အခွန်ဌာန
နိဒါန်း
အခွန်ဌာနသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနကြီး(၁၄)ခုအနက် (၁)ဌာနအပါအဝင်ဖြစ်ပြီး မြို့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်နိုင်ရန်အတွက် အခွန်အခ၊ အကောက်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည့်ဝစွာကောက်ခံရရှိရေး၊ မြို့တော်ဧရိယာအတွင်း စည်းကမ်းစနစ်တကျရှိစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး၊ ကျူးရှင်းလင်းရေးစသည့်လုပ်ငန်းများအပြင် အခါအားလျော်စွာ ကော်မတီမှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်လျက်ရှိပါသည်။
ဖွဲ့စည်းပုံ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်စည်ပင်သာယာရေးနှင့်ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ အခွန်ဌာနခွဲမှ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီနယ်နိမိတ်(၆)မြို့နယ်အတွင်း လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းများအပေါ် ကျူးကျော်လုပ်ငန်း လုပ်ကိုင်မှုမရှိစေရေးဆောင်ရွက်ခြင်း၊ ယာဉ်ရပ်နားစခန်းအုပ်ချုပ်ရေးမှူးများ ဉီးစီး၍ စည်ပင်သာယာဝန်ထမ်းများ၊ စည်ပင်သာယာရဲတပ်ဖွဲ့တို့မှ အဖွဲ့(၄)ဖွဲ့၊ ၎င်းအပြင် ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်များ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ ပါဝင်သော Mobile Team(၂)ဖွဲ့ စုစုပေါင်းအဖွဲ့(၆)ဖွဲ့ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းခြင်း၊ အုတ်၊ ထုံး၊ သဲ၊ ကျောက်ယာဉ်များ၊ ဆီဘောက်ဆာယာဉ်များ၊ ခွင့်ပြုချက်မရှိဘဲ (၃)တန်နှင့်အထက် ယာဉ်မဝင်ရဧရိယာအတွင်း ဝင်ရောက်သောယာဉ်များအား စစ်ဆေး အရေးယူခြင်း၊ မြို့ဝင်ဂိတ်များတွင် လမ်းအသုံးပြုခကောက်ခံခြင်း၊ တန်ပိုကြေးကောက်ခံခြင်း၊ မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်ယာဉ်များထံမှ ဘီးခွန်ကောက်ခံခြင်း၊ ရာပြတ်ဌာနခွဲမှ မန္တလေး(၆)မြို့နယ်အတွင်း ပစ္စည်းခွန်(၇)မျိုး စည်းကြပ်ကောက်ခံခြင်း၊ ရေခွန်ဌာနခွဲမှ (၂)လ တစ်ကြိမ် ရေမီတာဖတ်ရှုခြင်း၊ ရေဖိုးရေခကောက်ခံခြင်းနှင့် (၃)လတစ်ကြိမ် ကျုံးရေခွန် ကောက်ခံခြင်းတို့အား အခွန်ဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ အခွန်ဌာနမှ ယာဉ်ရပ်နားစခန်း (၆)ခု၊ ရတနာရောင်းဝယ်ရေးစခန်း(၁)ခု၊ ယာဉ်ရောင်းဝယ်ရေးစခန်း (၁)ခုတို့အား တာဝန်ခံ၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွန်အခ၊အကောက်စသည်များကို ဉပဒေနှင့်အညီ ကောက်ခံနိုင်ရန်ဆောင်ရွက်ခြင်း။
၂။ မန္တလေးမြို့တော်ဧရိယာနယ်နိမိတ်အတွင်းပစ္စည်းခွန်(၇)မျိုးအားသတ်မှတ်ကာလအတွင်းစည်းကြပ်နိုင်ရေးဆောင်ရွက်ခြင်း။
