဲဆိပ်ကမ်းလုပ်ငန်းနေရာမှ ထွက်ခွာပို့ဆောင်ခြင်းမပြုမီ ရေစစ်ခြင်းကို ပြီးစီးအောင် စောင့်ဆိုင်းရေစစ်ပြီးမှ ထွက်ခွာရန်။

၅။သဲကားမော်တော်ယာဉ်များအားလုံး မော်တော်ယာဉ်ပေါ်မှ သဲများကျဆင်းမှု မဖြစ်ပေါ်စေရေးအတွက် အဖုံးအကာ၊ မိုးကာအကောင်းများကို လုံခြုံစွာ ပြုပြင်ကာရံ၍ ပို့ဆောင်ကြရန်၊ ယာဉ်အောက်ကြမ်းခင်း၊ ဘေးကာ၊ နံရံဘောင်များကို လုံခြုံစွာ ပြုပြင်ကာရံ၍ ပို့ဆောင်ကြရန်။

၆။လိုက်နာဆောင်ရွက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်ထိ ကြားကာလ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ရန် အသိပေးကြေငြာခြင်း

၁။မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင် ခွင့်ပြုချက် ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းကို ဘဏ္ဍာနှစ်တစ်နှစ်ဖြစ်သည့် (ဧပြီလမှ မတ်လအထိ) ပေးဆောင်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ () ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပြောင်းလဲပြင်ဆင်ခဲ့ပါသဖြင့် ယခု ၂၀၁၈ ခုနှစ် ဧပြီလ () ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့ထိကို ကြားကာလသတ်မှတ်၍ ()လအတွက် လုပ်ငန်းလိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂။ယခု ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလ) ()လအတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကို လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းရှင်များက ပုံမှန်ပေးဆောင်သည့် တစ်နှစ်အတွက် လိုင်စင်ခကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်းကို ပေးသွင်းစေပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၃။သို့ဖြစ်ပါ၍ ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလ) (၆)လအတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကို  အောက်ပါအတိုင်း ဆောင်ရွက်ပေးရန် သတ်မှတ်ပါကြောင်းနှင့် သတ်မှတ်ချိန်အမီ သက်တမ်းတိုးဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည် -

    က။၂၀၁၈ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း သက်တမ်းတိုးဆောင်ရွက်ပါရန်၊

     ခ။၂၀၁၈ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအတွင်း သက်တမ်းတိုးဆောင်ရွက်ပါက နောက်ကျ ဒဏ်ကြေးငွေကျပ် ၁၅၀၀၀/- ပေးဆောင်ရန်နှင့် စက်တင်ဘာလကုန်ပြီးမှ သက်တမ်းတိုးပါက နောက်ကျဒဏ်ကြေးငွေကျပ် ၃၀၀၀၀/- ပေးဆောင်ရန်၊

စီမံကိန်းယှဉ်ပြိုင်အဆိုပြုလွှာ '' Swiss Challenge '' ခေါ်ယူခြင်း

၁။မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်ဆိုင်၍ စီမံခန့်ခွဲခွင့်ရှိသောမြေဧရိယာ()ဧကခန့်တွင်ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှအစိုးရက ဖိတ်ခေါ်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက် တင်သွင်းသည့် စွန့်ပစ်ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်၊ ဖော့ဗူးများမှ ကော်စေ့ (ကုန်ကြမ်း)၊သတ္တုစွန့်ပစ်ပစ္စည်းမှကုန်ကြမ်းပြန်လည် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း (Recycle Product)အဖြစ် လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအဆိုပြုလွှာနှင့် (Business Plan )ရေးဆွဲတင်ပြခဲ့ပါသည်။

၂။ယင်းမြေဧရိယာ ()ဧကတွင် (Recycle Product) လုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး အတွက် မူလအဆိုပြုလွှာနှင့် ယှဉ်ပြိုင်ရွေးချယ်နိုင်ရန် စီမံကိန်း ယှဉ်ပြိုင်အဆိုပြုလွှာများအား အောက်ဖော်ပြပါအစီအစဉ်အတိုင်းခေါ်ယူမည်ဖြစ်ပါသည်-

     က။စီမံကိန်းအဆိုပြုလွှာ စတင်ရောင်းချမည့်ရက် - (၂၆..၂၀၁၉)ရက်၊ တနင်္လာနေ့

      ခ။စီမံကိန်းအဆိုပြုလွှာပိတ်မည့်ရက် - (.၁၀.၂၀၁၉)ရက်၊တနင်္လာနေ့

      ဂ။စီမံကိန်းအဆိုပြုလွှာ တင်သွင်းရမည့်နေရာ - သန့်ရှင်းရေးဌာန၊ ၁၉လမ်း(၆၃×၆၄)ကြား၊ နန်းရှေ့စျေးဒုတိယထပ်

    ဃ။စီမံကိန်းအဆိုပြုလွှာ - ၅၀၀၀၀/-

၃။အသေးစိတ်အချက်အလက်များအား ရုံးချိန်အတွင်း သန့်ရှင်းရေးဌာန (နန်းရှေ့ဈေး ဒုထိယထပ်) ဖုန်း- ၀၂-၄၀၇၂၀၀၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လုပ်ငန်းလိုင်စင် ပိတ်သိမ်းခွင့်ပြုပါရန် လျှောက်ထားရာတွင် လိုအပ်သောအချက်များ

လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းအတွက် လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ပါသည်-

