သန့်ရှင်းရေးဌာန
နိဒါန်း
သန့်ရှင်းရေးဌာနသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရည်ရွယ်ချက် (၃)ရပ်ဖြစ်သည့် "မန္တလေးမြို့တော်သန့်ရှင်းရမည်"၊ "မန္တလေးမြို့တော်သာယာလှပရမည်"၊ "မန္တလေးမြို့နေလူထုစိတ်ချမ်းသာရမည်"ဟူသော ဆောင်ပုဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ ရည်မှန်းချက်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်-
(က) သန့်ရှင်းသောမြို့တော်
(ခ) လှပသောမြို့တော်
(ဂ) ကျန်းမာမှုနှင့်ပြည့်ဝသောမြို့တော်
(ဃ) မြို့တော်အတွင်း မြောင်းများရေစီးရေလာကောင်းမွန်စေရေး စသည်တို့ဖြစ်ပါသည်။
ဖွဲ့စည်းပုံ
မန္တလေးမြို့တော်စည်ပင်သာယာရးကော်မတီမှ မြို့တော်စည်ပင်သာယာရေးနှင့် ပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ သန့်ရှင်းရေးဌာနမှ အမှိုက်သန့်ရှင်းရေး လုပ်ငန်းများ၊ မြောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် မြို့တော်နေပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အကူပြုလုပ်ငန်းများကို အောက်ပါအတိုင်း ဌာနခွဲ(၃)ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်-
(၁) အမှိုက်သန့်ရှင်းရေးဌာနခွဲ
(၂) မြောင်းသန့်ရှင်းရေးဌာနခွဲ
(၃) ကျန်းမာရေးဌာနခွဲ
၁။ ရပ်ကွက်များ၊ ဈေးများစသည်တို့တွင် အမှိုက်များ စုပုံရန်နေရာကို ရွေးချယ်သတ်မှတ်ပေးခြင်း။
၂။ အမှိုက်သယ်ယာဉ်နှင့် အလုပ်သမားများကို စနစ်တကျတာဝန်ခွဲဝေချထားခြင်း၊ အလုပ်ချိန်ပိုင်ခြား သတ်မှတ်ပေးခြင်း၊ စစ်ဆေးအရေးယူခြင်း။
၃။ လုပ်ငန်းသုံးပစ္စည်းများ ပြည့်စုံမှုစနစ်တကျ အသုံးချခွဲဝေမှုအတွက် စီမံဆောင်ရွက်ခြင်း၊ စစ်ဆေးအရေးယူခြင်း။
၄။ အမှိုက်သယ်ယူ စွန့်ပစ်သည့် ယာဉ်ခေါက်ရေ၊ သယ်ယူသည့်အမှိုက်ပမာဏ၊ သတ်မှတ်ပေးသည့် အမှိုက်ကျင်းသို့ အမှန်တကယ် ပို့/မပို့ စသည့် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ စာရင်းဇယားများထားရှိစေရန် စီမံဆောင်ရွက်ခြင်း၊ စစ်ဆေးအရေးယူခြင်း။
၅။ အမှိုက်၊ မြောင်းစာစသည်တို့ စွန့်ပစ်ရန်နေရာကို သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းသတ်မှတ်ခြင်း။
၆။ ရပ်ကွက်များအတွင်း ရေမဝပ်စေရန်အတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းပြီးအချိန်ဇယားချ၍ စီမံချက်ရေးဆွဲပြီး ရေမြောင်းများ တူးဖော်ရန် စီမံဆောင်ရွက်ခြင်း။
၇။ အုတ်မြောင်းများ၊ မြေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြောင်းဆယ်ခြင်း၊ မြောင်းထိုးခြင်းလုပ်ငန်းနှင့် ရေမဝပ်စေရန် အမှိုက်ဆယ်ယူခြင်း၊ မြေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းပြီး ဆောင်ရွက်ခြင်း။
၈။ စည်းကမ်းမဲ့သွားလာနေသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် တိရစ္ဆာန်များကို တိရစ္ဆာန်ကျော်နင်းမှု အက်ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်ခြင်းကို စီမံခန့်ခွဲခြင်း၊ စစ်ဆေးခြင်း။
၉။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။
၁၀။ လေလွင့်ခွေးများသုတ်သင်ခြင်း၊ ဖမ်းဆီးခြင်းလုပ်ငန်းကိုစီမံဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်း။
၁၁။ ရူးသွပ်သူများ၊ လေလွင့်တောင်းရမ်း စားသောက်သူများအား ရှင်းလင်း၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
၁၂။ သုသာန်များ ကြီးကြပ်ကဲခြင်း၊ စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်း။
၁၃။ ကျန်းမာရေးဆိုင်ရာ ဖုံးသွန်လဲစစ်လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်း။
၁၄။ ဘေးအန္တရာယ်ဖြစ်စေသော အစားအသောက်များအား ဓါတ်ခွဲခန်းတည်ထောင်၍ စစ်ဆေးဆောင်ရွက်ခြင်း။
၁၅။ ဝန်ထမ်းသက်သာချောင်ချိရေး မျက်ခြေမပြတ်ဆောင်ရွက်ခြင်း။
၁၆။ ကော်မတီမှ အခါအားလျော်စွာပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
(၁) အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း
မန္တလေး(၆)မြိုနယ်အတွင်း ပုံမှန်အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းကို ခေါင်းလောင်းတီး စနစ်၊ အသံချဲ့စက်ဖြင့် နှိုးဆောက်အသိပေးသည့် စနစ်၊ ပုံကျုံး စနစ်၊ ညဆင်း သန့်ရှင်းရေး အမှိုက် သိမ်းဆည်းခြင်းစနစ်တို့ဖြင့် ဆောင်ရွက်ခြင်း၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေမြို့နယ်တို့မှ ထွက်ရှိလာသော အမှိုက်များအား ကျောက်ကြမ်းတောင် အမှိုက်ကျင်းသို့ လည်းကောင်း၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တို့မှ ထွက်ရှိလာသော အမှိုက်များအား တောင်အင်း၊ မြောက်အင်း အမှိုက်ကျင်းသို့ လည်းကောင်း စွန့်ပစ်လျက်ရှိပါသည်။
(၂) မြောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
မန္တလေး(၆)မြို့နယ်အတွင်း မြောင်းများဆယ်ယူသန့်ရှင်းရေးလုပ်ငန်းကို လူအင် အား၊ စက်ယန္တရားအင်အားဖြင့် ဆယ်ယူခြင်းအပြင် မန္တလေးမြို့တော်အတွင်းရှိ ရွှေတချောင်း၊ ငွေတချောင်း၊ နဒီမြောင်း၊ ရေနီမြောင်း၊ ပရံတော်ချောင်း၊ မြောင်းကြီးမြောင်း၊ သင်္ဂဇာချောင်း၊ တက်မျှောချောင်း၊ ကိုလံဘိုမြောင်း၊ မင်္ဂလာတူးမြောင်းစသည့် နေရာများတွင် မြောင်းဆယ်ခြင်း၊ မြက်ရှင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
(၃) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ခြင်း
မြို့တော်နေပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူဖြစ်စေရန် အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးငှက်ဖျား ရောဂါကာကွယ်တိုက်ဖျက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့ပူးပေါင်း၍ အပတ်စဉ် သောကြာနေ့တိုင်း ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား မြို့နယ်များအတွင်းရှိ ရပ်ကွက်များတွင် ဆောင်ရွက်ပေးခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်းပြီး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
(၄) အမှိုက်သိမ်းယာဉ်များတွင် GPS တပ်ဆင်ခြင်း
အမှိုက်သိမ်းယာဉ်များ သတ်မှတ်လမ်းကြောင်းအတိုင်း အမှိုက်သိမ်းဆည်းမှုရှိ/မရှိ၊ သတ်မှတ်နေရာ၊ သတ်မှတ်အမှိုက်ကျင်း၊ သတ်မှတ်အချိန်ရောက်ရှိခြင်းရှိ/မရှိ၊ သတ်မှတ် လမ်းကြောင်းအတွင်းယာဉ်ချို့ယွင်းမှုရှိပါက ချက်ချင်းအစားထိုး ဆောင်ရွက်ပေးနိုင်ပြီး ပြည်သူလူထုအား အမှိုက်သိမ်းဆည်းသည့် ၀န်ဆောင်မှု အပြည့်အ၀ရရှိစေရေးတို့အတွက် အမှိုက်သိမ်းယာဉ်များအား GPS စနစ် တပ်ဆင် နိုင်ခဲ့ပါသည်။
(၅) Monitoring and Evaluation
e-government လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကျောက်ကြမ်းတောင်အမှိုက်ကျင်း နှင့် တောင်အင်းမြောက်အင်းအမှိုက်ကျင်းတို့တွင် ကတ္တားတည်ဆောက် တပ်ဆင်ပြီး မော်တော်ယာဉ်အဝင်/အထွက်နှင့် အလေးချိန်တို့ကို online စနစ်ဖြင့် Data Collection ဆောင်ရွက်ရန် Mornitoring and Evaluation ပြုလုပ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
(၆) လေလွင့်တောင်းရမ်းစားသောက်သူများပပျောက်ရေးဆောင်ရွက်ခြင်း
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း လေလွင့် တောင်းရမ်းစားသောက်သူများ၊ လမ်းဘေးကော်ရှုသူ များ၊ လမ်းဘေးပန်းရောင်းချ နေသူများအား ဖမ်းဆီးပြီး သက်ဆိုင်ရာနယ်မြေ ရဲစခန်းများနှင့် လူမှုဝန်ထမ်းဦးစီး ဌာနသို့ ထိန်းသိမ်းစောင့်ရှောက်ရန် လွှဲပြောင်း ပေးပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။
(၇) လေလွင့်ခွေးများရှင်းလင်းဆောင်ရွက်မှု
မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေးနှင့် မြို့တော်နေပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ခွေးလေခွေးလွင့်များအား သုတ်သင်ရှင်းလင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ပါသည်။
(၈) စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုအတွက် ဒဏ်ကြေးငွေတပ်ရိုက်မှု
မန္တလေး(၆)မြို့နယ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့နည်းစေရန်၊ ပြည်သူလူထုမှလည်း ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းမှု အားကောင်းစေရန်နှင့် မြို့တော် သန့်ရှင်းသာယာ လှပရေးကို ထိရောက်စွာ အထောက်အကူဖြစ်စေရန် တို့အတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ပါက သတ်မှတ်ဒဏ်ကြေးငွေ တပ်ရိုက်ပြီး သတင်းပေး သူအား ဆုကြေးငွေအဖြစ် ဒဏ်တပ်ရိုက် ရရှိငွေ၏ ၅၀ ရာခိုင်နှုန်းကို ချီးမြှင့် ပေးလျက်ရှိပါသည်။
(၉) စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် မဟာဗျူဟာလုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
(က) စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုတိုးတက်စေရေးအတွက်အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ Institute for Global Environmental Stratigies (IGES) Centre Collaboratiing with UNEP on Environmental Technologies (CCET) တို့ပူးပေါင်း၍ ၂၀၁၇-၂၀၃၀ မဟာဗျူဟာစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။
(ခ) ကျောင်းများတွင် ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း
၂၀၁၄ ခုနှစ်မှစတင်ပြီး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ ပညာပေး လုပ်ငန်း များကို အခြေခံပညာကျောင်းများတွင်စတင်ဆောင်ရွက်ခဲ့ပါသည်။ အခြေခံ ပညာအဆင့်အထက်တန်း၊ အလယ်တန်းကျောင်းများအားလုံး၊ ပုဂ္ဂလိက ကျောင်းများ၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း ပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။
(ဂ) စက်မှုဇုံအတွင်းအမှိုက်ခွဲခြားစွန့်ပစ်ခြင်း
မန္တလေးစက်မှုဇုံရှိစက်ရုံ/အလုပ်ရုံများမှ ထွက်ရှိသော အမှိုက်များကို ယခင်က ခွဲခြားသိမ်းဆည်းမှုမရှိဘဲ စုပေါင်းသိမ်းဆည်းရာမှ ယခုအခါ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ သီးခြား အမှိုက်သိမ်းယာဉ် (၃)စီးဖြင့်စက်မှုဇုံရှိ စက်ရုံ များမှ ထွက်ရှိသောအမှိုက်များကိုသီးခြားသိမ်းဆည်းပေးမည့် စနစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(ဃ) ဆေးရုံ၊ ဆေးခန်းများမှ စွန့်ပစ်ပစ္စည်းများ သိမ်းဆည်းခြင်း
မန္တလေးမြို့အတွင်းရှိ ဆေးရုံ/ဆေးခန်းများမှ စွန့်ပစ်သော ဘေးအန္တရာယ်ရှိ စွန့်ပစ် အမှိုက်များအား စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းအားဖြင့် မန္တလေး မြို့တော်နေလူထူ၏ ကျန်းမာရေး အား မြှင့်တင်နိုင်ပြီး၊ အမှိုက်သိမ်းစနစ်တွင် ပါဝင်ပတ်သက်သူများ၏ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ရှိစေမှု လျော့ချနိုင်စေရန် ရည်ရွယ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာနနှင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပုဂ္ဂလိက ဆေးခန်းငယ်(GP)များမှ ဆေးခန်းသုံးစွန့်ပစ် အမှိုက်သိမ်းဆည်း မှုအား အပတ်စဉ် ဗုဒ္ဓဟူး၊ စနေနေ့တိုင်း သိမ်းဆည်းပေးပါသည်။
(င) အမှိုက်ခွဲခြားစွန့်ပစ်ခြင်းများဆောင်ရွက်နိုင်ရန်သင်တန်းဆောင်ရွက်မှု
မန္တလေးမြို့တော်စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု မဟာဗျူဟာတွင် ပါဝင်သော ပြည်သူလူထု၏ အသိပညာနိုးကြားမှု မြှင့်တင်ပေးခြင်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော အမှိုက်ခွဲခြားစွန့်ပစ်စနစ်နှင့် ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံရေး၊ စည်းရုံးရေးတို့အတွက် ရပ်ကွက်များမှ စေတနာ့ဝန်ထမ်း ပြည်သူများ ရွေးချယ်၍ ဆင့်ပွားသင်တန်းပေးနိုင်ရန် ပညာပေးသင်တန်းပို့ချခဲ့ ပါသည်။
(စ) ပြန်လည်အသုံးပြုနိုင်သည့် Recycle လုပ်ငန်းပြုလုပ်နိုင်ရေးဆောင်ရွက်မှု
မန္တလေးမြို့၌ Recycle ပြုလုပ်နိုင်ခြင်းမရှိသေးသော Polystyrene စွန့်ပစ်ဖော့ဗူးများကို Recycle ပြုလုပ်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင် များမှကြိုးပမ်း ဆောင်ရွက်နိုင်ရန် Eco-centre တစ်ခု ထူထောင်ရန် ပြင်ဆင် နေပါသည်။
(ဆ) ပြည်သူလူထုပူးပေါင်းပါဝင်သည့်အမှိုက်သိမ်းဆည်းမှုစနစ်
ပြည်သူလူထု ပူးပေါင်းပါဝင်ရေးလှုပ်ရှားမှုများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် သဘာဝပတ်ဝန်းကျင်ချစ်သူများတို့မှ မန္တလေး မြို့တော်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အမှိုက်ကိုစနစ်တကျ စွန့်ပစ် ရန် ပြည်သူလူထုပူးပေါင်းပါဝင်သော စုပေါင်းအလှည့်ကျ အမှိုက်ကောက် ခြင်းကို ဆောင်ရွက်နိုင်ရန် အပတ်စဉ် တနင်္ဂနွေနေ့ကို မန္တလေးမြို့တော်ဆောင်ရွက်ခဲ့ပါသည်။
(ဇ) သဘာဝမြေဆွေးထုတ်လုပ်မှုဆောင်ရွက်ခြင်း
စွန့်ပစ်ပစ္စည်းများထွက်ရှိမှု လျော့ချရန်အတွက် အမှိုက်ခွဲခြားစွန့်ပစ်ရာတွင် Recycle၊ Non-Recycle၊ Organic Waste ဟူ၍ခွဲခြားပြီး Organic Waste (ပုပ်သိုးဆွေးမြေ့လွယ်သောအမှိုက်)များကို သဘာဝမြေဆွေး ထုတ်လုပ်ရန် အတွက် ကျောက်ကြမ်းတောင်အမှိုက်ကျင်းသစ် Cell-1,Cell-2 အရှေ့ဘက် (၂)ဧကစာ Compost လုပ်ငန်းဆောင်ရွက်ရန် လျာထားပါသည်။
(ဈ) အမှိုက်လွှဲပြောင်းဇုန်နေရာများထားရှိခြင်း
အောင်မြေသာစံမြို့နယ်တွင် မန်းတောင်ခြေ အမှိုက်လွှဲပြောင်းဇုန်၊ မဟာအောင်မြေမြို့နယ်တွင် ၄၁လမ်းတောင်ဘက် သံလျှက်မှော် အရှေ့ ရပ်ကွက် အမှိုက်လွှဲပြောင်းဇုန်၊ ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့် ရပ်ကွက် အမှိုက်လွှဲပြောင်းဇုန် အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက် သန့်ရှင်းရေး စုရပ်ဝင်းအတွင်းရှိ အမှိုက်လွှဲပြောင်းဇုန်နေရာများ တည်ဆောက်ထားနိုင်ခဲ့ ပါသည်။
(ည) အမှိုက်လွှဲပြောင်းလက်ခံနေရာများထားရှိခြင်း
အောင်မြေသာစံမြို့နယ်၊ ၁၂လမ်း၊ အောက်ကမ်းနားလမ်း၊ ချမ်းအေးသာစံ မြို့နယ်၊ သင်္ဂဇာပတ်လမ်းအရှေ့ဘက်ခြမ်း (၃၀ ၃၂)လမ်းကြားနှင့် (၃၄ ၃၅) လမ်းကြား၊ အောင်ပင်လယ်မြို့ပတ်လမ်းအရှေ့ဘက်ခြမ်း၊ ချမ်းမြသာစည် မြို့နယ်၊ ၇၅လမ်းစိန်ပန်းလမ်းထောင့်၊ အမှတ်(၅)ရပ်ကွက်နှင့် ၄၄လမ်း၊ အောင်သာယာရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၄လမ်း၊ ပျိုးခြံ မြောက်ဘက်လမ်းစသည့် လွှဲပြောင်းလက်ခံနေရာ(၆)နေရာအား ထားရှိနိုင် သဖြင့် အမှိုက်သိမ်း သုံးဘီးဆိုင်ကယ်၊ အမှိုက်သိမ်း ယာဉ်ငယ်များ အနေဖြင့် အမှိုက်ကျင်းအထိ သွားလာသည့်အချိန် ယာဉ်ကြော ကြပ်တည်း မှုတို့ကို လျှော့ချနိုင်ပြီး မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းနိုင်မှု အချိန်နှင့် အကြိမ်ကို တိုးတက်ကောင်းမွန်စေ ပါသည်။
(ဋ) အမှိုက်စုပုံစွန့်ပစ်ရန်ဆောင်ရွက်မှု
