Call Us! 1-800-555-5555

ရေ နှင့် သန့်ရှင်းမှု့ဌာန

  • မိလ္လာကားငှား၍ စုပ်ထုတ်ရန် လျှောက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်
  • လိုင်စင်ရ တွင်းတူးဆရာ (အငယ်တန်း/ အကြီးတန်း) လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
  • ကျုံးရေ သွယ်ယူတပ်ဆင်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
  • မိလ္လာကန်ဆောက်မိန့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
  • အဝီစိတွင်းတူးဖော်ခွင့် ယာယီလိုင်စင် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

ရေပိုက်လိုင်းပြောင်းခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

ရေပိုက်လိုင်းပြောင်းခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ ရေပိုက်လိုင်းပြောင်းခွင့် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေး ကြေညာအပ်ပါသည

၁။ပိုက်လိုင်းပြောင်းလျှောက်လွှာဝယ်ယူခြင်း

၂။လျှောက်ထားသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူ(၁)စောင်

၃။မြေကွက်ပိုင်ဆိုင်မှု အထောက်အထား

၄။မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အခွန်စည်းကြပ်ထားသော အိမ်ခွန်ပြေစာ

၅။လျှောက်ထားသူ၏ အိမ်ထောင်စုဇယား မိတ္တူ(ပုံစံ-၁၀)

၆။ရေခွန် ပေးဆောင်ထားသည့် ပြေစာမူရင်း

မိလ္လာကန်ဆောက်မိန့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၁။မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသည် အဆောက်အဦမပါ မိလ္လာကန်ဆောက်မိန့် သီးသန့်လျှောက်ထားလိုပါက အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

၂။မြေကွက်ပိုင်ဆိုင်မှု အထောက်အထာ (မိတ္တူ)

၃။လျှောက်ထားသူ၏ အိမ်ထောင်စုဇယား (မိတ္တူ)

၄။လျှောက်ထားသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြား (မိတ္တူ)

၅။ရေလောင်းအိမ်သာနှင့် မိလ္လာကန် ပုံစံများ (၁လက်မ =  ၄ပေ စကေး (သို့)  စကေးဖြင့် ဖော်ပြရန်)

၆။အဆောက်အအုံနှင့် မိလ္လာကန် တည်နေရာပြ ပုံစံ (စကေးဖြင့် ဖော်ပြရန်)

၇။ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံချက်

၈။လျှောက်လွှာခ-၁၀၀ကျပ်၊ ကွင်းဆင်းစစ်ဆေးခ-၅၀၀၀ကျပ်

မိလ္လာကားငှား၍ စုပ်ထုတ်ရန် လျှောက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ မိလ္လာကားငှား၍ စုပ်ထုတ်ရန် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေး ကြေညာအပ်ပါသည်

၁။မိလ္လာကားငှားခ ကော်မတီမှ နှစ်စဉ် သတ်မှတ်နှုန်းထားအတိုင်း ရုံးသို့ လာရောက်ပေးသွင်းရန်

၂။နေရပ်လိပ်စာ အပြည့်အစုံဖော်ပြရန်

၃။မိလ္လာကန် အနှစ်ကန်တွင် အပေါက် ပါရှိရမည် ဖြစ်၍ မိလ္လာကား ဝင်ထွက်နိုင်ရမည် ဖြစ်ပြီး မိလ္လာကားနှင့် မိလ္လာကန် အကွာအဝေး (၁၀ဝ ပေ) အတွင်း ဖြစ်ရန်

 ၄။မိလ္လာကား တစ်ခေါက်လျှင် ဂါလံ (၁၀ဝ၀)နှုန်း သတ်မှတ်ရန်

 ၅။မန္တလေး ()မြို့နယ် (​အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်) အတွင်း လုပ်ငန်းခ ကျသင့်ငွေ - ၂၉၀၀၀ ကျပ်

 ၆။အမရပူရမြို့နယ် - ၃၈၀၀၀ ကျပ်၊ ပုသိမ်ကြီးမြို့နယ် - ၃၈၀၀၀ ကျပ်အထက်။

၇။လျှောက်လွှာခ - ၁၀၀ ကျပ်၊ ကွင်းဆင်းစစ်ဆေးခ - ၅၀၀၀ ကျပ်။

ကျုံးရေ သွယ်ယူတပ်ဆင်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၁။မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ ကျုံးရေသွယ်ယူတပ်ဆင်ခွင့် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေးကြေညာအပ်ပါသည်

၂။ကျုံးရေလျှောက်လွှာ ဝယ်ယူခြင်း

၃။လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယား မိတ္တူ(၁)စောင်

၄။မြေကွက်ပိုင်ဆိုင်မှု အထောက်အထားအပြည့်အစုံ

၅။မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အခွန်စည်းကြပ်ထားသော အိမ်ခွန်ပြေစာ

၆။ရေမီတာ ရှိ/မရှိ၊  ရေမီတာရှိပါက ရေခွန်ပေး​ဆာင်ထားသည့် ပြေစာမိတ္တူ

 

 

လိုင်စင်ရ တွင်းတူးဆရာ (အငယ်တန်း/ အကြီးတန်း) လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၁။မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ သတ်မှတ်ထားသော ပုံစံအား ၁'' '' အရွယ် ဓါတ်ပုံ ()ပုံနှင့်အတူ လျှောက်ထားရမည်။

