စစ်ဆေးရေးဌာန
၁။၁၉၈၈ခုနှစ် နောက်ပိုင်းတွင် စီမံရေးရာဌာနတွင် စစ်ဆေးရေးဌာနခွဲကို ဝန်ထမ်း (ရ)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၁၉၉၈ခုနှစ်ဇန်နဝါရီ(၁)ရက်နေ့မှစတင်ပြီးအထူးအရာရှိကြီးကြပ်သောစစ်ဆေးရေးနှင့်ညှိနှိုင်းဆောင်ရွက်ရေးဌာနခွဲကိုယာယီဖွဲ့စည်းပြီးငွေစာရင်းများ၊အင်ဂျင်နီယာလုပ်ငန်းများ၏ ခန့်မှန်းခြေစာရင်းများ နှင့်လုပ်ငန်းဆောင်ရွက်မှု စံချိန်စံညွှန်းများကိုစစ်ဆေးခဲ့သည်။ ၂၀၀၀ပြည့်နှစ် မေလ(၁)ရက်နေ့မှစ၍စစ်ဆေးရေးဌာနကိုတိုးချဲ့ဖွဲ့စည်းခဲ့ပြီးကော်မတီ၏ဥက္ကဌ ကြီးကြပ်မှုအောက်တွင် တိုက်ရိုက်ထားရှိပြီးငွေစာရင်းများနှင့်အင်ဂျင်နီယာလုပ်ငန်းများကိုစစ်ဆေးခဲ့ပါသည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့မှစ၍ စစ်ဆေးရေးဌာနကို ဒုတိယမြို့တော်ဝန်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဌာနအသီးသီး၏စာရင်းနှင့်လုပ်ငန်းများကို စစ်ဆေးခဲ့ပါသည်။
၂။စစ်ဆေးရေးဌာနသည် အင်ဂျင်နီယာစစ်ဆေးဌာနခွဲ အထွေထွေစာရင်းစစ်ဆေးရေးဌာနခွဲဟူ၍ ဌာနခွဲ(၂)ခုနှင့် ရုံးအဖွဲ့ဌာနစု(၁)စုတို့အား ဌာနမှူးမှတိုက်ရိုက်ကြီးကြပ်၍ ဒု-မြို့တော်ဝန်၏ လမ်းညွှန်မှုဖြင့် ကော်မတီ၏ လုပ်ငန်းများကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(က)ဌာနများ၊ ဌာနခွဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံများမှ လုပ်ငန်းများကိုင်တွယ်ရာတွင် တည်ဆဲ စည်ပင်သာယာရေးဥပဒေ၊စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းရှိ/ မရှိ စစ်ဆေးခြင်း။
(ခ)ငွေကြေးမသမာမှုများ၊ အလွဲသုံးစားမှုများရှိ/ မရှိ၊ ဝင်ငွေများ စနစ်တကျအပ်နှံမှုရှိ/ မရှိ စစ်ဆေးခြင်း။
(ဂ)လုပ်ငန်းခွင်တွင် ဝန်ထမ်းများ စနစ်တကျလုပ်ကိုင်ဆောင်ရွက်မှု၊ တာဝန်ထမ်းဆောင်ရာတွင် ဖြောင့်မတ်ကျေပွန်မှုရှိ/ မရှိ စစ်ဆေးခြင်း။
(ဃ)လုပ်ငန်းခွင်တွင် ပစ္စည်း စက်၊ ယာဉ်၊ လူအင်အားများ စီစဉ်ရောချထား အသုံးပြုမှု မှန်ကန်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
(င)ဌာနဆိုင်ရာ ဖွဲ့စည်းပုံနှင့်တာဝန်များအပေါ်မူတည်၍ တာဝန်ရှိသူများမှ စနစ်တကျ စီမံခန့်ခွဲမှု ရှိ/ မရှိ စစ်ဆေးခြင်း။
(စ)ပစ္စည်းရွေးချယ် အသုံးပြုရေး၊ သိုလှောင်ရေး၊ ထုတ်ယူသုံးစွဲရေးတို့တွင် စာရင်းဇယားများ စနစ်တကျ ထားရှိမှု ရှိ/ မရှိ စစ်ဆေးခြင်း။
