MCDC အကြောင်း
ပြည်သူ့အကျိုး သယ်ပိုးအောင်မြင် မန္တလေးစည်ပင်
မြို့တော်စည်ပင်ဆိုသည်မှာ ၂၀၁၄ခုနှစ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥပဒေ အမှတ်(၁၁)ဖြင့် ပြဌာန်းဖွဲ့စည်းထားသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖြစ်ပါသည်။
စည်ပင်မြို့တော်စည်ပင်ဆိုသည်မှာ ၂၀၁၄ခုနှစ် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥပဒေ အမှတ်(၁၁)ဖြင့် ပြဌာန်းဖွဲ့စည်းထားသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖြစ်ပါသည်။ စည်ပင်ဆိုသည်မှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများကို တည် ဆောက်ပေး ရသည့်အပြင် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကိုလဲ ဆောင်ရွက်ပေးရပါသည်။
မြို့တော်အတွင်းနေထိုင်သည့် ပြည်သူများထံမှ သင့်လျော်သည့် အခွန်အခများကောက်ခံပြီး ခွင့်ပြုထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များအလိုက် တည်ဆောက်ရေးလုပ်ငန်းများ၊ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကျိုးရှိစွာသုံးစွဲ ဆောင် ရွက်ပေးရပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရည်ရွယ်ချက်မှာ-
မန္တလေးမြို့တော် သန့်ရှင်းရမည်။
မန္တလေးမြို့တော် သာယာလှပရမည်။
မြို့တော်နေလူထု စိတ်ချမ်းသာရမည်။
၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု
ASEAN Public Toilet Award (2019-2021)
ASOCIO Smart City Award
ပြည်သူ့ဂုဏ်ရည်ဆုရှင် မန်းစည်ပင်
(၁၀)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို ဆုချီးမြှင့်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာတိုင်းရင်းသား မိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းက အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ်၊ ဖိနစ်မြို့တွင် ဧပြီ ၆ ရက်နေ့ စနေနေ့ကကျင်းပသည့် ဂုဏ်ပြုပွဲမှာ ထုတ်ပြန်ကြေညာပါသည်။
(၁၀)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်(၃၂)ဦးအနက် စနစ်တကျ ရွေးချယ်ပြီး ချီးမြှင့်ခြင်းဖြစ်ပါသည်။
ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၁ ခုနှစ်က စတင်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေသူမျမတီအနေဖြင့်ကော်မတီဝင်များနှင့်ဝန်ထမ်းများကမန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နေ့ရော၊ ညပါအား သွန်ခွန်စိုက်လုပ်ဆောင်သဖြင့်ဆုချီးမြှင့်ခြင်းဖြစ်ကြောင်းဆုရွေးချယ်ရေးအဖွဲ့ကထုတ်ပြန်ပါသည်။