မန္တလေး(၆)မြို့နယ်အတွင်းမှ ထွက်ရှိသည့် အမှိုက်များကို နေ့စဉ် သိမ်းဆည်းပေးလျက်ရှိရာအောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ် နှင့်မဟာအောင်မြေမြို့နယ်တို့မှ ထွက်ရှိသည့်အမှိုက်များကို ကျောက်ကြမ်း တောင်အမှိုက်ကျင်းသို့လည်းကောင်း၊ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှထွက်ရှိသည့် အမှိုက်များကို တောင်အင်း မြောက်အင်းအမှိုက်ကျင်းသို့လည်းကောင်း စွန့်ပစ်လျက်ရှိပါသည်။ အမှိုက် ကျင်း(၂)ခုစလုံးသည် မြေပေါ်စုပုံစနစ်ဖြင့်သာ ဆောင်ရွက်ထားသည်ဖြစ်၍ ပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးကိုထိခိုက်နိုင်ခြင်း၊ အမှိုက်ကျင်းများ တွင် အနည်ယိုစိမ့်မှုများအားကာကွယ်ထားရှိမှုမပါရှိခြင်းကြောင့် မြေအောက် ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သဖြင့်သင့်လျော်သော အမှိုက်ကျင်းနေရာသစ် ပြုလုပ်ရန် Sanitary Land Fill ပြုလုပ်ခြင်း Secured Landfill နှင့် Eco Center ပြုလုပ်ဆောင်ရွက် လျက်ရှိပါသည်။
Sorting Plant များ တည်ဆောက်ခြင်းဖြင့် စွန့်ပစ်အမှိုက်များကိုခွဲခြားကာ Recyclableနှင့် Compostable အမှိုက်များ ခွဲထုတ်ကာကျန် စွန့်ပစ်အမှိုက် များကိုသာ Final Landfill သို့စွန့်ပစ်ခြင်းဖြင့် အမှိုက်ကျင်း၏ သက်တမ်း ပိုမိုရှည်ကြာစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အမှိုက်ထည့်ကန် (Cell 1,2)(၂)ခု မြေကျင်းတူးခြင်း၊ ၎င်းအမှိုက် ထည့်ကန်မှ ထွက်ရှိ သော ရေဆိုးများ၊ (Leachate) ရေဆိုးများ မြေအောက်သို့ စိမ့်ဝင်ခြင်းနှင့် ဘေးသို့ စီးထွက်ခြင်း မရှိစေရန် Geomenbrane Sheets ခင်းခြင်း၊ (Leachate)များ စုဆောင်းနိုင်ရန် ပိုက်လိုင်းများ ချထားခြင်း၊ ပိုက်လိုင်းမှထွက်ရှိလာသော (Leachate)များကို စုဆောင်းပြီး (Leachate Treatment Plant) တည်ဆောက်ကာ သန့်စင်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ပြန်လည်ထုတ်လွှတ်မည့်အစီအစဉ်များ ဆောင်ရွက်လျက် ရှိပါသည်။
(၁၀) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း
(က) ကြွပ်ကြွပ်အိတ်ကင်းစင်ရေးဆောင်ရွက်ခြင်း
မန္တလေးမြို့တော်အား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ပလပ်စတစ်အိတ် (ကြွပ်ကြွပ်အိတ်)ကင်းစင်ရေး မြို့တော်ဖြစ်စေရန်အတွက် ပလပ်စတစ် အိတ်ပါး (ကြွပ်ကြွပ်အိတ်)ပါး ရောင်းဝယ်ဖောက်ကား နေကြသူများ၊ နည်းလမ်းအမျိုးမျိုးဖြင့်အသုံးပြုကြသူများ၊ ထုတ်လုပ်ကြ သူများ၊ မရှိစေရေး အတွက် စောင့်ကြပ်ကြည့်ရှု စစ်ဆေးလျက်ရှိပါသည်။
(ခ) လေထုတိုင်းပစ္စည်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် Compact air quality monitoring station နှင့်ဆက်စပ်ပစ္စည်းများ၊ Portable Flue gas & emission measurement နှင့်ဆက်စပ်ပစ္စည်းများ၊ Real time dust moniror with air check နှင့်ဆက်စပ်ပစ္စည်းများ၊ Odour gas detector နှင့် ဆက်စပ်ပစ္စည်းများ၊ စသည့်လေထုတိုင်းတာသည့်ပစ္စည်းများ ဝယ်ယူ ပြီး မန္တလေးမြို့တော်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ လေထုညစ်ညမ်းမှု ပမာဏလျှော့ချနိုင်ရေး အတွက် လေထုအရည်အသွေး တိုင်းတာသည့်စက် (Haz Scanner) ဖြင့် CO2, CO, HC, NO, NO2, O3, PM10, SO2 တို့ကို တိုင်းတာ နိုင်ခဲ့ပါသည်။