စီမံရေးဌာန
နိဒါန်း
စီမံရေးရာဌာနသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကော်မတီဆိုင်ရာ ဉပဒေ၊ နည်းဉပဒေများ၊ အမိန့်ညွှန်ကြားချက်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ဌာနများအတွက် ရုံးအသုံးအဆောင်ပရိဘောဂများ ဝယ်ယူပေးခြင်း၊ e-Government လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ဝန်ထမ်းအိမ်ရာနှင့်အငှားအိမ်ရာကိစ္စရပ်များစီမံခန့်ခွဲခြင်း၊ အခြားပြင်ပဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးရသည့် ဌာနဖြစ်ပါသည်။
ဖွဲ့စည်းပုံ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတွင် စီမံရေးရာဌာနသည် ယခင်ဌာနကြီး (၁၁)ဌာနတွင် အရာထမ်း(၁၇)နေရာနှင့် အမှုထမ်း(၃၄၅)နေရာဖြင့်လည်းကောင်း၊ ဌာနကြီး(၁၄)ခု တွင် အရာထမ်း(၁၉) နေရာနှင့် အမှုထမ်း(၃၈၂) နေရာဖြင့်လည်းကောင်း၊ ၂-၂--၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၇)ဆုံးဖြတ်ချက်အရ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် အရာထမ်း(၆)နေရာ၊ အမှုထမ်း(၁၅၆)နေရာ၊ စုစုပေါင်း(၁၆၂)နေရာ ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခဲ့သဖြင့် အရာထမ်း(၂၅)နေရာ၊ အမှုထမ်း(၅၃၈)နေရာ ဖြင့်လည်းကောင်း၊ ၂၃-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ်(၁၆/၂၀၁၇) ဆုံး ဖြတ်ချက်အရ ရာထူးအဆင့်နှင့် လစာနှုန်းတိုးမြှင့်ခံစားခွင့်တွင် အရာထမ်း(၁)နေရာ တိုးမြှင့်ခဲ့ပါသဖြင့် အရာထမ်း(၂၆)နေရာ၊ အမှုထမ်း(၅၃၈)နေရာဖြင့် လက်ရှိ လုပ်ငန်းတာဝန်များ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စီမံရေးရာဌာနတွင် အောက်ပါအတိုင်း ဌာနခွဲ (၅)ခု ရှိပါသည်-
(က) စီမံခန့်ခွဲရေးဌာနခွဲ
(ခ ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ
(ဂ ) အနှေးယာဉ်ဌာနခွဲ
(ဃ) ကွန်ပျူတာဌာနခွဲနှင့်
(င ) လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာနခွဲ (စည်ပင်သာယာရဲတပ်ဖွဲ့)
- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းများနှင့် စပ်လျဉ်း၍ တင်ပြခြင်း။
- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်များ ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း၊ တင်ပြခြင်း။
- e-Government လုပ်ငန်းများအေကာင်အထည် ဖော်ဆောင်ရွက်ပေးခြင်း။
- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် နယ်နိမိတ်အတွင်းပြေးဆွဲသည့် အနှေးယာဉ်များကို ကြီးကြပ်ထိန်းသိမ်းခြင်း။
- အနှေးယာဉ်လိုင်စင်များ၊ ယာဉ်မောင်းလိုင်စင်များ အသစ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့် လဲလှယ်ပေးခြင်း၊ ဖျက်သိမ်းခြင်း၊ စည်းကမ်းမဲ့ယာဉ်မောင်းသူများအား အရေးယူခြင်း။
- မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် ရပိုင်ခွင့်ရှိသော အခွန်အကောက်များ ကို ယိုဖိတ်မှုမရှိစေဘဲ ပြည့်ဝစွာကောက်ခံရရှိရေးအတွက်ဦးစီဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စစ်ဆေး အရေးယူခြင်း။
- အနှေးယာဉ်ဌာနခွဲအတွက် သတ်မှတ်ခွင့်ပြုထားသော ရန်ပုံငွေများကိုဘဏ္ဍာရေးစည်း မျဉ်းများနှင့်အညီ စနစ်တကျအသုံးပြုစေရေးအတွက်တာဝန်ခံ ဆောင်ရွက်ခြင်း၊ အငှားဆိုင် ကယ်များအားမှတ်ပုံတင်ပြုလုပ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း။
