Mandalay Region
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။
မာတိကာ
- ၁ သမိုင်းကြောင်း
- ၂ တည်နေရာနှင့် အကျယ်အဝန်း
- ၃ ရာသီဥတု
- ၄ အုပ်ချုပ်ရေး
- ၅ လူဦးရေ
- ၆ စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
- ၇ ပညာရေး
- ၈ စိတ်ဝင်စားဖွယ်နေရာများ
- ၉ ဒေသထွက်ကုန်များ
- ၁၀ တွင်းထွက်များ
- ၁၁ ကိုးကား
- ၁၂ ပြင်ပလင့်ခ်များ
သမိုင်းကြောင်း
မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရ။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို “အညာသားယဉ်ကျေးမှု” (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်)၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ– ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ [၂]
တည်နေရာနှင့် အကျယ်အဝန်း
မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၁၉၂၅.၉၆ စတုရန်းမိုင်[၂] ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက်[၁] ရှိသည်။
ရာသီဥတု
ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဖက် တောင်တန်းဒေသများ(မိုးကုတ် နှင့် ပြင်ဦးလွင်) တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၎င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိပါသည်။
တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်ပါသည်။
အုပ်ချုပ်ရေး
မြို့တော်
မန္တလေးတိုင်းဒေသကြီး၏ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။
မန္တလေးတိုင်းမြေပုံ
အုပ်ချုပ်ရေး
အခြားကြည့်ရန်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
မန္တလေးတိုင်းကို ယခင်က ၂၆ဘီလမ်းနှင့် ၆၆လမ်းထောင့်ရှိ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အုပ်ချုပ်ခဲ့သည်။၂၀၁၁ခုနှစ် အစိုးရအသစ်တက်လာချိန်မှစကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအဖြစ် ၆၄လမ်းနှင့် ၂၄လမ်းထောင့်တွင် ဖွင့်လှစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးဝန်ကြီးများမှ အုပ်ချုပ်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး
ဥပဒေပြုရေး
အခြားကြည့်ရန်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်
၂၀၁၁ခုနှစ် စနစ်အသစ်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များပါဝင်သော တိုင်းဒေသကြီးဥပဒေပြုလွှတ်တော် စတင်ကျင်းပခဲ့သည်။မူလလွှတ်တော်မှာ ၆၅လမ်းနှင့် ၂၄လမ်းထောင့်ရှိ တိုင်းတရားလွှတ်တော်အဆောက်အအုံတွင် တည်ရှိခဲ့ကာ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှစ၍ ၉လမ်း လမ်း၇၀နှင့် ၇၃လမ်းကြားရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့သည်။
လက်ရှိ လွှတ်တော်အဆောက်အအုံ
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၇)ခု ရှိသည်။
ခရိုင်များ
- မန္တလေးခရိုင်
- ကျောက်ဆည်ခရိုင်
- မိတ္ထီလာခရိုင်
- မြင်းခြံခရိုင်
- ညောင်ဦးခရိုင်
- ပြင်ဦးလွင်ခရိုင်
- ရမည်းသင်းခရိုင်
မြို့နယ်ပေါင်း (၂၈) ခု ရှိသည်။
- အောင်မြေသာဇံ
- ချမ်းအေးသာဇံ
- မဟာအောင်မြေ
- ချမ်းမြသာစည်
- ပြည်ကြီးတံခွန်
- အမရပူရ
- ပုသိမ်ကြီး
- ပြင်ဦးလွင်
- မတ္တရာ
- စဉ့်ကူး
- မိုးကုတ်
- သပိတ်ကျဉ်း
- ကျောက်ဆည်
- စဉ့်ကိုင်
- မြစ်သား
- တံတားဦး
- မြင်းခြံ
- တောင်သာ
- နွားထိုးကြီး
- ကျောက်ပန်းတောင်း
- ငါန်းဇွန်
- ညောင်ဦး
- ရမည်းသင်း
- ပျော်ဘွယ်
- မိတ္ထီလာ
- မလှိုင်
- သာစည်
- ဝမ်းတွင်း
မြို့ပေါင်း (၂၈) မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၄၁၅) အုပ်စု၊ ရွာပေါင်း (၄၇၇၇) ရွာ ရှိသည်။ [၃]
