Mandalay Daily News
အသိပေးကြေညာခြင်း
မန္တလေးမြိုတော် စည်ပင်သာယာနယ်နိမိတ်အတွင်း၌ နေထိုင်ကြသော လုပ်သားပြည်သူများ အနေဖြင့် အမှိက်ကား ခေါ်ယူလိုပါက မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီ (၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂ လမ်းကြား) ကွပ်ကဲရေးရုံးရှိ သန့်ရှင်းရေးဌာနသို လာရောက်၍ နေ့စဥ် ဆက်သွယ် ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
7-Apr-2025
6-Apr-2025
မန်းစည်ပင်မှ အခကြေးငွေ တောင်းခံခြင်းမရှိ
မန္တလေးမြိုပေါ်တွင် ငလျင်ဘေးဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးဆုံးရှုးမှုများအား မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ လူအင်အား၊ ယာဥ်/စက်/ယန္တရားများဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရာတွင် အခကြေးငွေ တောင်းခံခြင်းမရှိကြောင်းနှင့် ကယ်ဆယ်ရေး၊ အဆောက်အဦပျက်များ ဖယ်ရှားရှင်းလင်းရေးများနှင့်ပက်သက်၍ ကွပ်ကဲရေးရူံး၊ ၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားရှိ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံးကြီးသို ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ # မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ မန္တလေး_ငလျင်
5-Apr-2025
Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ က ပြင်ပ လူနာ ၄၀ကျော်ကုသပေးနိုင်ခဲ့
မန္တလေး မတ် ၄ ပြင်ပလူနာများကို Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ က မွန်းလွဲ ၁နာရီ မှ စတင်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူလူထုများအား ကုသပေးလျက်ရှိရာ လူနာ အရေအတွက် ၄၀ ကျော်ကို ကုသပေးခဲ့ကြောင်း သိရသည်။ နောက်ရက်များတွင် ကုသလိုသည့် ပြည်သူလူထုများအနေဖြင့် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံး၊ ၂၆လမ်း၊ ၇၁လမ်းx၇၂လမ်းကြားသိုနံနက်(၉း၀၀)နာရီမှညနေ(၅း၀၀)ထိ လာရောက်ကုသနိုင်ပါကြောင်းသိရသည်။
ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် ဆေးကုသမှုများပေးနေ
မန္တလေးမြိုတွင် ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးသောင့်ရှောက်မှုပေးရန် အိန္ဒိယနိုင်ငံဆေးတပ်မှချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်းအတွင်း ယာယီ ဆေးရုံဖွင့်လှစ်၍လည်းကောင်း၊အိန္ဒိယသံအမတ်ကြီးဦးဆောင်မှုဖြင့် အိန္ဒိယနိုင်ငံမှဆရာဝန်များက ၇၇ လမ်းနှင့် ၂၈ လမ်းထောင့် မီးရထားဝင်းအတွင်း၌လည်းကောင်း၊ဂျပန်နိုင်ငံ JICA အဖွဲမှ ၂၆ လမ်း ၊လမ်း ၇၁လမ်းရှိမြိုတော်စည်ပင်သာယာရေးကော်မတီရုံးဝင်းအတွင်း၌လည်းကောင်း ဆေးရုံဆေးခန်းများဖွင့်လှစ်ကာ ဆေးကုသမှုများပေးနေပြီဖြစ်ေကြာင်း သိရသည်။
Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ ဆေးရုံတည်ဆောက်လျက်ရှိ
မန္တလေး မတ် ၄ ရက် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူလူထုများအား Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲမှ X-Rayရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ပြင်ပထိခိုက်ဒဏ်ရာများ၊ အရိုးကျိုးခြင်းနှင့် အထွေထွေရောဂါများ အတွက် အခမဲ့စမ်းသပ်ကုသပေးမည့် ဆေးအဖွဲဝင် ၃၁ ဦး MCDC ရုံးကြီး အတွင်း ယနေ့ နံနက်ပိုင်းမှစတင်ကာ ဆောက်လုပ်တတပ်ဆင်နေပြီး မွန်းလွဲ ၁နာရီ တွင် စတင်ကုသမှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ သိုဖြစ်၍ ကုသလိုသည့် ပြည်သူလူထုများအနေဖြင့် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံး၊ ၂၆လမ်း၊ ၇၁လမ်းx၇၂လမ်းကြားသို(၄-၄-၂၀၂၅)ရက်နေ့တွင် နေ့လည်(၁း၀၀)မှ (၅း၀၀)နာရီထိနှင့် ကျန်ရက်များတွင် နံနက်(၉း၀၀)နာရီမှညနေ(၅း၀၀)ထိ လာရောက်ကုသနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။