- အနှေးယာဉ်ဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲတို့၏ ရ/သုံးမှန်းခြေငွေစာရင်းကိစ္စရပ်များကို ဆောင်ရွက်ခြင်း။
- န္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းရေးရာအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့်အညီ အနှေးယာဉ်ဌာနခွဲနှင့် စီမံခန့်ခွဲရေးရာကိစ္စရပ်များအပြင် ကျန်ဌာနများ၏ ဝန်ထမ်းရေးရာကိစ္စရပ်များကို အရေးယူဆောင်ရွက်ခြင်း၊ ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း။
- ရုံးသုံးစာရေးကိရိယာများ ဝယ်ယူခြင်း၊ အစိုးပုံနှိပ်တိုက်မှ ပုံစံများမှာယူခြင်း။
- ကော်မတီရှိ ဌာနအားလုံးအတွက် လိုအပ်သော အခွန်အကောက်ပြေစာများ၊ လက်မှတ်များ၊ မှတ်ပုံ တင်စာရင်းစာအုပ်များ စသည်တို့မှာကြားခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်း။
- ရုံးသုံးပရိဘောဂများ ထိန်းသိမ်းခြင်း။
- လစဉ် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအင်အားစာရင်း ပြုစုတင်ပြခြင်း။
- ဝန်ထမ်းသက်သာချောင်ချိရေးကို မျက်ခြေမပြတ် ဆောင်ရွက်ခြင်း။
- ကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
၁။ သွေးလွန် တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက်အထူးစီမံချက်ရေး ဆွဲကာ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့်ရပ်ကွက်အတွင်း လူနေအိမ် များအား ရက်သတ္တပတ်လျှင် တနင်္ဂနွေနေ့မှအပ ကျန်(၆)ရက်အား အလှည့်ကျ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း
၂။ မြို့နယ်(၆)နယ်အတွင်း အဓိက(ရငွေ) လုပ်ငန်းများဖြစ်သော ပုဂ္ဂလိက(အိမ်+မီး)ခွန်၊ မြို့မြေငှားခွန်၊ အမှိုက်သိမ်းဆည်းခ၊ အစိုးရအဆောက်အဦးခွန် ကောက်ခံခြင်းလုပ်ငန်းများအပြင် ၁-၁၀-၂၀၁၈ မှစ၍ လုပ်ငန်းလိုင်စင် ကိစ္စရပ်များအား သန့်ရှင်းရေးဌာနမှလည်းကောင်း၊ မိလ္လာကိစ္စရပ်များအား ရေနှင့်သန့်ရှင်းမှုဌာနမှ လည်းကောင်း လွှဲပြောင်းလက်ခံ ဆောင်ရွက်လျက်ရှိပါသည်။
၃။ အခြားလုပ်ငန်းများအနေဖြင့် အောက်ပါအတိုင်း သက်ဆိုင်ရာဌာနများနှင့် ပူးတွဲ ဆောင်ရွက်လျက်ရှိပါသည်-
- အမှိုက်သိမ်းဆည်းမှုလုပ်ငန်း၊ မြောင်းဆယ်ယူခြင်းလုပ်ငန်း၊ ခြင်ဆေး ဖြန်းခြင်းလုပ်ငန်းတို့အား သန့်ရှင်းရေးဌာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
- ခွင့်ပြုချက်မဲ့ စည်းကမ်းနှင့်မညီသော အဆောက်အဦများ၊ ကျူးကျော် ဆောက်လုပ်မှုများ၊ လမ်းမပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံ ထားရှိခြင်း၊ မိလ္လာကန်များတည်ဆောက်ခြင်း၊ နံရံကပ်ကြော်ငြာ ဆိုင်းဘုတ်များနှင့် ဆိုင်းဘုတ်ကြီးများအား မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၏ ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက် ထားရှိမှုရှိ/မရှိ စစ်ဆေးခြင်းအား အဆောက်အအုံနှင့်ကုန်ရုံဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်။၊
- ကော်မတီပိုင်လမ်းများပြင်ဆင်ထိန်းသိမ်းခြင်း၊ ကိုယ်ထူကိုယ်ထလမ်း များခင်းရန် စီစဉ်ဆောင်ရွက်ခြင်း၊ ရေဆိုးမြောင်းများ ဖောက်လုပ် ခြင်း၊ ရေမြောင်းဖုံးပြုလုပ်ခြင်း၊ လမ်းပေါက်များဖာခြင်း၊ လမ်းဆေး သုတ်ခြင်း၊ ပလက်ဖောင်းပြုလုပ်ခြင်းတို့အား လမ်းတံတားဌာနနှင့် ပူးပေါင်းဆောင် ရွက်ခြင်း။
