Mandalay City Development Committee
The Mandalay City Development Committee (Burmese: မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ; abbreviated MCDC) is the administrative body of Mandalay, the second largest city in Myanmar (Burma).[1] MCDC has wide-ranging responsibilities, including city planning, land administration, tax collection, and urban development.[1] MCDC raises its own revenues through tax collection, fees, licenses and property development.[1] MCDC’s chairman acts as Mayor of Mandalay, and sits as the Municipal Minister for the Government of Mandalay Region.[1] MCDC is currently chaired by Mayor Ye Lwin.[2]
History
MCDC was established first established by the State Law and Order Restoration Council‘s 1992 City of Mandalay Development Law.[3] In 2002, the said law was repealed by State Peace and Development Council and replaced with the 2002 City of Mandalay Development Law.[4] Mandalay Region Hluttaw enacted the new MCDC law in 2014 December. MCDC was formed by the Mandalay Regional Government, and legally comprises 13 to 15 members, including a Chairman who acts as the Minister (Mayor), and a Vice-Chairman, who acts as the Vice-Mayor.[4]
Department
- Administration Department
- Motor Transport & Workshop Department
- Market and Slaughter House Department
- Finance Department
- Revenue Department
- Cleansing Department
- Playgrounds, Parks and Gardens Department
- Building and Central Stores Department
- Roads and Bridges Department
- Water and Sanitation Department
- Urban Planning and Land Administration Department(Most Corrupted Department)
- Public Relations and Information Department
- Inspection Department
- Agriculture and Livestock Breeding Department
Mission
Projects are being carried out in all sectors with the three objectives, namely;
- to make the city clean
- to keep the city beautiful
- to enable the city dwellers to enjoy a pleasant life
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်္ဂလိပ်: Mandalay City Development Committee; အတိုကောက် MCDC) သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်း ဖြစ်သည်။[၁] မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် မြို့တော်စီမံကိန်းများ၊ မြေနေရာ စီမံခြင်း၊ အခွန်ကောက်ခံခြင်းနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်သည်။[၁] စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌသည် မြို့တော်ဝန်အဖြစ် တာဝန်ယူသကဲ့သို့ ၂၀၁၁နောက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စည်ပင်သာယာရေးဝန်ကြီးအဖြစ်ပါ ဆောင်ရွက်သည်။[၁] မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လက်ရှိဥက္ကဋ္ဌမှာ ဦးရဲလွင် ဖြစ်သည်။[၂]
မာတိကာ
သမိုင်းကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို ၁၉၉၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ဥပဒေအမှတ် ၁၀/၉၂ဖြင့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသန်းရွှေက လက်မှတ်ရေးထိုးထုတ်ပြန်သော မန္တလေးမြို့ စည်ပင်သာယာရေး ဥပဒေအရ စတင်ဖွဲ့စည်းခဲ့သည်။[၃]ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးထွန်းကြည်မှ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၀၂ ခုနှစ်တွင် ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ရုပ်သိမ်းပြီး ၂၀၀၂ ခုနှစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် အစားထိုးခဲ့သည်။[၄] အဖွဲ့ဝင် ၅ ဦးမှ ၉ ဦးအထိ ပါဝင်ပြီး ဥက္ကဋ္ဌက မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌက ဒုတိယမြို့တော်ဝန်အဖြစ်လည်းကောင်း တာဝန်ယူသည်။[၄]
ဌာနများ
- စီမံရေးရာဌာန
- မော်တော်ယဉ်နှင့် စက်ပြင်ဌာန
- ဈေးနှင့် သားသတ်ရုံဌာန
- ဘဏ္ဍာရေးဌာန
- အခွန်ဌာန
- သန့်ရှင်းရေးဌာန
- ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန
- အဆောက်အဦနှင့် ဗဟိုစတိုဌာန
- လမ်းတံတားဌာန
- ရေနှင့်သန့်ရှင်းမှု ဌာန
- မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
- ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန
- စစ်ဆေးရေးဌာန
- စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန