စီမံရေးရာဌာနဝန်ဆောင်မှု
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်စီစစ်ခွင့်ပြုဆောင်ရွက်လျက်ရှိသောလုပ်ငန်းလိုင်စင်(၅)မျိုးရှိပြီး၎င်းတို့မှာအောက်ပါအတိုင်းဖြစ်ပါသည်။
- အစားအသောက်လုပ်ငန်းလိုင်စင်
- တည်းခိုခန်းလိုင်စင်
- အငှားအိမ်ငှားပိုင်ခွင့် လိုင်စင်
- အသားရောင်း လုပ်ငန်းလိုင်စင်
- အခြားလုပ်ငန်းလိုင်စင်
လုပ်ငန်းအမျိုးအစားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာလုပ်ငန်းလိုင်စင်
၂။ အသင့်စားအသားခြောက်လုပ်ငန်းလိုင်စင်
၃။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(စားသောက်ကုန်စက်ရုံ)
၄။ သိုလှောင်ရောင်းချခြင်းလုပ်ငန်းလိုင်စင်
၅၊။ ဆီကြိတ်၊ အမှုန့်ကြိတ်လုပ်ငန်းလိုင်စင်
၆။ ငပိ၊ ငံပြာရည်၊ ငရုပ်ရည်၊ ဆော့လုပ်ငန်းလိုင်စင်
၇။ အကြော်အလှော်လုပ်ငန်းများလိုင်စင်
၈။ အစားအသောက်လုပ်ငန်းနှင့်စားသုံး သူအကာအကွယ်ပေးခြင်းဥပဒေ အကျုံးဝင် လုပ်ငန်းများ လိုင်စင်(စားသောက်ကုန်လုပ်ငန်း)
၉။ စက်မှုလက်မှုလုပ်ငန်း လိုင်စင်(သားရေနှင့်ပြုလုပ်သော ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်း)
၁၀။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(ယက္ကန်းလုပ်ငန်း)
၁၁။ သားရေနယ်လုပ်ငန်းလိုင်စင်
၁၂။ ဝါဂွမ်း၊ ချည်မျှင်၊ အဝတ်အထည်ချုပ်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းလိုင်စင် (ထုတ်လုပ်ခြင်း လုပ်ငန်း)
၁၃။ အဝတ်အထည်အသုံးအဆောင် ပစ္စည်းများ တံဆိပ်ရိုက်လက်မှုလုပ်ငန်းလိုင်စင်
၁၄။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(သစ်အချောထည်လုပ်ငန်း)
၁၅။ စက္ကူနှင့်ပုံနှိပ်လုပ်ငန်းလိုင်စင်
၁၆။ စက်မှုလက်မှု လုပ်ငန်းလိုင်စင်(ကျောက်မီးသွေး၊ လောင်စာတောင့်စက်ရုံ)
၁၇။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(ဓါတုဗေဒထုတ်ကုန်များထုတ်လုပ်ခြင်းလုပ်ငန်း)
၁၈။ ဖယောင်းစက်လုပ်ငန်လိုင်စင်
၁၉။ ဆီကြိတ်၊ အမှုန့်ကြိတ်လုပ်ငန်းလိုင်စင်၊ တိုင်းရင်းဆေးမျိုးစုံထုတ်လုပ်ခြင်း
၂၀။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(ရာဘာ၊ ပလပ်စတစ်၊ အခြားသတ္ထုမဟုတ်သော တွင်းထွက် ပစ္စည်းများထုတ်လုပ်မှု)
၂၁။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(သတ္ထုနှင့်သတ္ထုသန့်စင်ပစ္စည်းများ)
၂၂။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(အီလက်ထရောနစ်နှင့်ဆက်စပ်ပစ္စည်းများ)
၂၃။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(လျှပ်စစ်ကိရိယာများ)
၂၄။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(သီးခြားဖော်ပြမထားသော စက်ရုံနှင့်စက်ပစ္စည်းများ ထုတ်လုပ် ခြင်း)
၂၅။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(ပရိဘောဂလုပ်ငန်း)
၂၆။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(အခြားထုတ်လုပ်မှုနှင့်ပြင်ဆင်ခြင်းလုပ်ငန်း)
၂၇။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း)
၂၈။ သိုလှောင်ရောင်းချခြင်းလုပ်ငန်းလိုင်စင်(ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့် ဆက်စပ်သည့် ပစ္စည်းများ သိုလှောင်ခြင်းလုပ်ငန်း)
၂၉။ မော်တော်ကားနှင့်ဆိုင်ကယ်ထုတ်လုပ်/ရောင်းချခြင်း၊ ကားအပိုပစ္စည်းများ၊ ကားနှင့်ဆက်စပ် သည့် လုပ်ငန်းများဆိုင်ရာလိုင်စင်(ထုတ်လုပ်ခြင်း)
၃၀။ မော်တော်ကားနှင့်ဆိုင်ကယ်ထုတ်လုပ်/ရောင်းချခြင်း၊ ကားအပိုပစ္စည်းများ၊ ကားနှင့်ဆက်စပ် သည့် လုပ်ငန်းများဆိုင်ရာလိုင်စင် (အရောင်းလုပ်ငန်း နှင့်ပြင် ဆင်)
၃၁။ သိုလှောင်ရောင်းချခြင်းလုပ်ငန်းလိုင်စင်(ကောက်ပဲသီးနှံသိုလှောင်ခြင်းလုပ်ငန်း)
၃၂။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(လက်လီအရောင်းဆိုင်)
၃၃။ ဝါဂွမ်း၊ ချည်မျှင်၊ အဝတ်အထည်ချုပ်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းလိုင်စင် (လက်လီအရောင်း)
၃၄။ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်လုပ်ငန်းလိုင်စင်
၃၅။ လူသုံးကုန်ပစ္စည်းများနှင့်စတိုးဆိုင်လုပ်ငန်းလိုင်စင်
၃၆။ အမဲဆီ၊ ဝက်ဆီချက်နှင့် ချောဆီလုပ်ငန်းလိုင်စင်
၃၇။ စားသောက်ကုန်စုံဆိုင်လုပ်ငန်းလိုင်စင်
၃၈။ သိုလှောင်ရောင်းချခြင်းလုပ်ငန်းလိုင်စင်(ပွဲရုံ၊ ဂိုထောင်လုပ်ငန်း)
၃၉။ အငှားအိမ် ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်
၄၀။ တည်းခိုခန်းလုပ်ငန်းလိုင်စင်
၄၁။ ဘော်ဒါဆောင်လုပ်ငန်းလိုင်စင်
၄၂။ စားအသောက်လုပ်ငန်းနှင့် စားသုံးသူအကာအကွယ်ပေးခြင်း ဥပဒေအကျုံးဝင် လုပ်ငန်းများ လိုင်စင်(အစားအသောက် လုပ်ငန်း)
၄၃။ အကျိုးဆောင်၊ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်(သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း)
၄၄။ အကျိုးဆောင်၊ ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်း)
၄၅။ စက်မှုလက်မှုလုပ်ငန်းလိုင်စင်(အတတ်ပညာဆိုင်ရာလုပ်ငန်း)
၄၆။ သင်တန်းလုပ်ငန်းလိုင်စင်
၄၇။ အကျိုးဆောင်၊ ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
၄၈။ ဖလင်ကော်ပြား၊ ကုန်စည်ဝတ္ထုများနှင့် ရုပ်ရှင်၊ ဗွီဒီယိုပြသမှုဆိုင်ရာလုပ်ငန်း၊ စီဒီအိုကေ လုပ်ငန်းလိုင်စင်
၄၉။ မိတ္တူကူးနှင့် ကွန်ပျူတာအသုံးပြုဆိုင်ရာလုပ်ငန်းလိုင်စင်
၅၀။ စီးပွားရေးလုပ်ငန်း အမှိုက်သိမ်းဆည်းခ(ဟိုတယ်)
၅၁။ အကျိုးဆောင်၊ ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(အခြားဝန်ဆောင်မှုလုပ်ငန်း)
၅၂။ အစားအသောက်ဆိုင်နှင့်အခြားလုပ်ငန်းလိုင်စင်လျှောက်လွှာ
၅၃။ လုပ်ငန်းလိုင်စင်ဆက်လက်ခံယူခွင့်လျှောက်လွှာ
၅၄။ အထပ်မြင့်အဆောက်အဦး ထောက်ခံချက်ပုံစံ
၁။ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
၂။ အိမ်ထောင်စုဇယားမိတ္တူ
၃။ လျှောက်ထားသူ၏ ဓါတ်ပုံ(၃)ပုံ
၄။ ပတ်ဝန်းကျင်အိမ်ရှိအိမ်များမှ ကန့်ကွက်ရန်မရှိကြောင်းသဘောတူညီချက်
၅။ ရ.ယ.က ထောက်ခံချက်
၆။ အိမ်ခွန်၊ ရေခွန်၊ မြေခွန်၊ ကြွေးကျန်မရှိကြောင်း ထောက်ခံချက်
၇။ လုပ်ငန်းတည်နေရာ ငှားရမ်းဆောင်ရွက်ပါက အိမ်ရှင်/အိမ်ငှားသဘောတူ စာချုပ်မိတ္တူ
၈။ လုပ်ငန်းဓါတ်ပုံ(၃)ပုံ
၁။ မီးအသုံးပြုရသည့်လုပ်ငန်းများအတွက်(မြို့နယ်မီးသတ်တပ်ဖွဲ့မှူးရုံး၏ ထောက်ခံချက်)
၂။ ရေသန့်စက်ရုံကြီးများ၊ မုန့်မျိုးစုံစက်ရုံကြီးများ၊ အချိုရည်စက်ရုံကြီးများ၊ ငပိ၊ ငံပြာရည်၊ ငရုပ်ရည်၊ ဆော့စသည့်လုပ်ငန်းများ-(FDA ထောက်ခံချက်)
၃။ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ ကျန်းမာရေးအကြောပြင်၊ Beauty Spa အလှပြင်ဆိုင် များ၊ကလေးကစားကွင်း၊ အင်တာနက်ဂိမ်း၊ ဘတ္ထရီအိုးသုံး အက်ဆစ်ရောင်း စသည့်လုပ်ငန်းများ-(ရဲစခန်းထောက်ခံချက်)
၄။ ကျန်းမာရေးအကြောပြင် ဝန်ဆောင်မှုလုပ်ငန်းများ၊ Brauty Spa အလှပြင် ဆိုင်များ (မြို့နယ်ထွေ/အုပ်အဖွဲ့ခေါင်းဆောင်(ပါ) အဖွဲ့ဝင်(၅)ဦး ကော်မတီ ထောက်ခံချက်)
၅။ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ ကျူခုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အကျိုးဆောင်လုပ်ငန်းများ-(ထွေ/အုပ်ထောက်ခံချက်)
၆။ မော်တော်ကား၊ Show Room - (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထောက်ခံချက်နှင့်ပြည်တွင်းအခွန်ကုန်သွယ်ခွန်ပေးဆောင်ပြီး သည့် အထောက်အထား များ)
၇။ GAS သိုလှောင်ခြင်း၊ ရောင်းချခြင်းလုပ်ငန်းအတွက် (စွမ်းအင်ဝန်ကြီးဌာနမှ ချထားပေး သည့်လုပ်ငန်းလုပ်ကိုင်ခွင့်)
၈။ စက္ကူနှင့် ပုံနှိပ်လုပ်ငန်းအတွက်- (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ထောက်ခံချက်)
၉။ စက်မှုလက်မှုလုပ်ငန်း၊ သစ်အချောထည်၊ သစ်စက်နှင့်ပရိဘောဂလုပ်ငန်း-(သစ်တောဦးစီးဌာနထောက်ခံချက်)
၁၀။ ဖူဆယ်ဘောလုံးကစားကွင်းလုပ်ငန်း- (မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာန ၏ ထောက်ခံချက်)
၁၁။ တည်းခိုခန်း၊ ဘော်ဒါဆောင်၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက်- (မြို့နယ်ကျန်းမာရေးဌာနထောက်ခံချက်)
၁၂။ တည်းခိုခန်းလုပ်ငန်းအတွက်-(မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၏တည်းခိုခန်းဆောက်လုပ်ခွင့်ပြုမိန့်နှင့်အသုံးပြုခွင့်ထောက်ခံချက်)
၁၃။ ဖလင်ကော်ပြား၊ ကုန်စည်ဝတ္ထုများနှင့် ရုပ်ရှင်၊ ဗွီဒီယိုပြသမှုဆိုင်ရာလုပ်ငန်း၊ စီဒီအိုကေ လုပ်ငန်း-(တိုင်းဒေသကြီးဗွီဒီယိုအခြေခံအဖွဲ့၊ စင်တင်တေးဂီတ ကြီးကြပ်မှု ကော်မတီ၏ ထောက်ခံချက်)
၁၄။ အငှားအိမ်/တာဝါတိုင်ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်-(အိမ်ရှင်၊အိမ်ငှားသဘောတူ စာချုပ်)
အနှေးယာဉ်လိုင်စင်လဲလှယ်ခြင်းအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျှက်ရှိပါသည်။ လိုင်စင်လဲလှယ်ရာတွင် ယူဆောင်လာရမည့် အချက်အလက်များ-
( ၁ ) ယာဉ်ပိုင်ရှင်ပတ်စပို့ဓာတ်ပုံ ( ၂ )ပုံ
( ၂ ) နင်သားဓာတ်ပုံ( ၂ )ပုံနှင့် မှတ်ပုံတင်
( ၃ ) ယခင်နှစ်ယာဉ်ပိုင်ဆိုင်မှုစာအုပ် + နံပါတ်ပြား
( ၄ ) နင်းသားလိုင်စင်အဟောင်း
( ၅ ) ယာဉ်ပိုင်ရှင်၏ မှတ်ပုံတင်(သို့) အိမ်ထောင်စုဇယား
မန္တလေးမြို့တော်စည်ပင်သာယာနယ်မြေ (၆)မြို့နယ်အတွင်းရှိ အငှားဆိုင်ကယ်များအား အငှားဆိုင်ကယ်မောင်းနှင်ခွင့် လုပ်ငန်းလိုင်စင်များအား ဆောင်ရွက်ပေးလျှက် ရှိပါသည်။ အငှား ဆိုင်ကယ်မောင်းနှင်ခွင့် လိုင်စင်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အထောက်အထားများ-
( ၁ ) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူ - ( ၂ )စောင်
( ၂ ) ယာဉ်မောင်းလိုင်စင် မူရင်း /မိတ္တူ - ( ၂ )စောင်
( ၃ ) အငှားဆိုင်ကယ်မောင်းနှင်သူနေထိုင်သည့် မန္တလေးမြို့တော်နယ်နိမိတ်အတွင်း ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံချက်
( ၄ ) လိုင်စင်ဓာတ်ပုံ - ( ၅ )ပုံ
( ၅ ) ဘီးလှိမ့်ခွန် မူရင်း / မိတ္တူ - ( ၂ )စောင်
( ၆ ) ယာဉ်လိုင်စင် မူရင်း /မိတ္တူ - ( ၂ )စောင်
အငှားဆိုင်ကယ်လိုင်စင်လဲလှယ်ဆောင်ရွက်ရာတွင် ယူဆောင်လာရမည့်အချက်များ-
( ၁ ) ယာဉ်ပိုင်ရှင်၏ ပတ်စပို့ဓါတ်ပုံ - ( ၁ )ပုံ
( ၂ ) အငှားဆိုင်ကယ်မောင်းနှင်ခွင့်လက်မှတ်အဟောင်း
( ၃ ) ယခင်နှစ်အငှားဆိုင်ကယ်မှတ်ပုံတင်စာအုပ်
အငှားဆိုင်ကယ်မောင်းနှင်ခွင့် လုပ်ငန်းလိုင်စင်ပြုလုပ်ခြင်းအတွက် ပေးဆောင်ရန်နှုန်းထားများ-
( ၁ ) အငှားဆိုင်ကယ်မှတ်ပုံတင်ကြေး - ၅၀၀ဝိ/-
