အဆောက်အအုံနှင့်ကုန်ရုံဌာန
နိဒါန်း
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်အား SMART CITY အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးကဲ့သို့ ပင်မတာဝန်ဖြစ်သည့်ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြို့တော်အင်္ဂါရပ်နှင့်ညီအောင်ဆောင်ရွက်ရေး၊ မြို့နေပြည်သူများပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ရေးတို့ကို နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ အဆောက်အအုံနှင့်ကုန်ရုံဌာနအနေဖြင့် ဖွံ့ဖြိုး တိုးတက်လာသော မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များနှင့်အညီ မြို့တော်အား ခေတ်မီစနစ်ကျသော အိမ်ရာများဖြစ်ပေါ်လာစေရေး၊ ပတ်ဝန်းကျင်နှင့်သဟဇာတလိုက်လျောညီထွေရှိစေရေး၊ သဘာဝ ဘေးအန္တရာယ်လျော့ကျနိုင်ရန် ကြိုတင်ကာကွယ်ရေး၊ အများပြည်သူတို့၏လိုအပ်ချက်များပြည့်မီ စေရေး၊ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့်သာသနိက အဆောက်အအုံများ၏ ပတ်ဝန်းကျင်မထိခိုက်စေရေး၊ ကော်မတီ၏သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အဆောက်အအုံ များဆောက်လုပ်နိုင်ရေး၊ ညအချိန်အလင်းရောင်ပိုမိုရရှိပြီး ဒုစရိုက်မှုများပပျောက်စေရန် လမ်းမီး ထွန်းခြင်းလုပ်ငန်းများဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်ကင်းဝေးစေရန် အဆင့်မြင့်မီးပွိုင့်များ တပ်ဆင်ရေးဆောင်ရွက်ပေးလျက်ရှိပါသည်။
ဖွဲ့စည်းပုံ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့်ကုန်ရုံ ဌာနသည် မန္တလေး(၆)မြို့နယ်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သောမြို့ပြစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူကိုဝန်ဆောင်မှုပေးလျက်ရှိရာ အရာထမ်း(၁၅)ဉီး၊ အမှုထမ်း (၂၃၄)ဉီးဖြင့်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အရာထမ်း(၁၄)ဉီး၊ အမှုထမ်း(၁၆၆)ဉီး၊ ယာယီဝန်ထမ်း(၁၈)ဉီး၊ စုစုပေါင်း(၁၉၈)ဉီးဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆောက်အအုံနှင့်ကုန်ရုံဌာနတွင် အောက်ပါ အတိုင်း ဌာနခွဲ(၃)ခုရှိပါသည်-
(က) အဆောက်အအုံဌာနခွဲ
(ခ) သိုလှောင်ရုံဌာနခွဲ
(ဂ) ခန့်မှန်းပုံထုတ်ဌာနခွဲ
၁။ စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း အဆောက်အအုံများဆောက်လုပ် ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊ ခြံစည်းရိုးကာရံခြင်းစသည့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခွင့်တင်ပြလာခြင်းအား စိစစ်၍ ကော်မတီ သို့ တင်ပြခြင်း၊ ခွင့်ပြုချက်ထုတ်ပေးခြင်း။
၂။ ကော်မတီပိုင် အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း များကြီးကြပ်ဆောင်ရွက်ခြင်း။
၃။ မြို့တော်နယ်နိမိတ်အတွင်းအဆောက်အအုံများဆောက်လုပ်ရာတွင် မြို့တော်အင်္ဂါရပ် နှင့်ညီညွတ်စေရန် ကြပ်မတ်ခြင်း။
၄။ အဆောက်အအုံများဆောက်လုပ်ရာတွင် ခွင့်ပြုမဲ့ဆောက်လုပ်ခြင်း၊ ခွင့်ပြုပုံစံနှင့် ကွဲလွဲ ဆောက်လုပ်ခြင်း၊ ကြိုတင်ဆောက်လုပ်ခြင်းများကို ခွဲခြားစိစစ်၍ အရေးယူ ဆောင်ရွက်ခြင်း။
၅။ ခွင့်ပြုချက်နှင့်အညီ ဆောက်လုပ်ပြီးသော အဆောက်အဉီများကို နေထိုင်/အသုံး ပြု ခွင့်လျှောက်ထားချက်များအပေါ် စစ်ဆေးခွင့်ပြုခြင်း
၆။ နိုင်ငံတော်အခမ်းအနားများ၊ ဌာနဆိုင်ရာအခမ်းအနားများပြင်ဆင်ရာတွင်ပါဝင် ဆောင်ရွက်ခြင်း
၇။ အဆောက်အအုံအင်ဂျင်နီယာလိုင်စင်နှင့် ကန်ထရိုက်တာလိုင်စင်များစိစစ်၍ ကော်မတီသို့တင်ပြခြင်း၊ ထုတ်ပေးခြင်း
၈။ မြို့တော်နယ်နိမိတ်အတွင်း လမ်းမီးများ၊ မီးပွိုင့်များတပ်ဆင်ခြင်း၊ ပြင်ဆင်ထိန်းသိမ် ခြင်း၊ ကော်မတီပိုင်အဆောက်အအုံများ၊ လျှပ်စစ်ဓါတ်အားရရှိရေးဆောင်ရွက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာတပ်ဆင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း
