မန္တလေးငလျင်ကြီး ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေသန့် ရရှိစေရန် Authentic group of company မှ ရေသန့်စင်စက်များ ရွေ့လျားစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိ



မန္တလေး၊ ဧပြီ ၈
မန္တလေးမြိုရှိ မန္တလေးငလျင်ကြီးငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေရရှိစေရန်အတွက် Authentic Group of Company မှ ရေဂါလံ သုံးထောင် သန့်စင်ပေးနိုင်သော စက်နှစ်ခုဖြင့် မြိုတွင်း ရွေ့လျားစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ရေဂါလံ သုံးထောင်သန့်စင်နိုင်သော ရေသန့်စင်စက်များကို ယနေ့တွင် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဥ်ဌာနရှိဝန်ထမ်းများ ယာယီဝန်ထမ်းအိမ်ရာအနီးတွင် စက်တစ်ခု၊ အောင်တံခွန်စျေးအနီး ယာယီဝန်ထမ်းအိမ်ရာအနီးတွင် တစ်ခုထားရှိကာ ရေသန့်များ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။နောက်ရက်များတွင် ရေလိုအပ်ချက်ရှိသော နေရာများသို လိုက်လံဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း၊ ရေသန့်လိုအပ်ချက်ရှိသော နေရာများ အနေဖြင့် မန္တလေးမြိုတော်စည်ပင်သာယာရေး ကော်မတီရုံးတွင် ဖွင့်လှစ်ထားသော ကွပ်ကဲရေးရုံးတွင် လာရောက်သတင်းပိုနိုင်ကြောင်းသိရသည်။(မန္တလေးနေ့စဉ်)