(ဆ)ဌာနများမှဆောင်ရွက်လျက်ရှိသော စည်ပင်သာယာလုပ်ငန်းများသည် နိုင်ငံတော်မှထုတ်ပြန် ထားသော ဉပဒေများနှင့်ညီညွတ်မှု ရှိ/ မရှိစစ်ဆေးခြင်း။
(ဇ)ဌာနများ၊ ဌာနခွဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှ ကောက်ခံပေးသွင်းလျက်ရှိသော ဈေးဝင်ငွေများ၊ ယာဉ်ရပ်နားစခန်းများမှဝင်ငွေများ၊ အမှိုက်ခွန်ဝင်ငွေများ တိုးတက်ရရှိစေရေးအတွက် စံချိန်ယူ စစ်ဆေးခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်ခြင်း။
(ဈ)ဌာနအသီးသီးမှတင်ပြလာသော ဆောက်လုပ်ရေးနှင့်ပြုပြင်ထိန်းသိမ်းရေး ခန့်မှန်းကုန်ကျငွေ စာရင်းနှင့်လုပ်ငန်းချုပ်ကုန်ကျငွေစာရင်းများကို ကော်မတီက ခွင့်ပြုမိန့်ထုတ်ပေးနိုင်သည်အထိ တိကျမှန်ကန်မြန်ဆန်ရေးအတွက် တာဝန်ယူစိစစ်ခြင်း။
(ည)အင်ဂျင်နီယာလုပ်ငန်းများအား တင်ပြချက်နှင့်လုပ်ဆောင် ချက်များ ညီညွတ်မှု ရှိ/ မရှိ လုပ်ငန်းခွင်သို့ အချိန်နှင့်တစ်ပြေးညီကွင်းဆင်း
(ဋ)အင်ဂျင်နီယာလုပ်ငန်းများ၏ စံချိန်စံညွှန်း အတိုင်းအတာအရွယ်အစားများ တိကျမှန်ကန်စေရေး အတွက် စစ်ဆေးတင်ပြနိုင်ရန် စီမံဆောက်ရွက်ခြင်း။
(ဌ)ပစ္စည်း အလေအလွင့်၊ အပျက်အစီးနှင့်လုပ်အားများ လေလွင့်ဆုံးရုံးမှုမရှိစေရေးအတွက် စစ်ဆေး နိုင်ရန် စီမံဆောင်ရွက်ခြင်း။
(ဍ)အင်ဂျင်နီယာဌာနများ၏ သိုလှောင်ရုံများတွင် ထိန်းသိမ်းထားရှိသော ပစ္စည်းများ၊ စက်ပစ္စည်းများ ကို စစ်ဆေးခြင်း။
(ဎ)လုပ်ငန်းသုံး သိုလှောင်ရုံထုတ်ပစ္စည်းများ သုံးစွဲခြင်း၊ ကော်မတီပိုင်ယာဉ်များပြင်ဆင်မှု၊ ထိန်းသိမ်းမှုနှင့်စက်သုံးဆီသုံးစွဲမှုများကို စစ်ဆေးခြင်း။
(ဏ)ကော်မတီမှစစ်ဆေးရန်ချမှတ်သော တိုင်ကြားစာများအား ကွင်းဆင်းစစ်ဆေးခြင်း။
(တ)ကော်မတီမှအခါအားလျော်စွာ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ၊ စစ်ဆေးရေးဌာနသည် ဉက္ကဌ(မြို့တော်ဝန်)၏ လမ်းညွှန်မှု၊ ဒု-မြို့တော်ဝန်နှင့်ကော်မတီဝင်တို့၏ ကြီးကြပ်မှုကိုခံယူ၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများအောင်မြင်မှုရရှိစေရေးအတွက် ဌာနများ၏ ရငွေ၊ သုံးငွေ စစ်ဆေးခြင်းလုပ်ငန်းများကို အောင်မြင်အောင် အောက်ဖော်ပြပါ ဌာနခွဲ(၂)ခုဖြင့် စစ်ဆေးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-
(က)အင်ဂျင်နီယာစစ်ဆေးရေးဌာနခွဲ
(ခ)အထွေထွေစာရင်းစစ်ဆေးရေးဌာနခွဲ
အင်ဂျင်နီယာစစ်ဆေးရေးဌာနခွဲ