၃။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ နိုင်ငံခြားသားကို ငှားရမ်းထားသော အဆောက်အဉီများ၊ လုပ်ငန်းဌာနရုံးခန်းများ၊ ဈေးဆိုင်ခန်းများကို အခွန်စည်းကြပ်နိုင်ရန် ဆောင်ရွက်ခြင်း။
၄။ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို တစ်နှစ်တစ်ကြိမ်ပစ္စည်းခွန်စည်းကြပ် ဆောင်ရွက်ခြင်း။
၅။ ကော်မတီမှ မြို့တော်ဧရိယာအတွင်း ဖြန့်ဝေပေးလျက်ရှိသောရေအတွက် ရေဖိုးရေခ၊ ကျုံးရေဖိုးရေခများ စည်းကြပ်ကောက်ခံဆောင်ရွက်ခြင်း။
၆။ ဘီးလှိမ့်ခွန်စည်းကြပ်ကောက်ခံခြင်းနှင့် မြို့ဝင်ဂိတ်များတွင် လမ်းအသုံးပြုခနှင့်တန်ပိုကြေးများ ကောက်ခံခြင်း စသည့်လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
၇။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွင့်အရေးလေလံများ၊ အဖွဲ့ပိုင် ပစ္စည်းဟောင်းများရောင်းချခြင်းတွင်ကြီးကြပ်ပါဝင်ဆောင်ရွက်ခြင်း။
၈။ အခွန်မပြေကောက်ခံရန်ကျန်ရှိသည့် ကြွေးကျန်များကို အပြည့်အဝရရှိအောင် ဆောင်ရွက်ခြင်း။
၉။ ကော်မတီပိုင် ယာဉ်ရပ်နားစခန်းများ၊ ယာဉ်ရောင်းဝယ်ရေးစခန်းများနှင့် ကျောက်မျက် ရတနာရောင်းဝယ်ရေးစခန်းများကိုကြီးကြပ်ဆောင်ရွက်ခြင်း။
၁၀။ မြို့တော်ဧရိယာအတွင်း အစိုးရမြေ၊ ဌာနပိုင်မြေ၊ လမ်းမြေများနှင့် အခြားကျူးကျော်မှု များ အားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ရှင်းလင်းခြင်းနှင့် ကျူးကျော်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခြင်း။
၁၁။ မန္တလေး(၆)မြို့နယ်အတွင်း ယာဉ်လမ်းကြောင်းများ မပိတ်စေရေး၊ အများပြည်သူ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများထိန်းသိမ်းခြင် းလုပ်ငန်းများ ဆောင်ရွက်ခြင်း။
၁၂။ အခွန်ဌာနရှိ ဌာနခွဲ(၃)ခုမှ ဝန်ထမ်းများနှင့် လုပ်ငန်းများ၊ရုံးလုပ်ငန်းဆောင်ရွက်မှု များ စနစ်တကျရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်း။
၁၃။ အခွန်ဌာန၏ နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်းများ ပြုစုရေးဆွဲခြင်း၊ ကြီးကြပ်ဆောင် ရွက်ခြင်း။
၁၄။ ကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
၁။ အဝေးပြေးယာဉ်ရပ်နားစခန်း(၆)ခုတို့မှ နေ့စဉ်ပေးသွင်းငွေများ၊ ဂိတ်ခန်း လခ၊ လူနေဆိုင်ခန်းလခများကို လက်ခံပေးသွင်းခြင်း လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက် ခြင်း။
၂။ လမ်းဘေးအတည်ဆိုင် လိုင်စင်ခွန်နှင့် လခများ စည်းကြပ်ကောက်ခံခြင်း။
၃။ ဘီးလှိမ့်ခွန်စည်းကြပ်ငွေမျာ းကောက်ခံပေးသွင်းခြင်း။
၄။ ကားဂိတ်မြေနေရာငှားရမ်းခ၊ ဒိုဘီကန်၊ ကမ်းနားလမ်းတိုက်ခန်းလခ၊ သိပ္ပံရိပ်မွန်တိုက်ခန်းလခ၊ ညအိပ်ခွန်၊ ၈၆လမ်းတိုက်ခန်းလခ၊ ကျွဲဆည်ကန်တိုက်ခန်းလခ၊ ဈေးချိုပွဲရုံတန်းငှားရမ်းခ၊ မြို့တော်ဉယျာဉ်တိုက်ခန်းလခ၊ သင်္ဂဇာချောင်းတိုက်ခန်းလခများ၊ စည်းကြပ် ကောက်ခံခြင်း။
၅။ အုတ်၊ ထုံး၊ သဲ၊ ကျောက်ကားများ၊ ဆီသယ်ယာဉ်များအား မြို့တွင်းလမ်းများ အသုံးပြုခ ကောက်ခံပေးသွင်းခြင်း။
၆။ မြေနေရာငှားရမ်းခြင်းများအတွက် ကွင်းဆင်းစိစစ်၍ အခွန်ငွေပေးသွင်းစေခြင်း။
၇။ ကား၊ဆိုင်ကယ်ရောင်းဝယ်ရေးစခန်းများမှ နေ့စဉ်ရငွေနှင့်လခမျာကောက်ခံပေးသွင်းခြင်း။
၈။ အသားရောင်းလိုင်စင်များ၊ အပေါင်ဆိုင်လိုင်စင်၊ ရေချိုးရုံ/အိမ်သာလိုင်စင်များ၊ စက်ဘီး/ ဆိုင်ကယ်/ ကားအပ်နှံခွင့်လိုင်စင်များ၊ ယာဉ်ရပ်နား ကန့်သတ်နယ်မြေကောက်ခံခွင့်လိုင်စင်နှင့် အခြားအခွင့်အရေးလိုင်စင်များ နှစ်စဉ်လံတင်ရောင်းချခြင်း။
၉။ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှ ပေးသွင်းသော ဆိုင်ခန်းလခနှင့် နေ့စဉ်ဈေးကောက်ရငွေများ၊ နိုင်ငံခြားသားဝင်ကြေးငွေ ကောက်ခံပေးသွင်းခြင်း။
၁၀။ လမ်းဘေးပျံကျတည်ခင်းရောင်းချနေသော ဈေးဆိုင်များ၊ ဈေးသည်များ ရှင်းလင်းခြင်း၊ စည်ပင်မြေ၊ လမ်းမြေ၊ ပလက်ဖောင်း၊ ရေမြောင်းများပေါ်တွင် တည်ခင်းရောင်းချနေသော ဈေးဆိုင်များ၊ အခိုင်အမာမဟုတ်သောတဲ၊ ယာယီအဆောက်အဦများ ရှင်းလင်းဖျက်သိမ်းခြင်း။
၁၁။ အခါအားလျော်စွာ ပေါ်ပေါက်လာသည့် ကျူးကျော်မှုကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ကြီးကြပ်ခြင်း။
၁၂။ လေလံလုပ်ငန်းများအား စည်းကမ်းနှင့်အညီရှိစေရေး အရာရှိဦးစီးအဖွဲ့များဖြင့် အပတ်စဉ်စစ်ဆေးတင်ပြခြင်း။
၁၃။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမျာ းထိန်းသိမ်းခြင်း၊ လိုက်နာမှုမရှိသော စည်းကမ်းမဲ့ယာဉ်များအား ဒဏ်တပ်ရိုက်၍ တပ်ရိုက်ဒဏ်ကြေးများ ပေးသွင်းခြင်း။
၁၄။ ဂိတ်ခန်းရောင်းရငွေများပေးသွင်းခြင်းနှင့် ကြွေးကျန်များ ကောက်ခံပေးသွင်းခြင်း။
၁၅။ ယာဉ်ရပ်နားစခန်းတွင် ပျံကျဈေးသည်များမှ ဈေးကောက် ကောက်ခံပေးသွင်းခြင်း။
၁၆။ မြို့နယ်အလိုက် ကောက်ခံရန်ကျန်ရှိနေသော အိမ်ခွန်များကို လအလိုက် စီမံချက်ရေးဆွဲ၍ ကြွေးကျန်ကောက်ခံခြင်း။
၁၇။ ကောက်ခံမရရှိတော့သည့် အိမ်ခွန်ကြွေးကျန်များကို စနစ်တကျပြုစု၍ ပယ်ဖျက်သွားနိုင်ရန် တင်ပြခြင်း။
၁။ ပုဂ္ဂလိကပစ္စည်းခွန် အပြည့်အဝ ကောက်ခံရရှိရေးအား ကွင်းဆင်းစစ်ဆေး၍ ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း ။
၂။ ဖျက်သိမ်းသွားသော/ပျက်စီးသွားသောအဆောက်အအုံများကိုပစ္စည်းခွန် စည်းကြပ်မှုစာရင်းမှပယ်ဖျက်ခြင်း။
၃။ ပုဂ္ဂလိက လူနေအဆောက်အအုံများကို(၆)လတစ်ကြိမ် ပစ္စည်းခွန်စည်းကြပ်နိုင်ရေး နှုန်းထားသတ်မှတ်ချက်များ ဆောင်ရွက်ခြင်း။
၄။ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများကို တစ်နှစ်တစ်ကြိမ် ပစ္စည်းခွန် စည်းကြပ်ခြင်းကို ဆောင်ရွက်ခြင်း။
၅။ စက်ရုံ၊ အလုပ်ရုံများအား ဘဏ္ဍာနှစ်တစ်နှစ်လျှင်နှစ်ကြိမ် ပစ္စည်းခွန် စည်းကြပ်ခြင်းကို ဆောင်ရွက်ခြင်း။