အခြား မြို့ရွာများ
- အေလာ
- အမရပူရ
- အနီးစခန်း
- ပုဂံ
- ဘဲလင်း
- ဟန်ဇား
- လှိုင်းတတ်
- အင်းကုန်း
- ကန်မြဲ
- ကနွား
- ကင်းရွာ
- ကုက္ကိုစု
- ကူမဲ
- ကြံညှပ်
- ကျယ်ကန်
- ကြည်ထောင်ကန်
- လက်ပန်လှ
- လက်ဝဲ
- မတ္တရာ
- မလှိုင်
- မင်းပြင်
- မင်းကုန်း
- မိုးကုတ်
- မြင်းနီ
- မြစ်သား
- မြို့လှ
- နဘူးအိုင်
- နွားထိုးကြီး
- ညောင်လွန်း
- ညောင်အုပ်
- ညောင်ရမ်း
- ပန်းအိုင်
- ပုသိမ်ကြီး
- ပရံကစု
- ပင်းတလဲ
- လေးမျက်နှာရွာ
- တဲစုရွာ
- သုံးဒေါင့်အိုင်
- ပုပ္ပားရွာ
- ပျော်ဘွယ်
- ပြင်စာ
- ပြင်စည်
- ပြည်ညောင်
- စပါယ်နဂို
- ဆည်တော်
- ဆိတ်ထိန်း
- ရှမ်းရွာ
- ရွှေတောင်
- ရွှေစာရံ
- ဆီမီးခုံ
- စဉ့်ကူး
- စဉ့်ကိုင်
- တံတားဦး
- ဂွေးကုန်း
- တကောင်း
- သပိတ်ကျင်း
- သာဝတ္တိ
- သာစည်
- သဲတော
- တွင်းငယ်
- ဝါးဖြူတောင်
- ဝဲလောင်
- ဝက်လူး
- ဝက်ဝံရွာ
- ဝမ်းတွင်း
- ရမည်းသင်း
- ရတနာပုံ နည်းပညာ မြို့သစ်
- ရန္တပို
- ယင်းမာပင်
- ရွာတော်
လူဦးရေ
သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၁၉၇၃ | ၃၆၆၈၄၉၃ | — |
၁၉၈၃ | ၄၅၇၇၇၆၂ | +24.8% |
၂၀၁၄ | ၆၁၆၅၇၂၃ | +34.7% |
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁] |
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မန္တလေးတိုင်းဒေသကြီး၏ လူဦးရေသည် ၆၁၆၅၇၂၃ဦးဖြစ်ကာ ကျားဦးရေ ၂၉၂၈၃၆၇ မဦးရေမှာ ၃၂၃၇၃၅၆ဦးဖြစ်သည်။မြန်မာနိုင်ငံလူဦးရေ ၅၄သန်း၏ ၁၂ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းပြီးလျှင် တတိယအများဆုံးဖြစ်သည်။
မန္တလေးတိုင်းသည် ၁၉၇၃သန်းခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦးနှင့် ၁၉၈၃သန်းခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။တိုင်းပြည်လူဦးရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။အကြောင်းမှာ ပြည်ထောင်စုနယ်မြေအား မန္တလေးတိုင်းမှခွဲထုတ်၍ ရေတွက်ထားသောကြောင့်ဖြစ်သည်။ မန္တလေးတိုင်းအတွင်းရှိ ခရိုင်များတွင် မန္တလေးခရိုင်မှာ လူဦးရေအများဆုံးဖြစ်ကာ ညောင်ဦးခရိုင်မှာ အနည်းဆုံးဖြစ်သည်။သန်းခေါင်စာရင်းကောက်ယူစဉ်က ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း မပြုရသေးပေ။
ခရိုင်အလိုက် လူဦးရေ ရာခိုင်နှုန်း
မန္တလေးတိုင်း၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၀၀ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၇၆ဦးနှင့် နှိုင်းယှဉ်ပါက အင်မတန်မြင့်မားနေသည်။ရန်ကုန်တိုင်းပြီးလျှင် ဒုတိယမြောက် လူဦးရေအသိပ်သည်းဆုံးနယ်ပယ်ဖြစ်သည်။၁၉၇၃တွင် ၉၉ဦး၊၁၉၈၃တွင် ၁၂၄ဦးရှိခဲ့ရာမှ ၂၀၀ဦးသို့ မြင့်တက်လာခြင်းဖြစ်သည်။
တိုင်းဒေသကြီးအတွင်း လူ၁၀၀၌ ၆၅ဦးသည် ကျေးလက်၌ နေထိုင်ကြပြီး ၃၅ဦးသည် မြို့ပြတွင် နေထိုင်ကြသည်။မြို့ပြဦးရေ ၇၀%ရှိသော ရန်ကုန်တိုင်းနှင့် ၃၆%ရှိသော ကချင်ပြည်နယ်ပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်း၏ လူဦးရေအများစုမှာ ဗမာလူမျိုးများဖြစ်သည်။သို့သော်မန္တလေးမြို့ပြဧရိယာတွင် ယူနန်ပြည်မှပြောင်းလာသော တရုတ်လူမျိုးများလည်းနေထိုင်ကြသည်။[၄] အိန္ဒိယလူမျိုးများလည်းနေကြသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်နယ်စပ်တစ်လျောက်တွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။
တိုင်းဒေသကြီး၏ ကျား၊မ လူဦးရေအချိုး
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ပညာရေး
အခြားကြည့်ရန်။ မြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များ
မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးအများစုမှာ ရန်ကုန်နှင့် မန္တလေးတွင်ရှိသည်။အထက်မြန်မာပြည်၏ အဆင့်မြင့်တက္ကသိုလ်အများစုမှာ မန္တလေးတိုင်းတွင်ရှိသည်။ထို့အပြင် စစ်ဖက်ဆိုင်ရာတက္ကသိုလ်များလည်းတည်ရှိသည်။
အဆင့်မြင့်ပညာ | အရေအတွက် |
---|---|
တက္ကသိုလ် | ၁၈ |
ကောလိပ် | ၂ |
သိပ္ပံကျောင်း | ၂ |
အခြေခံပညာ | အရေအတွက် |
---|---|
အထက | ၂၄၂ |
အလက | ၃၀၁ |
အမက | ၂၄၉၄ |
အထက(ခွဲ) | ၁၈၃ |
အလက(ခွဲ) | ၃၆၁ |
အမက(ခွဲ) | ၇၅ |
မူလွန် | ၅၂၉ |
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း | အရေအတွက် |
---|---|
မူလတန်း | ၂၅၂ |
အလယ်တန်း | ၇၁ |
အထက်တန်း | ၂ |
ပုဂ္ဂလိကကျောင်း | ၁၄၉ |
အဆင့်မြင့်ပညာဦးစီးဌာန
- မန္တလေးတက္ကသိုလ်
- မန္တလေးအဝေးသင်တက္ကသိုလ်
- မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
- ရတနာပုံတက္ကသိုလ်
- ကျောက်ဆည်တက္ကသိုလ်
- မိတ္ထီလာတက္ကသိုလ်
- မန္တလေးနည်းပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)
- မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မန္တလေး)
- နည်းပညာတက္ကသိုလ်(ကျောက်ဆည်)
- နည်းပညာတက္ကသိုလ်(ရမည်းသင်း)
- မိတ္ထီလာစီးပွားရေးတက္ကသိုလ်
- မန္တလာဒီဂရီကောလိပ်
- မြင်းခြံဒီဂရီကောလိပ်
ဆရာအတတ်သင်နှင့်လေ့ကျင့်ရေးဦးစီးဌာန
- မိတ္ထီလာပညာရေးကောလိပ်
- မန္တလေးပညာရေးကောလိပ်
စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
- ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
- အစိုးရနည်းပညာကောလိပ်(မြင်းခြံ)
- မန္တလေးကွန်ပျူတာတက္ကသိုလ်
- မြန်မာသတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်
- မော်တော်ယာဉ်နည်းပညာသုတေသနဌာန
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
- နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)
- နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)
- အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
- ဆေးတက္ကသိုလ် (မန္တလေး)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)
- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)
- သူနာပြုတက္ကသိုလ် (မန္တလေး)
- ဆေးဝါးတက္ကသိုလ် (မန္တလေး)
- သားဖွားသင်တန်းကျောင်း
- ဘက်စုံသားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)
- သူနာပြုသင်တန်းကျောင်း (မန္တလေး)
- သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ)
တိုင်းရင်းဆေးပညာဦးစီးဌာန
- တိုင်းရင်းဆေးတက္ကသိုလ်
အားကစားနှင့်ကာယပညာဦးစီးဌာန
- အားကစားနှင့်ကာယပညာသိပ္ပံ
သမဝါယမဦးစီးဌာန
- ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ)
- ယွန်းပညာကောလိပ် (ပုဂံ)
စိတ်ဝင်စားဖွယ်နေရာများ
- မြနန်းစံကျော်ရွှေနန်းတော်
- ဦးပိန်တံတား
- အိမ်ရှေ့မင်းထန်းတော
- သခင်မတောင်
- မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
- တောင်ပြုန်းပွဲတော်
- ပုပ္ပါးတောင်
- ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
- ရတနာပုံ နည်းပညာ မြို့သစ်
- မိုးကုတ်ရတနာမြေ
- ပြင်ဦးလွင်မြို့
Mandalay Region (Burmese: မန္တလေးတိုင်းဒေသကြီး, pronounced [máɴdəlé táiɴ dèθa̰ dʑí], formerly Mandalay Division) is an administrative division of Myanmar. It is located in the center of the country, bordering Sagaing Region and Magway Region to the west, Shan State to the east, and Bago Region and Kayin State to the south. The regional capital is Mandalay. To the south of the region lies the national capital of Nay Pyi Taw. The division consists of seven districts, which are subdivided into 30 townships and 2,320 wards and village-tracts.
