စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန
၁။မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန ကို၂၀၀၀ပြည့်နှစ် ဧပြီလ(၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနိုင်ငံတော်အကြီးအကဲများ ၏လမ်းညွှန်မှု၊ မြို့တော်ဝန်နှင့် ကော်မတီဝင်များ၏ ကြီးကြပ်ကွပ်ကဲမှု၊ ဌာနမှူး၏အနီး ကပ်ကြီးကြပ်မှုတို့ဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး
လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ကော်မတီပိုင်ယာမြေများမှ ဒေသရာသီဉတုနှင့်ကိုက်ညီသောသီးနှံပင်များစိုက်ပျိုး ခြင်း၊ သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သား ငါးများအား ဝန်ထမ်းများသို့ သက်သာချောင်ချိသော နှုန်းထားများဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရန် နှင့် စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းများမှမျိုးကောင်းမျိုးသန့် နှင့် နည်းပညာများ ဖြန့် ဖြူးပေးရန်၊ ကော်မတီရန်ပုံငွေ တိုးမြှင့်ရှာဖွေပေးနိုင်ရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဌာန၏ ဖွဲ့စည်းပုံလုပ်ငန်းတာဝန်များနှင့်ရည်မှန်းချက်များ သိရှိသဘောပေါက် နားလည် စေရန်။
၃။
(က)စပါးစိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသော ဆန်စပါးများအား အခြေခံစားသုံးကုန်ဖူလုံရေးအတွက် တဖက်တလမ်းမှအထောက်အကူပြု လျှက်ရှိပါသည်။
( ခ)နေခြည်သဘာဝမြေဩဇာနှင့်တီမြေဩဇာလုပ်ငန်းမှ စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လိုအပ်သောမြေဩဇာများ ထုတ်လုပ်ပေးလျက် ရှိပါသည်။
( ဂ)အကျိုးတူ ငါးမွေးမြူရေးလုပ်ငန်းမှ မြို့နေလူထု ငါးစားသုံးမှုလိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိပါသည်။
(ဃ)သက်သာအရောင်းဆိုင်မှ ဝန်ထမ်းများအား သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သားငါးများဌာနမှ ထွက်ရှိသောဆန်များအား ရောင်းချ ပေးလျက်ရှိသဖြင့်ဝန်ထမ်းများသက်သာချောင်ချိမှု ရရှိစေပါသည်။
(က)မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများနှင့်မြို့တော် နေ ပြည်သူလူထုများအား ဟင်းသီးဟင်းရွက်နှင့် သား၊ငါး၊ကြက်ဉတို့ကို ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူစားသုံးနိုင်ရန် စီမံဆောင်ရွက်ခြင်း။
( ခ)ငွေရေးကြေးရေးကိစ္စများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ခြင်း။
( ဂ)စိုက်ပျိုးမွေးမြူရေးမြေနေရာများ တိုးချဲ့ဆောင်ရွက်နိုင်ရန် လမ်းညွန်ချက် နှင့်အညီ ရှာဖွေဖော်ထုတ်၍ ထုတ်လုပ်မှုမြှင့်တင်ခြင်း။
(ဃ)ထုတ်လုပ်ထွက်ရှိလာသော ဟင်းသီးဟင်းရွက်သီးနှံ ၊ သား/ငါး ၊ သဘာဝ မြေဩဇာများကို သယ်ယူပို့ဆောင်ခြင်း၊ ဈေးကွက်ရှာဖွေ၍ ရောင်းချခြင်းများကို ဆောင်ရွက်ခြင်း
( င)ထုတ်လုပ်မှုမှရရှိသော ငွေကြေးပစ္စည်းများကို စနစ်တကျ မှတ်တမ်းပြုစု ထားရှိရေး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်စေရေးအတွက် စီမံဆောင်ရွက်ခြင်း။
( စ)စိုက်ပျိုးမွေးမြူရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း။
(ဆ)ဝန်ထမ်းများ သက်သာချောင်ချိရေးကို မျက်ခြေမပျက်ဆောင်ရွက်ခြင်း။
( ဇ)အင်းများ၊ယာမြေများ၊လယ်မြေများနှင့် အဆောက်အဦများကို ကော်မတီ ၏ ဆုံးဖြတ်ချက်နှင့်အညီ ငှားရမ်းခြင်းအား စီမံဆောင်ရွက်ခြင်း။
( ဈ)ကော်မတီပိုင်မြေများအား ဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခြင်း။
(ည)ကော်မတီမှ အခါအားလျှော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနမှ အောက်ပါအတိုင်း လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်-
(က)စပါးစိုက်ပျိုးရေး။မဲကင်းကုန်း၊ ဂွေ့ကြီးကုန်းလယ်များတွင် မိုးစပါး (၇၈.၅)ဧကနှင့် နွေစပါး(၇၁.၅)ဧက၊ ဝသုန္ဒရစိုက်ကွင်းတွင် မိုးစပါး (၆)ဧကစိုက်ပျိုးဆောင်ရွက်လျက်ရှိပါသည်။ထွက်ရှိသော စပါးများကိုဆန် ကြိတ်ခွဲ၍ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်ရောင်းချပေးလျှက် ရှိပါသည်။
( ခ)နေခြည်သဘာဝမြေဩဇာလုပ်ငန်း။ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် (ကောက်ရိုး၊ ဗေဒါ၊ ကျုံးမှော် ကုန်ကြမ်းများ)ဖြင့် သဘာဝမြေဩဇာ ထုတ်လုပ် လျှက်ရှိပြီး (၂၀)ကီလိုဂရမ် အရွယ်အစား တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀/- နှုန်းဖြင့် ရောင်းချ ပေးလျှက်ရှိပါသည်။
( ဂ)တီစွန့်ပစ်မြေဩဇာလုပ်ငန်း။ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် တီကန် (၁၀၀) ကန်ကို နွားချေးအရည်ဖျော်၍ အစာကျွေးခြင်း၊ကုန်စိမ်းအရွက် များဖြင့် အစာကျွေးပြီး ထွက်ရှိသောတီမြေဆွေးများကို (၂)ကီလို ဂရမ် အရွယ်အစား တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀/-နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
(ဃ)ပြည်သူများမှ လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်- ဝန်ထမ်းမိသားစုများအား သက်သာချောင်ချိရေးဆောင်ရွက်နိုင်မှု အခြေအနေ များကို အောက်ပါအတိုင်းဆောင်ရွက်နိုင်ခဲ့ပါသည်-
(က)၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် မိုးစပါး(ဧရာမင်း)ဆန် (၉၈၉)အိတ်အား တစ်အိတ် လျှင်ကျပ် ၃၆၀၀၀/- နှုန်းဖြင့်စုစုပေါင်းကျပ်(၈၉၀၁၀၀၀/-)လျှော့၍ ဝန်ထမ်း များအား သက်သာချောင်ချိစွာ ပြင်ပပေါက်ဈေး ထက်တစ်အိတ်လျှင် ၉၀၀၀/-နှုန်းလျော့နည်းပြီး ရောင်းချပေးနိုင်ခဲ့ပါသည်။
( ခ)လုပ်သားနှင့်ယာယီဝန်ထမ်းများအား အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရေး အတွက် ဧရာမင်းဆန်(၁)ပြည်ထုပ်(၁၇၂၈)ထုပ်အား တစ်ထုပ်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့် သက်သာစွာရောင်းချပေးနိုင်ခဲ့ပါသည်။
( ဂ)မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် ညှိနှိုင်း၍ ကြက်ဉ (၃၇၀၀၀)လုံး အား ပြင်ပပေါက်ဈေး(၁)လုံးလျှင် ကျပ်၁၁၀/-ရှိချိန်တွင် ကျပ် (၂၀/-) လျှော့ နည်း၍ ဌာနမှ တစ်လုံးလျှင် ကျပ်၉၀/-နှုန်းဖြင့် လည်းကောင်း စုစုပေါင်း ကျပ်(၇၄၀၀၀၀/-) သက်သာစွာ ရောင်းချပေးနိုင်ခဲ့ပါသည်။
(ဃ)မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် ညှိနှိုင်း၍ ကြက်သားများကို လည်း ပြင်ပပေါက်ဈေးထက် (၁)ပိဿာ ကျပ်၂၀၀၀/-နှုန်း လျှော့နည်း၍ အပယ်လွတ် တစ်ပိဿာလျှင် ကျပ်၄၀၀၀/-နှုန်းဖြင့် သက်သာစွာ ရောင်းချ ပေးနိုင်ခဲ့ပါသည်။
( င)ကန်တော်ကြီးငါးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသော ငါးများအား အပတ်စဉ် သောကြာနေ့တိုင်း (၁)ပိဿာလျှင် ကျပ်(၁၀၀၀/-) လျှော့နည်း၍ ဝန်ထမ်း များအား သက်သာစွာ ရောင်းချပေးနိုင် ခဲ့ပါသည်။
(စ )ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံမှ ကြက်ခြံ(၅)ခြံ၊ ငါးကန်(၃)ကန်နှင့် ဝက်ခြံ(၁) ခြံတို့အား ပုဂ္ဂလိကငှားရမ်းခြင်းဖြင့် မွေးမြူဆောင်ရွက်လျက်ရှိပါသည်။
(ဆ)ခြံထွက်သီးနှံ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကိုလည်း ဝန်ထမ်းများ အား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ခဲ့ပါသည်။
(ဇ)ပြင်ပဆန်စက်လုပ်ငန်းရှင်များနှင့် ညှိနှိုင်း၍ (၄)ပြည်အိတ် (၁)အိတ်လျှင် ကျပ်၁၀၀၀/- လျှော့နည်း၍ စုစုပေါင်း(၅၀၀၀)အိတ်အတွက် ငွေကျပ် ၅၀၀၀၀၀၀/- လျှော့နည်း၍ ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ခဲ့ပါသည်။