- ရေဖြန့်ဖြူးရေး ကိစ္စရပ်များ၊ မိလ္လာကိစ္စရပ်များနှင့် ရေပိုက်စစ်ဆေးပြင်ဆင်ခြင်းများအား ရေနှင့်သန့်ရှင်းမှုဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
- ကျူးရှင်းလင်းရေးလုပ်ငန်းများအား အခွန်ဌာနနှင့်လည်းကောင်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးခြင်း။
- ရပ်ကွက်နေပြည်သူများမှ တင်ပြထားသည့် စည်ပင်သာယာရေးလုပ်ငန်း များအားဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါကကော်မတီသို့တင်ပြပြီး ကော်မ တီ၏ ညွှန်ကြားချက်များအတိုင်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း လိုက်နာဆောင်ရွက်ခြင်း။
- ဖုန်းဖြင့်လည်းကောင်း၊ ရုံးသို့လာရောက်၍လည်းကောင်း၊ စာဖြင့်လည်း ကောင်း သတင်းပေးပို့တိုင်ကြားလာသောစာများအား ကွင်းဆင်းစစ်ဆေး ဖြေရှင်းဆောင်ရွက်ခြင်းနှင့် လိုအပ်ပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ သက်ဆိုင်ရာဌာနများနှင့်လည်းကောင်း၊ ပြင်ပဌာနဆိုင်ရာ များနှင့်လည်းကောင်း ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခြင်း။
၁။ ကွန်ပျူတာဌာနခွဲအနေဖြင့်လုပ်ငန်းမြန်ဆန်ချောမွေ့စေရန်အတွက်ရေမီတာဖတ်ခြင်းစနစ်အား ICTနည်း ပညာအသုံးပြု၍ Tablet ဖြင့် ရေမီတာအား ဓါတ်ပုံရိုက်ကူးဖတ်ခြင်းနှင့် ရေမီတာသုံးစွဲမှု ယူနစ် အချက်အ လက်များကို Billing System သို့ အချိန်နှင့်တစ်ပြေးညီပေးပို့ ၊ သိရှိနိင်ရန် ရေမီတာကောက်ခံမှုစနစ်သုံး Mobile Application ရေးဆွဲထားပြီးဖြစ်ပါသည်။ ထို့အပြင် ရေမီတာခများအား မြို့နယ်ရုံးများမှ ဘဏ်သို့ ပေးချေရန်စနစ်တစ်ခု ဖန်တီးတည်ဆောက်ခြင်းနှင့် အခွန်ထမ်းပြည်သူများမှ ၎င်းတို့ပေးဆောင်ရမည့် အခွန်အခများအား နီးစပ်ရာဘဏ်များမှ ပေးသွန်းဆောင်ရွက်နိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ထို့သို့ဆောင်ရွက်ခြင်းကြောင့် ရေမီတာယူနစ်ဖြည့်သွင်းခြင်းလုပ်ငန်းများနှင့် ရေဖိုးရေခ ကောက်ခံ ခြင်းလုပ်ငန်းတွင် အထောက်အကူဖြစ်စေပါသည်။
၂။ ထို့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ထားသော Household နှင့် Billing System များဖြင့် ချိတ်ဆက်ပြီး အခွန်အခကောက်ခံမှုများတွင် အလေအလွန့်မရှိစေရေးနှင့် ကောက်ခံနေသည့် ပြေစာများကို ကောက်ခံနေရသည့်လုပ်ငန်းစဉ်များအား အဆင်ပြေထိရောက်စွာဆောင်ရွက်နိုင်မည့် Bill Collector Mobile Application အား အကောက်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စနစ်တွင် Household နှင့် Billing System များဖြင့်ချိတ်ဆက်ပြီး မန္တလေးမြို့အတွင်းရှိ အိမ်ခြေစာရင်းများကို ပြေစာကောက်ခံခြင်း ၊ အိမ်အချက်အလက်စစ်ဆေးခြင်း ၊ အိမ်အချက်အလက်ပြင်ဆင်ခြင်း ၊ အခွန်အခကြွေးကျန် စစ်ဆေးခြင်းများကို လုပ်ဆောင်နိုင်ခြင်း ၊ ကောက်ခံရရှိသော ပြေစာများစာရင်း ၊ နေ့စဉ်ကောက်ခံရရှိမှု အခြေအနေပြစာရင်းများနှင့် ဘဏ်ငွေသွင်းစာရင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနိုင်ခြင်း ၊ ပြေစာများမှ QR Code ကို Scan ဖတ်၍ အခွန်အခများကို ကောက်ခံနိုင်ခြင်း ၊ ပြည်သူ များ ဘက်မှလည်းမိမိတို့၏ အခွန်အခစာရင်းများကို Mobile Application ဖြင့် စစ်ဆေးနိုင်ခြင်း ၊ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ ပြုလုပ်သော Payment Gateway တိုင်းဖြင့် ချိတ်ဆက်၍ ဘဏ်ငွေ သွင်းစာရင်းများကို