Mandalay Region is important in Myanmar’s economy, accounting for 15% of the national economy. It is under the administration of the Mandalay Region Government.
Contents
- 1 History
- 2 Administrative divisions
- 3 Government
- 4 Demographics
- 5 Economy
- 6 Education
- 7 Health care
- 8 Gallery
- 9 References
- 10 External links
History
The history of Mandalay Region is the same as that of much of Upper Myanmar except that for much of Burmese history, the political power emanated out of royal capitals located in Mandalay Region. The country’s present capital, Naypyidaw, and most former royal capitals of the Burmese nation—Bagan, Ava, Amarapura, Mandalay—are all located here.
The Tibeto-Burman speaking Pyu were the first historical people to dominate the dry zone in central Myanmar that includes Mandalay Region as early as the 1st century AD. By the early 9th century, the Pyu were decimated in a series of wars with the Nanzhao kingdom from Yunnan. The Burmans, who had been migrating into the region from Yunnan in the 9th century, founded a city of their own, Pagan, in 849. The Pagan dynasty gradually came to dominate the central zone over the next two centuries, and by the late 11th century, all of present-day Myanmar. The Burmese language and script came to prominence with royal patronage of Pagan kings.
After the fall of Pagan to the Mongols in 1287, parts of central Myanmar came to be controlled by a series of rulers: the Mongols (1287-c.1303), Myinsaing (1298–1313), Pinya (1313–1364), and Sagaing (1315–1364). In 1364, Ava kingdom led by Burmanized Shan kings reunified all of central Myanmar. Central Myanmar was under Ava’s control until 1527, and under the Shans of Monhyin (1527–1555). Burmese literature and culture came into its own during this era. Central Myanmar was part of the Taungoo kingdom from 1555 to 1752. Parts of the region fell briefly to the Mons of Pegu (Bago) (1752–1753). Konbaung Dynasty ruled the region until December 1885 when it lost all of Upper Myanmar in the Third Anglo-Burmese War.
The British administration organized seven divisions in Upper Myanmar: Mandalay, Meiktila, Minbu, Sagaing, and the Federated Shan States (North and South). Mandalay Division included what is now Kachin State. Circa 1940, Meiktila Division was merged with Mandalay Division. Much of Upper Myanmar, including Mandalay Division, was under the Japanese rule during World War II between May 1942 and March 1945. When the country gained independence from the United Kingdom in January 1948, the Myikyina and Bhamo districts were carved out to form Kachin State.[4]
Administrative divisions
Mandalay Region consists of 31 townships organized into seven districts.