အဆိုပါ အခမ်းအနားသို့ အမေရိကန် နိုင်ငံအတွင်း ပြည်နယ်အသီးသီးမှ မြန်မာပြည်သား လူဦးရေ တစ်ရာနီးပါးတက်ရောက်ခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်အသင်းက (၂၈-၄-၂၀၁၉)ရက်နေ့မှာမန္တလေးကွန်ဗင်းရှင်းစင်တားကို နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ခြင်းဖြစ်ပါသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မန္တလေးမြို့တော်စည်ပင်သယာရေးကော်မတီနဲ့ရရှိသူ(၄)ဦးကိုဆုပေးအပ်ပါသည်။ (၁၀)ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုရရှိတဲ့ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီကိုဆုအမှတ်အသားတံဆိပ်နဲ့ ဆုကြေးငွေကျပ် အမေရိကန်ဒေါ်လာ(၁၀၀၀၀)၊အထူးဆုရရှိကြတဲ့ (၁) ဆရာမ မအိအိညိမ်း၊ (၂) ရန်ကုန်မြို့သန့်ရှင်းရေးဆောင်ရွက်နေသည့်CleanYangonCampaign၊ (၃) ကချင်လူငယ် မဆွတ်ဆိုင်းထွယ်နဲ့ (၄) ဂုဏ်သိက္ခာအတွက် ဒုတိယရဲမှုးဟောင်း မိုးရန်နိုင်တို့ကိုဆုအမှတ်အသားတံဆိပ်နဲ့ အမေရိ ကန်ဒေါ်လာ (၁၀၀၀) စီ ချီးမြှင့်ပါသည်။ ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က-
“မန္တလေးမြို့ကို Most Promising Top 10 Smart Cities of ASEAN မှာ နံပါတ်(၅)အဆင့်အသိအမှတ်ပြုခံထားရသလို ASEAN Public ToiletAward 2019 ချီးမြှင့်ခြင်းခံထားရပါတယ်။ယခုအခါပြည်သူ့ဂုဏ်ရည်ဆုကိုပါ ထပ်မံချီးမြှင့်ခြင်းခံရတဲ့အတွက် ဂုဏ်ယူလို့မဆုံးနိုင်ဘဲ စိတ်ကျေနပ်ကြည်နူးရပါတယ်” လို့ ပြောကြားခဲ့ပါသည်။
မြို့တော်ဝန်ဒေါက်တာရဲလွင် ဆက်လက်ပြောကြားခဲ့တာတွေကတော့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့အရပ်သားအစိုးရလက်ထက်(၃)နှစ်တာကာလအတွင်းပြောင်းလဲချိန်တန်ပြီဆိုတဲ့ဆောင်ပုဒ်နှင့်အညီပြုပြင်ပြောင်း လဲမှု ပေါင်းများစွာကို လုပ်ဆောင်နိုင်သလောက် ကြိုးစားလုပ်ဆောင်ခဲ့ကြတာ ဖြစ်တဲ့အကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တိုးတက်ပြောင်းလဲသွားတာက မြို့တော်ဝန်နှင့်ကော်မတီဝင်တွေရဲ ခေါင်းဆောင်မှုအောက်မှာ ဝန်ထမ်းတွေက လက်တွဲပါဝင်ပြောင်းလဲ လုပ်ဆောင်ကြလို့ဖြစ်ကြောင်း၊ ဝန်ထမ်းတွေမပါဘဲမပြောင်းလဲဘဲ ဖွံ့ဖြိုးတိုးတက်မှုကိုလုပ်ဆောင်လို့ မအောင်မြင်နိုင်ကြောင်း ၊ ဆုပေးအပ်ပွဲအခမ်းအနားကို မြို့တော်စည်ပင်ရဲ့ အခြေခံအကျဆုံး သန့်ရှင်းရေး ဝန်ထမ်းတွေကအစဝန်ထမ်းများအားလုံးကို တက်ရောက်စေချင်ပေမယ့် နေရာအခက်အခဲကြောင့် သူတို့အားလုံး မတက်ရောက်ကြရတဲ့အကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါမန္တလေးမြို့တော်စည်ပင် သာယာရေးကော်မ တီမှာ ဝန်ထမ်းတွေက နားရက်မယူဘဲ အလုပ်လိုအပ်ရင်လိုအပ်သလို ညဉ့်နက်သန်းခေါင်အထိ အလုပ်လုပ်နေကြတဲ့အကြောင်း၊ လုပ်ငန်းဌာနအချင်းအချင်းလည်း ပေါင်းစပ်ညှိနှိုင်းလက်တွဲလုပ်ဆောင်လာကြတဲ့အကြောင်း ကော်မတီဝင်တွေကလည်းသူ့နယ်ပယ်အလိုက်နှံ့စပ်ကျွမ်းကျင်သူတွေဖြစ်တဲ့အတွက်အပြောင်းအလဲကပိုမိုထိရောက်မြန်ဆန်ကြောင်း၊ပြုပြင်ပြောင်းလဲတိုးတက်မှုများကိုတွေ့မြင်ရတဲ့အတွက်ပြည်သူ လူထုကတည်း အားပေးကြ၊ထည့်ဝင်လှူဒါန်းကြ၊လက်တွဲပါဝင်လာကြတဲ့အကြောင်းပြောကြားခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခံရခြင်းက မန္တလေးမြို့တော်ည်ပင်သာယာရေးကော်မတီကို မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရာတွင် ဆတက်ထမ်းပို းဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့အတွက်ကြီးမားတဲ့တွန်းအာားနဲ့အင်အးဖြစ်စေခဲ့ပါသည်။
မန္တလေးမြို့ရဲ့ သတင်းအချက်အလက်များကို မြေပုံပေါ် မှတ်တမ်းတင်ခြင်း၊ မန်းစည်ပင်ရဲ့ ခြေလှမ်းသစ်တစ်ခု၊ နည်းပညာအသစ် Stabilized Soilကို အသုံးပြုပြီး လမ်းစတင်ခင်း၊ နေပူမိုးရွာမရှောင် နေ့ရောညပါ မြို့တော်အတွက် အလုပ်လုပ်နေတဲ့ မန်းစည်ပင်၊ သားရေနယ်လုပ်ငန်း ရေဆိုးသန့်စင်ခြင်း၊ မြောင်းဆီပြသနာ ဖြေရှင်းပြီ နည်းပညာ တိုးတက်ရေးအတွက် အမြဲမပြတ် ကြိုးစားဆောင်ရွက်၊ ဘတ်ဂျတ်နှစ်သစ်မှာ စက်အသစ်တွေနဲ့ စခင်းတဲ့ နိုင်လွန် ကတ္တရာလမ်းများမြို့တော်စိမ်းလန်းစိုပြည်ဖို့ အမြဲကြိုးစားနေပါတယ်။ တောင်သမန်လှပရေး ဗေဒါဆယ်အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၊ အလေ့အကျင့်ကောင်းများ ရရှိစေဖို့ပါ။ ပြင်ဦးလွင်ကားလမ်းပိုင်း အထူးသန့်ရှင်းရေးစဉ်ဆက်မပြတ် တနင်္ဂနွေ မြို့တော်သန့်ရှင်းရေးနေ့မန်းစည်ပင်ရဲ့ သမိုင်းတွင် ကျန်ခဲ့မယ့် အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုရှေ့လုပ်ရမည့်လုပ်ငန်းတွေနဲ့ အနာဂတ်စီမံချက်တွေရေးဆွဲနိုင်ဖို့ GIS Software မှာ Dataတွေထည့်နိုင်ဖို့အတွက်အရေးကြီးဆုံးကကောင်းကင်ဓာတ်ပုံရိုက်ကူးရေးဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ဝန်ဆောင်မှုကြေးငွေကျသင့်တာက ကျပ်သိန်းပေါင်း၇၀၀၀ကျော်ဖြစ်တယ်။
မြို့သူ၊ မြို့သားတွေထမ်းဆောင်ကြတဲ့ အခွန်အခတစ်ခုတည်းနဲ့ မြို့တော်ဖွံ့ဖြိုးရေးကိုဆောင်ရွက်နေရတဲ့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အရေးကြီးတဲ့ အခြားလုပ်ငန်း တွေနဲ့ယှဉ်ရင် ကောင်းကင်ဓာတ်ပုံရိုက်ကူးရေးက ဒုတိယဉီးစားပေးဖြစ်သွားလို့ မလုပ်နိုင်ခဲ့ပါဘူး။ ယခုအချိန်မှာတော့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလေးကြောင်းနှင့်ကာယပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာနက မေတ္တာနဲ့ အခမဲ့ကူညီလာလို့ စတင်ဆောင်ရွက်နိုင်တာပါ။ ကိုယ့်ဘာသာရပ်ကို စိတ်ပါဝင်စားပြီ းဌာနတိုးတက်စေချင်တဲ့ ဌာနမှူးနဲ့ဆရာ၊ ဆရာမတွေရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကင်မရာကလွဲလို့ လေယာဉ်ကိုယ်ထည်နဲ့အခြားလိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ကိုယ်တိုင်တီထွင် ပြုလုပ်တပ်ဆင်အသုံးပြုထားတာဖြစ်ပေမယ့် ထွက်လာတဲ့ ဓာတ်ပုံအရည်အသွေး၊ တိကျတဲ့ လေယာဉ်အမြင့်နဲ့ပျံသန်း၍ လမ်းကြောင်းတွေကို Program လုပ်နိုင်တာ တွေ့ရပါတယ်။ ပညာရှင်တွေက နေပူထဲမှ ကောင်းကင် ဓာတ်ပုံတွေကို တစ်နေကုန်ရိုက်ကူးပြီး ညနေပိုင်းမှာ ကွန်ပျူတာတွေနဲ့ အချိန်ပြည့်လုပ်ကြပါတယ်။ယခုရရှိတဲ့ မန္တလေးမြို့တော်ရဲ့ ကောင်းကင်ဓာတ်ပုံတွေက 3D လည်းရတဲ့အတွက် အလွန်တန်ဖိုးရှိပါတယ်။ ရှေ့လုပ်ရမည့်လုပ်ငန်းတွေ နဲ့ အနာဂတ်စီမံချက်တွေရေးဆွဲနိုင်ဖို့ GIS Software မှာ Data တွေထည့်နိုင်ဖို့အတွက်အရေးကြီးဆုံးက ကောင်းကင် ဓာတ်ပုံရိုက်ကူးရေးဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုကြေးငွေကျသင့်တာက ကျပ်သိန်းပေါင်း၇၀၀၀ကျော်ဖြစ်တယ်။ မြို့သူ၊မြို့သားတွေ ထမ်းဆောင်ကြတဲ့အခွန်အခတစ်ခုတည်းနဲ့ မြို့တော်ဖွံ့ဖြိုးရေးကို ဆောင်ရွက်နေရတဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အရေးကြီးတဲ့ အခြားလုပ်ငန်းတွေနဲ့ယှဉ်ရင် ကောင်း ကင်ဓာတ်ပုံရိုက်ကူးရေးက ဒုတိယဉီးစားပေးဖြစ်သွားလို့ မလုပ်နိုင်ခဲ့ပါဘူး။ ယခုအချိန်မှာတော့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလေးကြောင်းနှင့်ကာယပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာနက မေတ္တာနဲ့ အခမဲ့ကူညီလာလို့ စတင်ဆောင်ရွက်နိုင်တာပါ။ ကိုယ့်ဘာသာရပ်ကို စိတ်ပါဝင်စားပြီးဌာနတိုးတက်စေချင်တဲ့ ဌာနမှူးနဲ့ ဆရာ၊ ဆရာမတွေရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကင်မရာကလွဲလို့ လေယာဉ်ကိုယ်ထည်နဲ့ အခြားလိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ကိုယ်တိုင်တီထွင် ပြုလုပ်တပ်ဆင် အသုံးပြုထားတာဖြစ်ပေမယ့် ထွက်လာတဲ့ ဓာတ်ပုံအရည်အသွေး၊ တိကျတဲ့ လေယာဉ်အမြင့်နဲ့ပျံသန်းမ၍ လမ်းကြောင်းတွေကို Program လုပ်နိုင်တာ တွေ့ရပါတယ်။ ပညာရှင်တွေက နေပူထဲမှာ ကောင်းကင်ဓာတ်ပုံတွေကို တစ်နေကုန်ရိုက်ကူးပြီး ညနေပိုင်းမှာ ကွန်ပျူတာတွေနဲ့ အချိန်ပြည့်လုပ်ကြပါတယ်။ ယခုရရှိတဲ့ မန္တလေးမြို့တော်ရဲ့ ကောင်းကင်ဓာတ်ပုံတွေက 3D လည်းရတဲ့အတွက် အလွန်တန်ဖိုးရှိပါတယ်။
Green City ရဲ့ အခြေခံဖြစ်တဲ့ သစ်ပင်ပန်းပင်စိုက်ပျိုးခြင်းနည်းပညာများကို ပြည်တွင်း၊ ပြည်ပပညာရှင်များရဲ့ သင်တန်းပို့ချမှုများနဲ့ ဘွန်ဆိုင်းပင်များပြုစုခြင်း၊ ကိုင်းကူးကိုင်းဆက်၊ ပန်းဉယျာဉ်တည်ဆောက်ထိန်းသိမ်းခြင်းနဲ့ အပင်ကြီးများ ပြောင်းရွှေ့စိုက်ပျိုးခြင်းတွေကို လုပ်ငန်းခွင်မှာ လက်တွေ့လုပ်ကိုင်ကြပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို ဆရာတော်ကြီးများက အကူအညီတောင်းလို့ မတ္တရာမြို့မှ မဟာဗေဓိညောင်ပင်ကြီးကို မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ဒေသသို့ သစ်ပင်ကျွမ်းကျင်သူ ပညာရှင်တွေက အောင်မြင်စွာ ရွှေ့ပြောင်းစိုက်ပျိုးပေးနိုင်ခဲ့ပါတယ်။