၂။လျှောက်ထားရာတွင် သတ်မှတ်သောပုံစံဖြင့် အဝီစိတွင်းတူးခြင်း လုပ်ငန်းတွင် အသုံးပြုမည့် နည်းစနစ်၊ စက်အမျိုးအစား၊ အရေအတွက်၊ အဖွဲ့၏ ဖွဲ့စည်းပုံနှင့် အင်အား စသည်တို့ကို ဖော်ပြ၍ အဝီစိတွင်းပိုက်၏ အရွယ်အစား အချင်း ()လက်မထိနှင့်အောက် တူးဖော်မည့်အဖွဲ့သည် တွင်းတူးဆရာ (အငယ်တန်း) လိုင်စင်ကို လည်းကောင်း၊ အဝီစိတွင်းပိုက် အရွယ်အစား ()လက်မ အထက် တူးဖော်မည့် အဖွဲ့သည် တွင်းတူးဆရာ (အကြီးတန်း) လိုင်စင်ကို လည်းကောင်း လျှောက်ထားရမည်။

၃။လျှောက်လွှာတစ်စောင် (၁၅၀ ကျပ်)

၄။တွင်းတူးဆရာ (အကြီးတန်း) လိုင်စင်ကြေး - ၈၀၀၀ ကျပ်၊
တွင်းတူးဆရာ (အငယ်တန်း) လိုင်စင်ကြေး - ၅၀၀၀ ကျပ်
၃နှစ်တစ်ခါ သက်တမ်းတိုးရမည်။

၅။တွင်းတူးဆရာ (အကြီးတန်း) လိုင်စင်လျှောက်ထားလိုသူများသည် တွင်းတူးသည့် အတွေ့အကြုံ အနည်းဆုံး ၃နှစ် ရှိရမည် ဖြစ်ပြီး လိုအပ်ပါက လူတွေ့စစ်ဆေးခြင်းကို ခံယူရမည် ဖြစ်သည်။

၆။ကော်မတီကဖြစ်စေ၊ ရေနှင့် သန့်ရှင်းမှုဌာန ကဖြစ်စေ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းချက်များ၊ အမိန့်ညွှန်ကြားချက်များကို လိုက်နာရမည်။

၇။အဝီစိတွင်းများကို ခွင့်ပြုချက်မရှိဘဲ တူးဖော်ခြင်းနှင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ တူးဖော်မှု မရှိပါက တွင်းတူးဆရာအား ဒဏ်ငွေ (၃၀၀၀ ကျပ်)အထိ တင်ရိုက်ခြင်း ခံရသည်။ တွင်းတူးဆရာလိုင်စင် သိမ်းဆည်းနိုင်သည်။ ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်သည်။

၈။လိုင်စင်မရှိဘဲ အဝီစိတွင်းများ တူးဖော်ခြင်းအတွက် ဒဏ်ငွေ (၅၀၀၀၀ ကျပ်)အထိနှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်သည်။

၉။တွင်းတူးဆရာလိုင်စင်ကြေး ပေးသွင်းရန် နောက်ကျခြင်းအတွက် ဒဏ်ငွေမှာ သတ်မှတ်လိုင်စင်ကြေး၏ နှစ်ဆ ပေးသွင်းရန်နှင့် ပေးသွင်းမှု မရှိပါက တွင်းတူးဆရာလိုင်စင် သိမ်းဆည်းနိုင်သည်။

၁၀။ကော်မတီပိုင် နယ်နိမိတ်အတွင်း နေထိုင်သူ ပုဂ္ဂလိကတစ်ဦးမှ အဝီစိတွင်း တူးဖော်လို၍ ယာယီလိုင်စင်လျှောက်ထားလာပါက အဆိုပါ လျှောက်လွှာပေါ်တွင် သက်ဆိုင်ရာ အဝီစိတွင်း တူးဖော်မည့် လိုင်စင်ရ တွင်းတူးဆရာတစ်ဦးဦးအနေဖြင့် သတ်မှတ်ထားသော မြေစာနမူနာများကို မှန်ကန်စွာ ဖော်ပြပါမည်ဟု ကတိ၀န်ခံချက် ရေးဆွဲပေးရမည်။

၁၁။ကော်မတီပိုင် နယ်နမိတ်အတွင်း နေထိုင်သူ တစ်ဦးဦးမှ ယာယီအဝီစိတွင်း တူးဖော်ခွင့် လိုင်စင်နှင့် အညီ တူးဖော်ပြီး၍ အမြဲတမ်းလိုင်စင် လျှောက်ထားပါက အဆိုပါ လျှောက်လွှာတွင် သက်ဆိုင်ရာ အဝီစိတွင်း တူးဖော်ခဲ့သော လိုင်စင်ရတွင်းတူးဆရာ တစ်ဦးဦးအနေဖြင့် အဝီစိတွင်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်စွာ တင်ပြထားခြင်း ဖြစ်ပါကြောင်း ၀န်ခံကတိပြုချက် ရေးထိုးပေးရမည်။

 

အဝီစိတွင်းတူးဖော်ခွင့် ယာယီလိုင်စင် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနသို့ အဝီစိတွင်းတူးဖော်ခွင့် ယာယီလိုင်စင် လျှောက်ထားလိုလျှင် အောက်ဖော်ပြပါ အချက်အလက်များ လိုအပ်ကြောင်း အသိပေး ကြေညာအပ်ပါသည်

၁။လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ () စောင်

၂။မြေကွက်ပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံ

၃။အဝီစိတွင်း တူးဖော်မည့်နေရာ အပါအဝင် လက်ရှိ အဆောက်အအုံ၊ မိလ္လာကန် စသည်တို့ ပါဝင်သည့် တည်နေရာ ပြပုံ

၄။လျှောက်ထားသူ၏ အိမ်ထောင်စုဇယား မိတ္တူ(ပုံစံ-၁၀)

၅။ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်

၆။လျှောက်လွှာခ - ၁၀၀ ကျပ်၊  ကွင်းဆင်းစစ်ဆေးခ - ၅၀၀၀ ကျပ်