( ၂ ) အငှားဆိုင်ကယ်လိုင်စင်ကြေး - ၅၀၀ဝိ/-
( ၃ ) Waist Coat ကြေး - ၆၀၀ဝိ/-
မှတ်ချက် ။ မှတ်ပုံတင်ထားပြီးသောဆိုင်ကယ်ကို လိုင်စင်သက်တမ်းတိုးဆောင်ရွက်ပါက မှတ်ပုံ တင်ကြေး ကင်းလွတ်ခွင့်ပေးပြီး လုပ်ငန်းလိုင်စင်ကြေးအတွက် ငွေ ၅၀၀ဝိ/-(ကျပ်ငါးထောင်တိတိ) အား ကောက်ခံပါသည်။
၁။ Online မှလိုင်စင်ပိတ်သိမ်းကြောင်း လျှောက်ထားလာပါကအောက်ပါအထောက်အထားများ လိုအပ်ပါသည်။
(က) လိုင်စင်အဟောင်းမိတ္တူ
(ခ) အခြားလိုအပ်သောအထောက်အထားများ
၁။။ လိုင်စင်ဆက်လက်ခံယူခွင့် လျှောက်ထားခြင်း လိုအပ်သောအထောက်အထားများ
၂။။ Online မှ လုပ်ငန်းလိုင်စင်သက်တမ်းတိုးလျှောက်ထားရာတွင် ပုံမှန်အားဖြင့်အောက်ဖော်ပြပါ အချက် အလက်များ၊ ထောက်အထားများအား ပူးတွဲ တင်ပြရပါမည်။
၃။ အချက်အလက်ပြည့်စုံသော သက်တမ်းတိုးလျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ်များမှ လိုင်စင်ခွင့် ပြုကြောင်း အကြောင်းကြာပါမည်။
၄။ ခွင့်ပြုချက်ရရှိပြီးပါက ငွေပေးသွင်းရမည့်ရက်အား အကြောင်းကြားပေးပြီး လိုင်စင်ကတ်ပြားထုတ်ပေး မည်ဖြစ်ပါသည်။
၁။ Online မှ လက်ရှိမလျှောက်ထားနိုင်သော လျှောက်လွှာများကို မြို့နယ်ရုံးများတွင် လျှောက်ထားနိုင်ပါသည် လျှောက်လွှာအသစ်လက်ခံရရှိပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများမှ ကွင်း ဆင်းစစ်ဆေးမည့် ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများလိုအပ်ပါက တစ်ပြိုင်တည်းတောင်းခံပါမည်။
၂။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံးပြီး လိုအပ်ချက်မရှိပါက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဆက်လက်တင်ပြပေးပါသည်။ ဒုတိယ မြို့နယ် အုပ်ချုပ်ရေး မှူးမှ ကွင်းဆင်းစစ်ဆေးပြီးသော လျှောက်လွှာများကို စစ်ဆေး ပြီးပါက မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ဆက်လက်တင်ပြပေးမည် ဖြစ်ပါသည်။
၃။ မြို့နယ်အုပ်ချူပ်ရေးမှူးမှ စစ်ဆေးပြီးပါက ကော်မတီသို့ ဆက်လက်တင်ပြပေးပါသည်။ ကော်အတီမှ စိစစ် အတည်ပြုပြီးသောလိုင်စင်များကိုလိုင်စင်ခွင့်ပြုပြီးကြောင်း မြို့နယ်ရုံးများမှ လျှောက်ထားသူများထံသို့ အကြောင်းကြားပေးမည်ဖြစ်ပါသည်။
၄။ ခွင့်ပြုချက်ရရှိပြီးသောလိုင်စင်များကို လိုင်စင်ကြေးပေးသွင်းရန် မြို့နယ်ရုံးများမှ တာဝန်ရှိသူများမှ အကြောင်းကြား စာပေးပို့မည်ဖြစ်ပါသည်။
၅။ သက်ဆိုင်ရာမြို့နယ်ရုံးများတွင် သတ်မှတ်လိုင်စင်ကြေးပေးသွင်းပြီးသော လျှောက်လွှာများကို လိုင်စင်ကတ် ပြားများ ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။