အင်ဂျင်နီယာလုပ်ငန်းများနှင့်သက်ဆိုင်သည့်မြို့ပြတည်ဆောက် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများအမှန်တကယ် ဆောင်ရွက်မှု အခြေအနေကို လုပ်ငန်းခွင်ဆိုက် များသို့ ဌာနမှူးဦးဆောင်၍ မြို့နယ်အလိုက်တာဝန်ခံအရာရှိများဖြင့် ဒု-ဌာနမှူး၊ ဌာနခွဲမှူး (အင်/ယာ)တို့ ပါဝင်သောအဖွဲ့များဖြင့်သွားရောက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေအလွင့်မရှိစေရေး အတွက် အမှန်တကယ်ကုန်ကျငွေစာရင်းများကို စိစစ်ထောက်ခံခဲ့ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ကော်မတီရန်ပုံငွေများနှင့်ပစ္စည်းများ လျော့နည်း၊ လေလွင့်ဆုံးရှုံးမှုမရှိအောင် စိစစ်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
အထွေထွေစစ်ဆေးရေးဌာနခွဲ
ဌာန(၁၄)ခု၏ ရငွေ/သုံးငွေများကို နေ့စဉ်(Pre-Audit) စစ်ဆေးခြင်း နှင့်အင်/ယာဌာနခွဲမှ စစ်ဆေးပြီးသော လုပ်ငန်းချုပ် စာရင်းများကိုတည်ဆဲငွေစာရင်း လုပ်ထုံးလုပ်နည်း များနှင့်အညီ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသဖြင့် စာရင်းဇယားများ စနစ်တကျရှိစေခြင်း၊ ငွေစာရင်းများ မှန်ကန်မှုရှိစေခြင်း၊ စာရင်းဇယားနှင့်လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းချက် ချို့ယွင်းချက် များရှိပါက အချိန်မီ နည်းပါးအောင်ပြုပြင် စစ်ဆေးဆောင်ရွက်နိုင်ခဲ့သဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဌာနအသီးသီး၏ လုပ်ငန်း များအား အောင်မြင်မှု ရှိစေရေး ကော်မတီပိုင် ငွေကြေးပစ္စည်းများ သုံးစွဲရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ
နှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကော်မတီ၏ တည်ဆဲဉပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးခြင်းတို့ကို ဌာနခွဲမှူး(စာရင်းစစ်) ကြီးကြပ်သည့် စာရင်းစစ် အဖွဲ့(၄)ဖွဲ့ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ကော်မတီ၏ တာဝန်ပေးချက်အရ သီးခြားစစ်ဆေးဆောင်ရွက်ရသည့် လုပ်ငန်းများမှာ-
၁။ မင်းသားကြီးဟိုတယ်၏ ဝင်ငွေနှင့်အသုံးစရိတ် စာရင်းများကို စစ်ဆေးခြင်း။
၂။ ဟိုတယ်မန္တလေး၏ ဝင်ငွေနှင့်အသုံးစရိတ် စာရင်းများကို စစ်ဆေးခြင်း။
၃။ စက်ရုံနှင့်မော်တော်ယာဉ်ဌာန၊ ရေနှင့်သန့်ရှင်းမှုဌာန၊ အဆောက်အအုံနှင့်ကုန်ရုံဌာန၊ လမ်းတံတားဌာနနှင့်ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနများရှိ သိုလှောင်ရုံများ၏ မြေပြင်လက်ကျန် စာရင်းများအား စစ်ဆေးခြင်း။
၄။ အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း။