အချိန်နှင့်တစ်ပြေးညီစစ်ဆေးနိုင်ခြင်း စသည်တို့လုပ်ဆောင်နိုင်မည့်အပြင် အခြား အခွန် အခကောက်ခံနိုင်သော စနစ်များဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၃။ ဆက်လက်၍ မန္တလေးမြို့၏ အဓိကအဝင်အထွက်နေရာများ ဖြစ်သည့် မြို့ဝင်ဂိတ်နေရာများမှ မန္တလေးမြို့သို့ ဝင်/ထွက်သွားလာသည့် မော်တော်ယာဉ်များအား Deep Learning System ပါဝင်သည့် ကင်မရာများဖြင့် ယာဉ်နံပါတ်များ မှတ်တမ်းတင်ခြင်း ၊ ယာဉ်စီးရေမှတ်သားခြင်း ၊ ယာဉ်လမ်းကြောင်းအလိုက် ရှာဖွေလိုသည့် ယာဉ်ကိုယာဉ်အမှတ်ဖြင့် မှတ်သားထားပြီး ဝင်/ထွက်လာပါက အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ပါသည်။ ထိုစနစ်နှင့် အလားတူ မြို့ဝင်ဂိတ်များတွင် လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေးကောက်ခံခြင်းလုပ်ငန်းကို ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါစနစ်တွင် ယာဉ်နံပါတ်များအား မှတ်တမ်းတင်နိုင်သည့် ကင်မရာများ ၊ မောင်း တံများဖြင့် ယာဉ်အမျိုးအစားအလိုက် မြို့ဝင်ကြေး ကောက်ခံနိုင်ခြင်း၊ မန္တလေးမြို့ဝင်ဘီးခွန် မဆောင်ထား သည့် ယာဉ်များအား ယာဉ်အမျိုးအစားအလိုက် မြို့ဝင်ကြေးကောက်ခံနိုင်ခြင်း၊ဘီးခွန်ပါသောယာဉ်များအား မှတ်တမ်းတင်ထားရှိနိုင်ခြင်း၊ဘီးခွန်နှုန်းဟောင်းဆောင်ထားသော စီးပွား ရေးသုံးယာဉ်များထဲမှ လမ်းအသုံး ပြုခကောက်ခံနိုင်ခြင်း၊ တန်ပိုယာဉ်များအား စီမံခန့်ခွဲနိုင်ခြင်း ၊ ယာဉ်အဝင်အထွက်အား လိုအပ်သော အချက် အလက်များနှင့်တကွ မှတ်တမ်းတင်နိုင်ခြင်း၊ယာဉ်တစ်စီးချင်းစီ၏ နေ့စဉ်ဝင်ထွက်မှု အကြိမ်ရေအား ကြည့်ရှု နိုင်ခြင်း၊ နေ့စဉ်၊လစဉ် Report များကို လိုအပ်သောပုံစံဖြင့် ထုတ်ယူကြည့်ရှုနိုင်ခြင်းစသည်တို့အား ဆောင် ရွက်နိုင်မည့်အပြင် ကောက်ခံရရှိသည့် မြို့တွင်းလမ်းအသုံးပြုခနှင့်မြို့ဝင်ကြေးတို့အား တာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ပြီး ဂိတ်တစ်ခုခြင်းစီ၏ နေ့စဉ်၊လချုပ်၊ နှစ်ချုပ်ဝင်ငွေစာရင်း၊ ဂိတ်အားလုံး စာရင်း ချုပ်များကို ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
၄။ အထက်ပါ မြို့ဝင်ဂိတ်များတွင် ဆောင်ရွက်နေသည့် လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေး ကောက်ခံသည့် လုပ်ငန်း တွင် လုပ်ငန်းအထောက်အပံ့ဖြစ်စေရန်နှင့် မြန်ဆန်မှုရှိစေရန် တန်ချိန်(ယာဉ်နှင့်ကားအလေးချိန်)ကို မူတည် ကောက်ခံနိုင်ရန် သတ်မှတ်အမြန်နှုန်းအတွင်း ယာဉ်မောင်းနှင်နေစဉ် အလေးချိန် ချိန်တွယ်နိုင်သည့်Weight in Motion(WIM) စနစ်ကို ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစနစ်တွင် ကား၏ အလေးချိန်၊ ဖြတ်သန်းချိန် ရက်စွဲ၊ ကားဖြတ်သန်းသည့်အရှိန် ၊ ကားနံပါတ်၊ ကား၏ဓါတ်ပုံ၊ ကားဝင်ရိုး အရေ အတွက်တို့အား တိကျစွာ ဖော်ပြပေးနိုင်ခြင်း၊ ပေးပို့ထားသော အချက်အလက်များကို လက်ရှိအသုံးပြုနေ သောစနစ်ဖြင့် Real Time ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ Data Backup သိမ်းယူနိုင်ခြင်းနှင့် မှတ်တမ်းရှိခြင်း အနေအထားအား ဖော်ပြဆောင်ရွက်ပေးနိုင်ခြင်းစသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်ပါသည်။
၅။ ဘီးလှိမ့်ခွန်ဆောင်သူများကို စနစ်တကျစီမံနိုင်မည့် အမှတ်စဉ်တိုကင်(Token)ရယူခြင်းစနစ် (Queue Management System) တပ်ဆင်ထားပြီး RFID စတစ်ကာသုံး ဘီးလှိမ့်ခွန်ကောက်ခံခြင်းစနစ်ကိုလည်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ RFID Sticker စနစ်သုံး ဘီးလှိမ့်ခွန်စနစ်တွင် အချက်အလက်များကို မှန်/မမှန် စစ်ဆေးနိုင်ခြင်း၊ အချက်အလက်များ မှန်ကန်ပါက ကျသင့်ဘီးလှိမ့်ခွန် ကောက်ခံခြင်းနှင့် နှစ်ပြတ်ဘီးခွန်ကောက်ခံခြင်းများ ပြု လုပ်နိုင်ခြင်း ၊ ညအိပ်ခွန်ကောက်ခံခြင်း၊ ဘီးလှိမ့် ခွန်ကောက်ခံရရှိခြင်းဆိုင်ရာ အစီခံစာများ ထုတ်ယူခြင်းနှင့် အချက်အလက်များကို ဌာနတာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစီမံနိုင်ရန် Cloud ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နောင်တွင် Online Payment System ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
၆။ ဆက်လက်၍ ရေအရင်းအမြစ်ထုတ်ယူသည့် နေရာများတွင် ရေထွက်ရှိမှုအား စာရင်းကောက်ယူထားနိုင်ရန်၊ ရေသုံးစွဲမှု ၊ ရေဖိုးရေခကောက်ခံရရှိမှုနှင့် ဝင်ငွေမရဘဲ လေလွန့်ဆုံးရှုံးနေသောရေ (Non Revenue Water) အခြေအနေများအား သိရှိနိုင်ရန်အတွက် ရေအရင်းအမြစ်ထုတ်သည့်နေရာများတွင် IOT Flow Meter များ တပ်ဆင်ဆောင်ရွက်လျက်ရှိပြီး SCADA Monitoring System မှ ရေထွက်ပမာဏ တိုင်းထွာစနစ် ၊ ရေထွက်နှုန်းတိုင်းထွာစနစ်၊ ရေဖိအား တိုင်း ထွာစနစ်၊ မော်တာအဝေးထိန်းမောင်နှင်စနစ်၊ စက်မောင်းချိန်ပေါင်းနှင့် နေ့စဉ်ရေထွက်ပမာဏ သတင်းပို့စနစ်၊ စက်ရေးတွင်း အသီးသီး၏ လည်ပတ်မှုထိန်းချုပ် စောင့်ကြည့်စနစ်(မော်တာစက်မောင်းခြင်း၊စက်ရပ်၊ မီးလာ၊မီးပျက် အချက် ပြစနစ်များ)ပါဝင်ခြင်းကြောင့် စက်ရုံများ၏ လည်ပတ်မှုအခြေအနေ ၊ (စက်လည်ပတ်ချိန်၊ ရေထွက်ရှိမှုပမာဏ၊ရေစီးဆင်းနှုန်း၊ Network ချိတ်ဆက်မှုရှိ/မရှိ၊ စက်မောင်း/မမောင်း)များကို အွန်လိုင်းစနစ်များအသုံးပြုပြီး အလွယ်တကူ သတင်းပို့သိရှိနိုင်ပြီး နောင်တွင် Control Room တည်ဆောက်ပြီးစီးပါက စက်ရုံများကို အဝေးမှပင် အဖွင့်အပိတ်လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များကို အသုံးချဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။ယခုလက်ရှိတွင် ကော်မတီ၏ ရေအရင်းအမြစ်ထုတ်ယူသည့် နေရာ၏(၃၀%)အား တပ်ဆင်ပြီးဖြစ်ပြီး ယခု ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ထပ်မံတပ်ဆင်အသုံးပြုသွားမည် ဖြစ်ပါသည်။ AMR အလိုအလျောက်ကောက်ယူနိုင်ပြီး ရရှိသည့်အချက်အလက်များကို Cloud ပေါ်မှတစ်ဆင့် Billing System သို့ တိုက်ရိုက်ပေးပို့နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး ပြည်သူများအခွန်အခပေးအောင်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန် Online Payment System အားလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၇။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်နှင့်ပူးပေါင်း၍ မန္တလေးမြို့ပေါ် ဧရိယာဧက (၄၀၀၀၀)ကို မောင်းသူမဲ့လေယာဉ် (UAV)အသုံးပြု၍ 3D ကောင်းကင်ဓါတ်ပုံရိုက်ကူးခြင်း ၊ အဆိုပါကောင်းကင်ဓါတ်ပုံမှ Digital Topo Map ပြုလုပ်ခြင်း ၊ GIS (Geographical Information System) အချက်အလက်များ ထည့်သွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ အဆိုပါလုပ်ငန်းမှ Land Used Map နှင့် Topo Map များ ရရှိမည်ဖြစ်ပြီး ၎င်းမြေပုံကို အခြေ ခံ၍ ကွန်တိုစနစ်ဖြင့် အနိမ့်အမြင့်တွက်ချက်ခြင်း၊ Road Network, Transportation Network ,Water Distribution Network,Drain Network and Drainage System,Fiber Cable Network,Household Information System, Land Information System,Town Planning စသည့်အချက်အလက်များနှင့်မြို့ပြမြေအသုံးချမှုများ ၊ မြေပေါ်မြေအောက်ရှိ အခြေခံအဆောက်အအုံများ ၊ မြို့ပြစီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လူမှုစီးပွားရေးဆိုင်ရာ အချက်အ လက်များကို ထည့်သွင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ၎င်းထည့်သွင်းထားသည့် မြို့ပြအချက်အလက်များကို အခြေခံ၍ နောင်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပြုလုပ်မည့် အစီအစဉ်များ ၊ဆောင်ရွက်ရမည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။ ဆက်လက်၍ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ထိန်းသိမ်းထားသည့် စာရွက်စာတမ်းများ ၊ အချက်အလက်များနှင့် ပိုင်ဆိုင်မှုအခြေပြ မြေပုံမှတ်တမ်းများကို လက်ရှိထိန်းသိမ်းထားသိုနေသည့် စာရွက်စာတမ်းအခြေပြုစနစ်မှ Digitalizationပြုလုပ်နိင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မတီအစီအစဉ်ဖြင့် ကောင်းကင်မြေပုံရိုက်ကူးခြင်းအား ဆက်လက်မှတ်တမ်းတင်နိုင်ရန်အတွက်လည်း UAV တစ်စင်းကို မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှ တည်ဆောက်ပေးပြီး ဖြစ်ပါသည်။
၈။ ထို့ပြင် အချက်အလက်များ၊ မှတ်တမ်းများ စုဆောင်းကောက်ယူခြင်းများသည် မြို့ပြစီမံကိန်းရေးဆွဲချမှတ်ခြင်း လုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းဖြစ်သဖြင့် ကောင်းကင်ဓါတ်ပုံမှ မြေပုံထုတ်လုပ်ခြင်း၊ လုပ်ငန်းနှင့်အတူ အိမ်ထောင်စုဆိုင်ရာ အချက်အလက်များ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ထိုလုပ်ငန်းအပြင် မြို့ပြလမ်းညွှန်မှုစနစ်အတွက် အဓိကဖြစ်သည့် အိမ်အမှတ်များ ၊ လမ်းအမည်များ ၊ ဧရိယာနံပါတ်များ စနစ်တကျသတ် မှတ်နိုင်ရေး ကွင်းဆင်းလေ့လာ၍ အစီရင်ခံစာများ ပြုစုလျက်ရှိပါသည်။ ထို့အပြင် လမ်းများ၊ ရပ်ကွက်များ၊ မြို့နယ်များ၏ ဆိုင်းဘုတ်အမည်များကို မြန်မာဘာသာမှ အင်္ဂလိပ်အမည်များသို့ ပြန်ဆိုဖော်ပြသုံးနှုန်းရာတွင် လည်း စနစ်တကျစံနှုန်းတစ်ခု သတ်မှတ်နိုင်ရန်နှင့် ယခုအခါ ၎င်းအချက်အလက်များကို အခြေပြု၍ အများပြည်သူအသုံးပြုနိုင်ရန် မြေပုံဆိုင်ရာအချက်အလက်ဝန်ဆောင်မှုနှင့်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး ၊ စီမံခန့်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သော ဘက်စုံသုံးကွန်ပျူတာစနစ်ကို တည်ဆောက်အသုံးပြုရန် ဆောင်ရွက်လျက်ရှိပါသည်။
၉။ ထို့ကြောင့် အထက်ပါ GIS Dataများအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ Server တွင် Geographic Information Management System (GIMS) စနစ်ဖန်တီး၍ အခြားစနစ်များမှ ချိတ်ဆက်အသုံးပြုနိုင်ခြင်းနှင့် Geographic နှင့်သက်ဆိုင်သော အချက်အလက်များအား ပြုစုစုဆောင်းရာတွင် အချက်အလက်များကို စနစ်တကျသိမ်းဆည်းနိုင်ပြီး လိုအပ်သည့်အချက်အလက်များအား ပြန်လည်ရှာဖွေအသုံးပြုနိုင်မည့် Base Map Service အား ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ဌာနအလိုက် ခွင့်ပြုချက်အလိုက်သက်ဆိုင်ရာမြေပုံအချက်အလက်များကို ပြုပြင်နိုင်သော အထက်တွင်တည်ဆောက်ထားသော Base Map စနစ်ကို နောက်ခံထား၍ ဌာနအလိုက် တည်နေရာနှင့်ဆိုင်ရာအချက်အလက်များကို အလွှာခွဲ၍ ထည့်သွင်းသိမ်းဆည်းနိုင်သော အင်တာနက်Browser မှ ဝင်ရောက်၍ အသုံးပြုနိုင်သော Web Map စနစ်အားလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