၉။ မြို့တော်နယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ် ချိတ်ဆွဲကြော်ငြာခွင့် လျှောက်ထားလာခြင်းအား စိစစ်၍ကော်မတီသို့တင်ပြခြင်း၊ ခွင့်ပြုချက်ထုတ်ပေးခြင်း၊ ကြော်ငြာခကောက်ခံခြင်း
၁၀။ ခန့်မှန်းပုံထုတ်နှင့် သိုလှောင်ရုံဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ခြင်း
၁၁။ ကော်မတီပိုင်အဆောက်အအုံများကို မှတ်ပုံတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ လိုအပ်သလို စီမံခန့်ခွဲခြင်း
၁၂။ ကော်မတီပိုင်မြေပေါ်တွင် ကျူးကျော်အိမ်၊ အဆောက်အအုံနှင့်ခြံစည်းရိုးများအား ဖျက်သိမ်းဖယ်ရှားစေခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ခြင်း
၁၃။ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်သောအဆောက်အအုံများ၊ အတည်ပြုပုံစံနှင့်မညီညွတ်သော အဆောက်အဉီများကိုကော်မတီ၏ခွင့်ပြုချက်ဖြင့် ဒဏ်ငွေရိုက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖျက်သိမ်းစေခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ခြင်း
၁၄။ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံများကို စစ်ဆေး၍ ဖျက်သိမ်းရန် ကော်မတီသို့ တင်ပြခြင်းဖျက်သိမ်းစေခြင်း
၁၅။ မြို့ပြတည်ဆောက်ရေးလုပ်ငန်းများအား ခေတ်မီအဆင့်မြင့်မြို့တော်အင်္ဂါရပ်နှင့်အညီ တည်ဆောက်နိုင်ရေးအတွက် ပုံစံများရေးဆွဲခြင်း၊ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်း
၁၆။ ဝန်ထမ်းသက်သာချောင်ချိရေးကို မျက်ခြေမပျက်ဆောင်ရွက်ခြင်း
၁၇။ ကော်မတီမှ အခါအားလျော်စွာပေးအပ်သည့် လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်ဲ။။။။။။။။။။။။။။
၁။ အဆောက်အအုံဌာနခွဲ
အဆောက်အအုံဌာနခွဲတွင် အဆောက်အအုံနှင့်ပတ်သက်သော အိမ်ဆောက်မိန့်၊ ပြင်ဆင်မိန့်၊ ဖျက်မိန့်၊ ခြံစည်းရိုးကာရံခွင့်အမိန့်များအား ကြီးကြပ် စစ်ဆေးခြင်း၊ ခွင့်ပြုမဲ့အဆောက်အအုံများဆောက်လုပ်ခြင်းအား စိစစ်ခြင်း၊ ဆောက်လုပ်ရာတွင် ကားပါကင်ပါရှိရေး၊ ဓါတ်လှေကားထားရှိရေး၊ အရေးပေါ်လှေကားများပါရှိရေးအား စိစစ်ခြင်း၊ ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်ခြင်းများအား ကော်မတီသို့တင်ပြ၍ ဖျက်သိမ်းခြင်း၊ လိုက်နာခြင်းမရှိပါက စည်ပင်ဥပဒေနှင့်အညီ၊ တရားစွဲဆိုနိုင်ရန် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
၂။ သိုလှောင်ရုံဌာနခွဲ
သိုလှောင်ရုံဌာနခွဲနှင့် လျှပ်စစ်ဌာနခွဲမှ ဗဟိုသိုလှောင်ရုံနှင့်၆၂ လမ်း သိုလှောင်ရုံတို့တွင်ကော်မတီ၏ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများထိန်းသိမ်းခြင်း၊ စာရင်းဇယားများ ပြုစုရေးသွင်းခြင်း၊ စနစ်တကျထုတ်ပေးခြင်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများအား တင်ဒါစနစ်ဖြင့် ဝယ်ယူရေးဆောင်ရွက်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ တင်ဒါအောင်သောကုမ္ပဏီများမှ ပစ္စည်းများစာချုပ်ပါ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်လက်ခံခြင်း၊ ကော်မတီ၏ နယ်နိ မိတ်အတွင်း လမ်းမီးများ၊ မီးပွိုင့်များတပ်ဆင်ခြင်း၊ လဲလှယ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
၃။ ခန့်မှန်းပုံထုတ်ဌာနခွဲ
ခန့်မှန်းပုံထုတ်ဌာနခွဲတွင် ကော်မတီနယ်နိမိတ်အတွင်း အဆောက်အအုံများ ဆောက်လုပ်ခွင့် လိုင်စင်လျှောက်ထားသူများအား အရည်အချင်းကိုက်ညီမှုရှိသော အင်ဂျင်နီယာများအား လိုင်စင်ထုတ်ပေးခြင်း၊ ကော်မတီနယ်နိမိတ်အတွင်း ကြော်ငြာဆိုင်းဘုတ်ခွန်များစိစစ်ခြင်း၊ တပ်ဆင်ခွင့်ပြုရန်လျှောက်ထားသူများအား ကော်မတီသို့တင်ပြ၍ ခွင့်ပြုချက်အရ တပ်ဆင်စေခြင်း၊ ဆိုင်းဘုတ်ခွန်များကောက်ခံခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။