၁။လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ။

၂။အိမ်ထောင်စုဇယားမိတ္တူ။

၃။နောက်ဆုံးခွင့်ပြုထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင် (သို့) ငွေပေးသွင်းချလံ (သို့) ကြွေးကျန်ကင်းရှင်းကြောင်း ဌာန၏ ထောက်ခံချက်။

၄။သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်။

လုပ်ငန်းလိုင်စင် ပိုင်ရှင်အမည်ပြောင်း၊ လုပ်ငန်းနေရာ လိပ်စာပြောင်း၊ လုပ်ငန်း အမည်ပြောင်း၊ လိုင်စင် သက်တမ်းတိုးခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၁။လုပ်ငန်းပိုင်ရှင် အမည်ပြောင်း

    က။မူလပိုင်ရှင်၏ ကန့်ကွက်ရန် မရှိကြောင်းထွက်ဆိုချက်၊ လက်မှတ်ထိုး၊ လက်ဗွေနှိပ် ပါရှိရပါမည်။ 

     ခ။မူလပိုင်ရှင် သေဆုံးပါက သေစာရင်းမိတ္တူ တင်ပြရပါမည်။

     ဂ။ရောင်းချခြင်းဖြစ်ပါက အရောင်းအဝယ်စာချုပ် တင်ပြရပါမည်။

     ဃ။ပေးကမ်းခြင်း (သို့မဟုတ်) သေဆုံး၍ အမွေဆက်ခံ အမည်ပြောင်းခြင်း ဖြစ်ပါက အခြား သား၊ သမီးများ၊ ဇနီး၊ ခင်ပွန်း၊ ညီအကိုမောင်နှမများ၏ သဘောတူညီကြောင်း    အထောက်အထား လက်မှတ်ထိုး ပါရှိရပါမည်။

     င။ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ယခုလုပ်ငန်း လုပ်ကိုင်သူ ပိုင်ရှင်အမည်ပြောင်းခြင်း မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိရပါမည်။

     စ။အမည်ပြောင်း လုပ်ကိုင်မည့်သူ၏ အမည်ပြောင်းခွင့်ပြုရန် တင်ပြလွှာ ။

၂။လုပ်ငန်းနေရပ်လိပ်စာပြောင်း

     က။ယခုပြောင်းရွှေ့သော လိပ်စာ၏ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်

     ခ။ဘေးပတ်ဝန်းကျင်အိမ်များ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် ပါရှိရပါမည်၊

     ဂ။လုပ်ငန်းနေရပ်လိပ်စာ  ပြောင်းခွင့်ပြုရန် တင်ပြလွှာ။

၃။လုပ်ငန်း အမည်ပြောင်း 

     က။လုပ်ငန်း အမည်ပြောင်းခြင်း မှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက် ပါရှိရပါမည်။

     ခ။လုပ်ငန်း အမည်ပြောင်းခွင့် လုပ်ရန် တင်ပြလွှာ ။

၄။လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း

     က။အိမ်ထောင်စုဇယား မိတ္တူ

     ခ။မှတ်ပုံတင်မိတ္တူ

     ဂ။ဓါတ်ပုံ(၃)ပုံနှင့် လိုင်စင်နှုန်းထားငွေ ပေးသွင်းရပါမည်။ (ငွေပေးသွင်းပြီး ရက်သတ္တတစ်ပတ်အတွင်း လုပ်ငန်းလိုင်စင် ထုတ်ပေးပါမည်။

တည်းခိုခန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်သောအချက်များ

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ တည်းခိုခန်းလိုင်စင် လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ပါသည်-

၁။သက်ဆိုင်ရာ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်။

၂။သက်ဆိုင်ရာရပ်ကွက်မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်။

၃။မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၏ အခန်းဖွဲ့စည်းပုံ (Drawing) (၂) စောင်။

၄။ပိုင်ဆိုင်ကြောင်း ထောက်ခံချက်အတွက် အဆောက်အဦအမည်ပေါက်၊ အိမ်ခွန် နို့တစ်စာ (၁)စောင်။

၅။လျှောက်ထားသူ၏ ကတိ၀န်ခံချက်(၁)စောင်။

၆။သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက်။

အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များ

အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် အောက်ပါ အချက်အလက်များ ပူးတွဲပါရှိရမည်-

၁။အိမ်၊ ခြံ၊ မြေ အဆောက်အဦပိုင်ရှင်မှ ပိုင်ဆိုင်ကြောင်း အထောက်အထား စာချုပ်စာတမ်း (သို့မဟုတ်) ဂရန်အမည်ပေါက်စာချုပ် (သို့မဟုတ်) ဘိုးဘွားပိုင် အမည်ပေါက်မြေပုံ၊ မြေရာဇဝင်(၁၀၅)၊ (၁၀၆) မိတ္တူ (မူရင်း တင်ပြအစစ်ဆေးခံရမည်)။

၂။အိမ်၊ ခြံ၊ မြေ အဆောက်အဦပိုင်ရှင်နှင့် ငှားရမ်းသူတို့ ချုပ်ဆိုထားသည့် မြေကွက်လပ် (သို့မဟုတ်) အဆောက်အအုံ ငှားရမ်းခြင်း သဘောတူ စာချုပ် မိတ္တူ (မူရင်းတင်ပြ အစစ်ဆေးခံရမည်)။

၃။ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်။

၄။လျှောက်ထားသူ အိမ်ရှင်၏ မှတ်ပုံတင် မိတ္တူ။

၅။လျှောက်ထားသူ၏ အိမ်ထောင်စုဇယား မိတ္တူ။

၆။ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံ။