စက်ရုံနှင့်မော်တော်ယာဉ်ဌာန
နိဒါန်း
စက်ရုံနှင့်မော်တော်ယာဉ်ဌာနသည် ၁၉၉၄ ခုနှစ်မတိုင်မီ မန္တလေးမြို့တော်စည်ပင်သာယာရေး အဖွဲ့၏ မူလဌာနကြီး(၅)ခုအနက် စီမံရေးရာဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ဌာနခွဲတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၁၉၉၄ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်း သော (၁၁)ဌာနဖွဲ့စည်းပုံအရ သီးခြားဌာန(၁)ခုအဖြစ် ရပ်တည်၍ ကော်မတီ၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ မြို့တော်စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ အခွန်အခ ကောက်ခံရေးလုပ်ငန်းများတွင် လိုအပ်သော ယာဉ်၊စက်၊ယန္တရားများကို ပံ့ပိုးကူညီဖြည့်တင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
စက်ရုံနှင့်မော်တော်ယာဉ်ဌာနသည် ယခင်(၅)ဌာနဖွဲ့စည်းပုံတွင် စီမံရေးဌာန၏ စီမံခန့်ခွဲမှုဖြင့် ဆောင် ရွက်စဉ်အချိန်၌ ၇၈လမ်း၊ ၃၇×၃၈လမ်းကြား မြေနေရာ (ယခု Hotel Mandalay)၌ တည်ရှိ ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် စက်ရုံနှင့်မော်တော်ယာဉ်ဌာနအား လမ်း၆၀နှင့်၆၂လမ်းကြား၊ (၁၀၆)လမ်း စံပယ်လမ်းနှင့် (၁၀၇)လမ်း၊ ငုရွှေဝါလမ်းကြားရှိ (၄.၇၆)ဧက ကျယ် ဝန်းသည့် ယခင်ရေပေးရေးဌာနပိုင် မြေနေရာတွင် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် စက်ရုံနှင့်မော်တော်ယာဉ်ဌာန၏ အရှေ့ဘက် (၉.၄၁)ဧကခန့် ကျယ်ဝန်းသည့်မြေနေရာ၌ ကားဂိုဒေါင်များနှင့်ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ထားပါသည်။
ဖွဲ့စည်းပုံ
စက်ရုံနှင့်မော်တော်ယာဉ်ဌာနသည် ကော်မတီရှိ ဌာနအသီးသီးက လိုအပ်သော ယာဉ်၊စက်၊ ယန္တရားများကို အချိန်မီဖြည့်တင်းဆောင်ရွက်ခြင်းကို ဌာနခွဲ(၂)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်−
(က)ထိန်းသိမ်းရေးဌာနခွဲ
(ခ)ပြုပြင်ရေးနှင့်သယ်ယူပို့ဆောင်ရေးဌာနခွဲ
- ကော်မတီ၏ခွင့်ပြုချက်ဖြင့် ဌာနအသီးသီးမှ လုပ်ငန်းလိုအပ်ချက်အရ တောင်းခံလာသော ယာဉ်၊ စက်၊ ယန္တရားများကို စနစ်တကျခွဲဝေ စေလွှတ်ခြင်း၊ ထိန်းသိမ်းကြီးကြပ်ခြင်း။
- ကော်မတီပိုင် ယာဉ်၊စက်၊ယန္တရားများကို ပြင်ဆင်ထိန်းသိမ်းခြင်း။
- ဌာနအသီးသီးမှ လုပ်ငန် းလိုအပ်ချက်အရ တင်ပြ တောင်းဆိုချက်ပေါ် မူတည်၍ ကော်မတီ ခွင့်ပြုချက်ဖြင့် အသုံးပြုရန် လိုအပ်သော ယာဉ်၊ စက်၊ ယန္တရားများကိုဘဏ္ဍာနှစ် အလိုက် ဖြည့်တင်း ဝယ်ယူခြင်း။
- ဖြည့်တင်းဝယ်ယူသော ယာဉ်၊စက်၊ယန္တရားများကိုဖြစ်စေ အဖွဲ့အစည်းများထံမှ လှူဒါန်းခြင်း (သို့မဟုတ်) လွှဲပြောင်းလက်ခံရရှိသော ယာဉ်၊ စက်၊ ယန္တရားများကိုဖြစ်စေ ကော်မတီအမည်ပေါက် ရရှိရေးနှင့် ဌာနပိုင်ပစ္စည်းစာရင်းသွင်းနိုင်ရန် လုပ်ထုံး၊ လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း။
- ယာဉ်၊စက်၊ယန္တရားများအတွက် ဆက်စပ်အပိုပစ္စည်းများ တာယာ၊ ဘက်ထရီများနှင့် လက်သုံး ကိရိယာများကို စည်းမျဉ်း၊စည်းကမ်းနှင့်အညီဝယ်ယူခြင်း။
- ဆက်လက်သုံးစွဲရန် မသင့်လျော်တော့သည့် ယာဉ်၊ စက်၊ ယန္တရားများနှင့်အပိုပစ္စည်းများ တာယာ၊ ဘက်ထရီအဟောင်းများအား လေလံတင်ရောင်းချခြင်း (သို့မဟုတ်) သံရည်ကျိုအပ်နှံခွင့်ရရှိရေးတို့အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်း။
- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတွင် အသုံးပြုရန်လိုအပ်မည့် စက်သုံးဆီများအား ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တင်ပြတောင်းခံခြင်း၊ ဝယ်ယူခြင်း၊ သိုလှောင် ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်းကိစ္စများဆောင်ရွက်ခြင်း။
- တည်ဆဲဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာကိစ္စရပ်များ ရှေ့လာမည့်ဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းခြေငွေစာရင်း အရ/အသုံးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း။
- ဝန်ထမ်းရေးရာကိစ္စရပ်များဆောင်ရွက်ခြင်း။
- ရုံးလုံခြုံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။
- ကော်မတီမှ အခါအားလျော်စွာပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။