မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိမြေများကို ၁၉၉၅ ခုနှစ် မတိုင်မီက မြေခွန်တော်ဉပဒေအရ မြေငှားဂရန်ထုတ်ပေးခြင်း၊ မြေစီမံခန့်ခွဲခြင်း လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှလည်းကောင်း၊ မြေစာရင်းလက်စွဲဥပဒေ အရ မြေတိုင်းတာခြင်း၊ မြေပုံမြေရာဇဝင်ရေးကူးပေးခြင်း၊ မြေယာမှတ်တမ်းထိန်းသိမ်းခြင်း နှင့်မြေခွန်တော်စည်းကြပ်ခြင်းလုပ်ငန်းများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီး ဌာန (ယခင်မြေစာရင်းဉီးစီးဌာန) မှလည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ (၁၆.၈.၁၉၉၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁/၉၅၊ ၁၂/၉၅ နှင့်ဝန်ကြီးချုပ်ရုံး၏ (၁၉.၁၀.၁၉၉၅) ရက်စွဲပါစာအမှတ် ၇/၃၀၀-ဃ/ဝခရ တို့အရ မန္တလေး(၆)မြို့နယ်အတွင်းရှိမြေများကို တာဝန်ခံ၍ စီမံခန့်ခွဲလျက်ရှိပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန တွင် အောက်ပါဌာနခွဲ(၂)ခုရှိပါသည်-
(က) မြို့ပြစီမံကိန်းဌာနခွဲ
(ခ) မြေစီမံခန့်ခွဲမှုဌာနခွဲ
၁။ မြို့တော်နယ်နိမိတ်အတွက်ဖြစ်စေ၊ တိုးချဲ့ရန်ရည်ရွယ်သည့် နေရာဒေသအတွက် ဖြစ်စေ၊ မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများ အတွက်ဖြစ်စေ၊ မြေယာမူဝါဒ များ နှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များအပါအဝင် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုစီမံကိန်း များ ရေးဆွဲခြင်း။
၂။ မြေငှားဂရန်များထုတ်ပေးခြင်းနှင့် နေထိုင်အသုံးပြုခွင့်ပေးခြင်း။
၃။ မြေငှားဂရန်စာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကို သက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက ဖျက်သိမ်းခြင်း။
၄။ မြေများကို လဲလှယ်ခြင်း၊ မြေပိုင်ဆိုင်ခွင့် အမည်လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ ခွဲစိတ်ခွင့်ပြုခြင်း၊ သက်သေခံ မြေပုံ၊ မြေရာဇဝင် ထုတ်ပေးခြင်း နှင့် စီမံခန့်ခွဲခြင်း။
၅။ မြေခွန်မြေငှားရမ်းခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ ကြွေးကျန်ကောက်ခံခြင်း၊ မြေခွန် မြေငှားခကင်းလွတ်ခွင့်ပြုခြင်း၊ သက်သာခွင့်ပြုခြင်း၊ ပြန်လည်သတ်မှတ်စည်းကြပ် ခြင်း၊ စာရင်းမှ ပယ်ဖျက်ခြင်းနှင့်မြေခွန်၊ မြေငှားရမ်းခ ပိုငွေပြန်အမ်းခြင်း။
၆။ တရားမဝင်ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်းနှင့် တရားမဝင် ကျူးကျော်သည့် အဆောက်အအုံများ၊ တရားမဝင် ကျူးကျော်သူများကို ဖယ်ရှားခြင်း၊ တရားစွဲဆိုခြင်း။
၇။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)ပါပြဌာန်းချက်အရ "လယ်ယာမြေ" ဟူသော စကားရပ်တွင် အကျုံးမဝင်သော လယ်ယာမြေများအား အစိုးရအဖွဲ့သို့ တင်ပြပြီး အစိုးရမြေအဖြစ် သတ်မှတ်ခြင်း။
၈။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေး အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေမှ အဆောက်အအုံကို နိုင်ငံသား၏တရားဝင်ရရှိပိုင်ဆိုင်ထားသော ပိုင်ဆိုင်မှုကို ထိခိုက်ဆုံးရှုံးမှုမရှိစေဘဲ စီမံဆောင်ရွက်ခြင်း။
၉။ သက်ဆိုင်ရာဝန်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့်အညီ တည်ထောင် ပြီးသော မြို့သစ်များ၊ စီမံကိန်းဇုံများ၊ အိမ်ရာစီမံကိန်းများကို အစိုးရအဖွဲ့ ညွှန်ကြား ချက်ဖြင့် လွှဲပြောင်းရယူပြီး ဤနည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲခြင်း။
၁၀။ လူနေရပ်ကွက်များ၊ မြို့တွင်းမြို့ပြင်ရှိ အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဌာန ဆိုင်ရာအဆောက်အအုံများ မီးလောင်ပျက်ဆီးသွားပါက ယင်းမီးလောင်မြေများကို မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေး နှင့် လိုက်လျောညီထွေမှုရှိစေရန် စနစ်တကျစီမံ ခန့်ခွဲခြင်း၊ ယင်းကဲ့သို့ စီမံခန့်ခွဲနိုင်ရန် ဥပဒေနှင့်အညီ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
၁၁။ မြစ်၊ ချောင်းကမ်းပါးပြိုခြင်း ရေတိုက်စားခြင်းစသည့် သဘာဝဘေးအန္တရာယ် တစ်ခုခု ကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသောမြေများကို စီမံခန့်ခွဲခြင်း။
၁၂။ ပိတ်သိမ်းပြီးဖြစ်သည့် သုသာန်မြေများကို မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးနှင့်အညီ စီမံခန့်ခွဲခြင်း။
၁၃။ မြို့ပြစီမံကိန်းနှင့်အညီလိုအပ်ပါက မြေအမျိုးအစားနှင့်မြေအသုံးချမှုများကို ပြုပြင် ပြောင်းလဲသတ်မှတ်ခြင်း။