၆။ နိုင်ငံခြားသားအငှားချထားသော အဆောက်အအုံများကို ပစ္စည်းခွန် စည်းကြပ်ခြင်းကို ဆောင်ရွက်ခြင်း။
၇။ ရုပ်ရှင်ရုံများကို ပစ္စည်းခွန်စည်းကြပ်ခြင်းကို ဆောင်ရွက်ခြင်း။
၈။ မန္တလေးမြို့(၆)မြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ အင်းများအပေါ် လစဉ် ဧည့်စာရင်းနှင့် ငှားရမ်းခဝင်ငွေအပေါ် ပစ္စည်းခွန်စည်းကြပ်ခြင်း။
၉။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ ပုဂ္ဂလိကဆေးရုံများအပေါ် လစဉ်ဧည့်စာရင်းနှင့်ဝင်ငွေအပေါ်ပစ္စည်းခွန် စည်းကြပ်ခြင်း။
၁၀။ အခွန်ထမ်းအမည်ပြောင်းအမှုတွဲများကို ကွင်းဆင်းတင်ပြရန်နှင့် ခွင့်ပြုမိန့်ကျပြီးသောအမှုတွဲများကို အမည်ပြောင်းပေးခြင်း။
၁၁။ မန္တလေး(၆)မြို့နယ်အတွင်းရှိမြေနှင့် အဆောက်အဦများ ကွင်းဆင်းတိုင်းတာ ၍တန်ဘိုးဖြတ်ခန့်မှန်းရာပြတ်တန်ဘိုးတွက်ချက်ဆောင်ရွက်ခြင်း။
၁၂။ ဘဏ္ဍာရေးနှစ်အတွင်း (၆)လတစ်ကြိမ် ပစ္စည်းခွန်စည်းကြပ်သည့် အတိုး/အလျော့စာရင်းကို ကွန်ပျူတာဌာနစိတ်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
၁။ (၂)လတစ်ကြိမ်ရေမီတာဖတ်ရှုခြင်းနှင့် (၃)လတစ်ကြိမ် ကျုံးရေခွန်စည်းကြပ်ဆောင်ရွက်ခြင်း။
၂။ နို့တစ်စာရင်းများ တွက်ချက်ရေးသွင်းခြင်း၊ ကွန်ပျူတာဌာနခွဲသို့ စာရင်းပေးပို့ တိုက်ဆိုင်စစ်ဆေးခြင်း၊ နှိုးဆော်စာ/ပြေစာများအား ဖြန့်ဝေကောက်ခံ နိုင်ရန်ဆောင်ရွက်ပေးခြင်း။
၃။ စာရင်းကိုင်၊ငွေကိုင်များမှ ရေမီတာနှင့်ကျုံးရေခွန်ကြွေးကျန်များ လက်ခံပေးသွင်းခြင်း၊ အရစ်ချုပ်၊ လချုပ်၊ နှစ်ချုပ်စာရင်းများကို စနစ်တကျပြုစု ထိန်းသိမ်းဆောင်ရွက်ခြင်း။
၄။ ရေမီတာနှင့်ကျုံးရေ ရေဖိုးရေခစည်းကြပ်ငွေများအား ကောက်ခံပေးသွင်းနိုင်ရန် စီမံဆောင်ရွက်ခြင်း။
၅။ ရေမီတာနှင့်ကျုံးရေခွန်ကြွေးကျန်များ ကွင်းဆင်းကောက်ခံပေးသွင်းခြင်း။
၆။ ရေမသမာသုံးစွဲသူများနှင့် ဖုံးကွယ်နေသောအခွန်အခများအား စစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာရေနှင့် သန့်ရှင်းမှုဌာနသို့ ညှိနှိုင်းအကြောင်းကြား သတင်းပေးပို့ခြင်း။ (ဥပမာ- ရေမီတာဖြုတ်သုံး/ တိုက်ရိုက်သုံး/ ဆိုင်းငံ့ /ပြန်သုံး/တရားမဝင်ရေပိုက် သွယ်တန်းခြင်းနှင့် ခွင့်ပြုမဲ့ရေသုံးစွဲခြင်း)
၇။ ရေမီတာနှင့်ကျုံးရေခွန် အမည်ပြောင်းလျှောက်ထားလာမှုများကို ကော်မတီမှခွင့်ပြုနိုင်ရန် စိစစ်တင်ပြဆောင်ရွက်ခြင်း။
၈။ AMR (Automatic Meter Reading System) ရေမီတာများကို မူလ ရေမီတာအဟောင်းများနေရာတွင် အစားထိုးတပ်ဆင်ခြင်းလုပ်ငန်းကို ရေနှင့်သန့်ရှင်းမှုဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ AMR ရေမီတာများဖတ်ခြင်း၊ ဖတ်ရှု့ပြသော AMR ရေမီတာများကို ကွန်ပျူတာများဖြင့်လုပ်ငန်းများဆောင်ရွက်ခြင်း။
၉။ ဘဏ္ဍာရေးနှစ်အလိုက် အခွန်လျာထားငွေများ ပြည့်မီကျော်လွန်အောင် ဆောင် ရွက်ခြင်း။