မြို့တော်စိမ်းလန်းစိုပြည်ဖို့ အမြဲကြိုးစားနေပါတယ်
နိုင်ငံတကာမြို့တော်တိုင်းမှာ ဧရိယာ ဧကပေါင်းများစွာရှိတဲ့ ဥယျာဉ် Park and Garden တစ်ခုထက်ပိုရှိပါတယ်။ မန္တလေးမြို့တော်မှာ နေရာမရှိပေမယ့် ပန်းဉယျာဉ်အသေးလေးတွေကို ဖော်ဆောင်ပြီး မြို့တော်သာယာလှပရေးအတွက်မြို့တော်စည်ပင်အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားပါတယ်။ Green City ဖြစ်ဖို့ အစဉ်အမြဲကြိုးစားနေတဲ့ စည်ပင်ပါ။
မန်းစည်ပင်ရဲ့သမိုင်းတွင်ကျန်ခဲ့မယ့် အကြီးမားဆုံးပြောင်းလဲမှုတစ်ခု
ဘယ်လိုမြို့ပြစီမံကိန်းပဲရေးဆွဲရေးဆွဲ အခြေခံအကျဆုံးနဲ့ မရှိမဖြစ်အဓိကလိုအပ်တာက မြို့ပြနဲ့သက်ဆိုင်တဲ့ အချက်အလက် Data တွေပါ။ အချက်အလက်တွေက ပြောင်းလဲလေ့ရှိတော့ Up to Date ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ Data အမှားပေါ်မှာ အခြေခံပြီး ခေတ်အဆက်ဆက် စီမံချက်တွေရေးဆွဲခဲ့ကြလို့ အမှားပေါင်းများစွာ မှားခဲ့ကြပြီးပါပြီ။ မန္တလေးမြို့တော်(၆)မြို့နယ်မှာ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက် Data များကို (၆-၇-၂၀၁၈)ရက်နေ့က စတင်ပြီး တစ်ပတ်ကို ၃ရက်၊ တစ်မြို့နယ်ကို ၄ဖွဲ့စီ၊ တစ်ဖွဲ့ကို ၆-၈ယောက်နဲ့ မနားမနေ လုပ်အားပေးပြီး တစ်အိမ်တက်ဆင်း စနေနေ့အပါအဝင် နေပူ မိုးရွာမရှောင် ကြိုးစားကောက်လာလိုက်ကြတာ (၂၆-၁-၂၀၁၉)ရက်မှာ ပြီးပါတယ်။ ဝန်ထမ်းတွေ စိတ်ပါလက်ပါကြိုးစားကြလို့ သတ်မှတ်ချိန်ထက် စောပြီးပါတယ်။ အိမ်ခြေပေါင်း (၁၄၆၀၀၀၀)ကျော်ရဲ့ ဂရန် ရှိ၊ မရှိ၊ စည်ပင်ကြီးကြပ်မှု ရှိ၊ မရှိ၊ လုပ်ငန်းလိုင်စင်၊ ရေသုံးစွဲမှု၊ မိလ္လာစနစ်၊ ကားနဲ့ဆိုင်ကယ်အရေအတွက်၊ နံရံကပ်ကြော်ငြာ၊ အိမ်အငှား အစရှိတဲ့ စည်ပင်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အချက်အလက်တွေကို အဓိကထားပြီးပြုစုတော့ မကြာခင်ပြီးစီးတော့မယ့် Geographic Information System မှာ ထည့်သွင်းအသုံးပြုနိုင်တော့မှာပါ။ ဉပမာအနေနဲ့ အိမ်ထောင်စုပေါင်း ၂၅၆၈၀၅မှာ ဂရန်ရှိတာ ၉၁၂၆၇နဲ့ ဂရန်မရှိတာ ၁၆၅၅၃၈ အိမ်ရှိတယ်ဆိုတော့ မရှိတာက ၆၄.၄ရာခိုင်နှုန်းအထိရှိနေတာကို အံ့ဩဖွယ်ရာ တွေ့ရှိသလို ကျင်းအိမ်သာသုံးစွဲနေသေးတဲ့အိမ် ၂၈.၃ရာခိုင်နှုန်းအထိရှိတောကို တွေ့ရှိရပါတယ်။ ရလာတဲ့ Data တွေပေါ်မူတည်ပြီး အနာဂတ်စီမံကိန်းတွေ ရေးဆွဲပေးသွားခဲ့ပါမယ်။ စီမံချက်အားလုံး ၂၀၂၀နှစ် မကုန်ခင်ပြီးစီးဖို့ ကော်မတီနဲ့ဝန်ထမ်းအားလုံး တစိုက်မတ်မတ် အားသွန်ခွန်စိုက် ကြိုးစားနေကြပါတယ်။ မြို့တော်အတွက် နေ့နေ့ညည ပိတ်ရက်မရှိ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျကျ အကောင်အထည်ဖော်နေတဲ့ မန်းစည်ပင်ပါ။