Districts
- Kyaukse District
- Mandalay District
- Meiktila District
- Myingyan District
- Nyaung-U District
- Pyin Oo Lwin District
- Yamethin District
Government
Executive
See also: Mandalay Region Government
This section needs expansion. You can help by adding to it. (June 2015) |
Legislature
See also: Mandalay Region Hluttaw
This section needs expansion. You can help by adding to it. (June 2015) |
Judiciary
This section needs expansion. You can help by adding to it. (June 2015) |
Demographics
Historical population | ||
---|---|---|
Year | Pop. | ±% |
1973 | 3,668,493 | — |
1983 | 4,577,762 | +24.8% |
2014 | 6,165,723 | +34.7% |
Source: 2014 Myanmar Census[2] |
Religion in Mandalay (2015)[5] Buddhism (95.7%) Islam (3%) Christianity (1.1%) Hinduism (0.2%)
The majority of the population in Mandalay Region are Bamar (Burmans). In the Mandalay metropolitan area, however, a large community of Chinese, most of whom are recent immigrants from Yunnan, now nearly rival the Bamar population.[6] A large community of Indians also reside in Mandalay. A dwindling community of Anglo-Burmese still exists in both Pyinoolwin and Mandalay. A number of Shan people live along the eastern border of the region.
Burmese is the primary language of the division. However, Mandarin Chinese is increasingly spoken in Mandalay and the northern gem mining town of Mogok.
Economy
Agriculture is the primary economical source of livelihood. Primary crops grown within Mandalay Region are rice, wheat, maize, peanut, sesame, cotton, legumes, tobacco, chili, and vegetables. Industry, including alcoholic breweries, textile factories, sugar mills, and gem mines also exists. Tourism now forms a substantial part of Mandalay Region’s economy, as it contains many historical sites including Mandalay, Amarapura, Bagan, Pyin U Lwin, Mount Popa, and Ava. Hardwoods such as teak and thanaka are also harvested.
Education
See also: List of universities in Mandalay Region
Educational opportunities in Myanmar are extremely limited outside the main cities of Yangon and Mandalay. According to official statistics, over 1 million students were enrolled in the division’s 4,467 primary and secondary schools in 2005.[1] Of the total, the vast majority, about 4,000, were primary schools. Only about 13% of primary school students make it to high school.[7]
AY 2002-2003 | Primary | Middle | High |
---|---|---|---|
Schools | 4,011 | 231 | 113 |
Teachers | 19,000 | 7,200 | 2,500 |
Students | 690,000 | 259,000 | 91,000 |
The region has some of the best institutions of higher education in Myanmar. As medical, engineering and computer studies are the most sought after in Myanmar, the University of Medicine, Mandalay, the University of Dental Medicine, Mandalay, Mandalay Technological University, and the University of Computer Studies, Mandalay are among the most selective universities in Myanmar. Other highly selective schools are Myanmar Aerospace Engineering University and military academies in Pyinoolwin: Defence Services Academy and Defence Services Technological Academy.
Health care
See also: List of hospitals in Mandalay
The general state of health care in Myanmar is poor. The military government spends between 0.5% to 3% of the country’s GDP on health care, consistently ranking among the lowest in the world.[8][9] Although health care is nominally free, in reality patients have to pay for medicine and treatment even in public clinics and hospitals. Public hospitals lack many of the basic facilities and equipment. The following is a summary of the public health system in the division, in the fiscal year 2002-2003.[10]
2002–2003 | # Hospitals | # Beds |
---|---|---|
Specialist hospitals | 7 | 1,725 |
General hospitals with specialist services | 5 | 1,650 |
General hospitals | 30 | 1,260 |
Health clinics | 43 | 688 |
Total | 85 | 5,323 |
In 2005, Mandalay Region’s public health care system had slightly over 1,000 doctors and about 2,000 nurses working in 44 hospitals and 44 health clinics. Over 30 of the hospitals had less than 100 beds.[1] Since almost all of large public hospitals and private hospitals, and doctors are located in Mandalay, these low numbers for a division with 7.7 million are actually even worse in the rest of the division, though these figures are believed to have improved by the advent of Naypyidaw as the nation’s capital in 2006 although the level of improvement remains unreported. The well-to-do bypass the public health system and go to private clinics in Mandalay or Yangon in order to receive quicker medical attention and high-quality service.[11] The wealthy routinely go abroad (usually Bangkok or Singapore) for treatment.[12]