၁၀။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဌာနအသီးသီးမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းအသီးသီးအား ကော်မတီပိုင် Web Map ပေါ်တွင် မြေပုံအခြေပြု၍ လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲသိရှိနိုင်ရန် Project Management System အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစနစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တည်ဆောက်ထားသော Web Map ကို အခြေခံ၍ ဌာနတွင်း Project နှင့်သက်ဆိုင်သော Data များအား ထည့်သွင်းခြင်း၊ ကြည့်ရှုခြင်း ၊ ပြင်ဆင်ခြင်း၊ပယ်ဖျက်ခြင်းနှင့် Project နှင့်သက်ဆိုင်သော လုပ်ငန်းရပ်များအား ဆက်လက်ဆောင်ရွက်နိုင်ရန် Project တွင်လိုအပ်သော အသေးစိတ်အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း၊ Check Point တစ်ခုချင်းစီအတွက် သက်ဆိုင်ရာ Stakeholder များထံသို့ Notification များ ပေးပို့နိုင်ခြင်း၊ ပြီးမြောက်သွား၍ အစီရင်ခံလာသော လုပ်ငန်းစဉ်များ တစ်ခုချင်းစီအလိုက် Web Map ပေါ်တွင် ဝင်ရောက်ကြည့်ရှုပြီး မှတ်ချက်များပေးနိုင်ခြင်း၊ လုပ်ငန်းများ၏ ဦးစားပေးအဆင့်များကို Web Map ပေါ်တွင် ခွဲခြားသတ်မှတ်ပေးနိုင်ခြင်း၊ ထည့်သွင်းထား ပြီးဖြစ်သော အချက်အလက်များကို လိုအပ်ချက်နှင့်အညီ အခွင့်ရှိသူမှသာ ပြင်ဆင်နိုင်ခြင်းနှင့် ဆောင်ရွက်ချက်များအား System မှ Date/Time အလိုက် စနစ်တကျမှတ်တမ်းတင်သိမ်းဆည်းထားနိုင်ခြင်း၊ သက်ဆိုင်ရာဌာနမှ Upload ပြုလုပ်လိုက်သော လုပ်ငန်းBudget များအား စစ်ဆေးကြည့်ရှုနိုင်ခြင်းစသည့် အချက်အလက်များပါဝင်ပါသည်။
၁၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ ဌာနအသီးသီးသို့ နေ့စဉ်လာရောက်လျက်ရှိသော ဧည့်အဝင်/အထွက် စာရင်းအား မှတ်တမ်းတင်စိစစ်ထားရှိနိုင်ရန် Visitor Control System အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ယခုလက်ရှိတွင် RFID Card စနစ်ဖြင့် Access Control System (For Staff)နှင့် Visitor Control System (For Visitor)များကို စမ်းသပ်အသုံးပြုနေပါသည်။ ထို့အပြင် Face Recongnition စနစ်ပါဝင်သော Camera များကို သုံးစွဲဆောင်ရွက်၍ မျက်နှာဖြင့် မှတ်ပုံတင်ပြီး ဧည့်ဝင်/ထွက်နိုင်မှုများ ပြုလုပ်နိုင်ခြင်းဖြင့် လုံခြုံရေးစနစ်ကို များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ရုံးသစ်(၈)ထပ်ဆောင် အဆောက်အအုံ တည်ဆောက်ပြီးစီးပါက Access Control စနစ်ကို တပ်ဆင်အသုံးပြုသွားမည်ဖြစ်ပါသည်။ ထို့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ ကော်မတီပိုင်မော်တော်ယာဉ်များအား စက်သုံးဆီခွဲဝေ ဖြန့်ဖြူးရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် လုပ်ငန်းမြန်ဆန်စေရန်နှင့်အချက်အလက်များ စနစ်တကျ ဖြစ်စေရန်စက်သုံးဆီ စီမံခန့်ခွဲမှုစနစ်အား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ထိုစနစ်မှ စက်သုံးဆီများ ဝယ်ယူရရှိမှုစာရင်း ၊ ထုတ်ယူ သုံးစွဲမှုစာရင်း၊ ဆီလှောင်ကန်များအလိုက် ဆီလက်ကျန်စာရင်း၊ ဆီပန့်များအ လိုက်ထုတ်ယူသည့် မော်တော် ယာဉ်များစာရင်း၊ မော်တော်ယာဉ်များအလိုက် ဆီထုတ်ယူသုံးစွဲမှု စာရင်းများ ကို (ရက်/လ/နှစ်)များအလိုက် ဌာနအတွက် လိုအပ်သည့်ပုံစံမျိုးစုံဖြင့် Report များ ထုတ်ယူနိုင်မည်ဖြစ်ပြီး ထိုအချက်အလက်များကို ဌာနမှ တာဝန်ရှိသူများက ကွန်ရက်ပေါ်မှ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
၁၀။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် IOT Gateway and Sensorsများဝယ်ယူ၍ နောင်တွင် လုပ်ငန်းအလိုက် Sensors များကို ဝယ်ယူတပ်ဆင်သုံးစွဲနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကွန်ပျူတာစနစ်သုံး လမ်းမီးထိန်းချုပ်မှုစနစ်နှင့် Air Pollution Monitoring System များကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီ၏ e-Governmentလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကွန်ပျူတာဌာနခွဲ အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။
- မန္တလေးမြို့ ကျုံး ၊ ကန်တော်ကြီး ၊ ရေလှောင်ကန် ၊ ရေစစ်ကန်၊ ရေတွန်းစက်ရုံများ လုံခြုံရေး ဆောင်ရွက်ခြင်း။
- ရေလှောင်ကန်/ရေတွန်းစက်ရုံ ၊ ကျုံးရေပြင်အတွင်း ရေချိုးခြင်း၊ အညစ်အကြေး ကိစ္စများ ဆေးကြောခြင်း ၊ ရေညစ်ညမ်းစေမည့် ပစ္စည်းများစွန့်ပစ်ခြင်း ၊ ငါးမျှားခြင်း ၊ ငါးဖမ်းခြင်းနှင့်အဝတ်လျှော်ခြင်းများ မရှိစေရေးအတွက် ကြီးကြပ်ကွပ်ကဲခြင်း။
- စိမ်းလန်းစိုပြေလှပရေးအတွက် စိုက်ပျိုးထားသော သစ်ပင်ပန်းမန်စသည်တို့ပျက်စီးဆုံးရှုံးမှု မရှိစေရန် စောင့်ရှောက်ခြင်း။
- မြို့တော်စည်ပင်နှင့်သက်ဆိုင်သည့် ဘဏ် ၊ ဧည့်ရိပ်သာ ၊ ဆီကန်တို့၏လုံခြုံရေးကို ဆောင် ရွက်ခြင်း။
- အခွန်ဌာန၏ ကြီးကြပ်မှုဖြင့် သတ်မှတ်စည်းကမ်းချက်များကိုဖောက်ဖျက်၍ဆောက်လုပ် ရောင်းချနေထိုင်လျှက်ရှိသော ကျူးကျော်အိမ်၊ ဈေးဆိုင်၊အဆောက်အဦများ အားဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်ခြင်း။
- အခွန်ဌာန၏ ကြီးကြပ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
- သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများ၊ အနာကြီးရောဂါရှင်များ၊ စိတ်ဝေဒနာရှင်များ ရှင်းလင်းဆောင်ရွက်ပေးခြင်း။
- စည်ပင်သာယာရေးကော်မတီပိုင်နေရာ၊ အဆောက်အအုံတို့အတွင်း ကျူးကျော်နေထိုင် ဝင်ရောက်မှုမရှိရေး တားဆီးစောင့်ရှောက်ခြင်း။
- မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ နယ်လှည့်စစ်ဆေးအရေးယူ ဆောင်ရွက်ရေးအဖွဲ့ဖြင့် ကော်မတီမှထုတ်ပြန်ထားရှိသော ဥပဒေ၊ နည်းဥပဒေများအား ဖောက်ဖျက်၍ ခွင့်ပြုချက်မဲ့ အဆောက်အဦဆောက်လုပ်ခြင်း၊ လမ်းများ၊ ပလက်ဖောင်းများ ပေါ်တွင်ပစ္စည်းများစုပုံထားရှိခြင်း၊ လိုင်စင်မဲ့လုပ်ငန်း လုပ်ကိုင် ခြင်းများကို စစ်ဆေး၍တရားစွဲဆိုဆောင်ရွက်ခြင်း။
- ဈေးနှင့်သားသတ်ဌာန ကြီးကြပ်မှုဖြင့် လိုင်စင်မဲ့အသားရောင်းချမှုများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း။
- ဈေးနှင့်ကားဝင်းများအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်း။