သန့်ရှင်းရေးဌာနဝန်ဆောင်မှု
၁။ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း
၂။ အမှိုက်သိမ်းကား ငှားရမ်းခြင်း
၃။ မိမိအစီအစဉ်ဖြင့် အမှိုက်သယ်ယူစွန့်ပစ်ခြင်း
၄။ စီးပွားရေးလုပ်ငန်းအမှိုက်သိမ်းဆည်းခ စည်းကြပ်ကောက်ခံခြင်း (အစားအသောက်လုပ်ငန်း)
၅။ သင်္ဂြိုဟ်ခြင်းကိစ္စ ဆောင်ရွက်ပေးခြင်း
၆။ နာမှုမှတ်ပုံတင် (နိဗ္ဗာန်ယာဉ်) ပြုလုပ်ပေးခြင်းနှင့်အမည်ပြောင်းခြင်း
၇။ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ အသုံးမလိုသည့် စွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း
၈။ (၅)ထပ်နှင့်အထက် အဆောက်အအုံများအတွက် ထောက်ခံချက်ပြုလုပ်ပေးခြင်း
၉။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူအား သတင်းပေးသူကို ချီးမြှင့်ငွေထုတ်ပေးခြင်း
၁၀။ အရေးယူဆောင်ရွက်ခြင်း
(က) နာမှုမှတ်ပုံတင် ပြုလုပ်ခြင်း
(၁) ပူးတွဲတင်ပြရမည့်အထောက်အထားများ
- လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ /ဓါတ်ပုံ(၂)ပုံ/အိမ်ထောင်စုဇယားမိတ္တူ
- နာမှုကူညီရေးအသင်း၏ အဖွဲ့ဝင်များစာရင်း
- နာမှုကူညီရေးအသင်း၏ယာဉ်ဓါတ်ပုံ(၃)ပုံ(ရှေ့+နောက်+ ဘေး)
- သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ ခွင့်ပြုချက်
- သက်ဆိုင်ရာ မြို့နယ်မီးသတ်/တပ်ဖွဲ့မှူးရုံး၏ထောက်ခံချက်
- သက်ဆိုင်ရာရပ်ကွက်ထောက်ခံချက်
(၂) သန့်ရှင်းရေးဌာန၊ သက်ဆိုင်ရာမြို့နယ်မှုးမှ ကွင်းဆင်းစစ်ဆေး၍ ဌာနခွဲမှူး၊ ဒု-ဌာနမှူး၊ ဌာနမှူးတို့ထံ အဆင့်ဆင့်စိစစ်တင်ပြခြင်း
(၃) ဌာနမှူး၏ ထောက်ခံချက်ဖြင့် ကော်မတီသို့ တင်ပြခြင်း
(၄) စုစုပေါင်းကြာမြင့်ချိန်ကာလ(၁)လခန့်
(၅) ကော်မတီ၏ခွင့်ပြုချက်ရရှိပါက သတ်မှတ်နှုန်းထားပေးသွင်းစေခြင်း
(ခ) နာမှုမှတ်ပုံတင်အမည်ပြောင်းခြင်း
(၁) ပူးတွဲတင်ပြရမည့် အထောက်အထားများ
- လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ/ ဓါတ်ပုံ(၃)ပုံ/ အိမ်ထောင်စုဇယားမိတ္တူ
- အသင်း၏သဘောတူညီမှုအစည်းအဝေးမှတ်တမ်း
- သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်
(၂) သန့်ရှင်းရေးဌာန၊ သက်ဆိုင်ရာမြို့နယ်မှုးမှ ကွင်းဆင်းစစ်ဆေး၍ ဌာနခွဲမှူး၊ ဒု-ဌာနမှူး၊ ဌာနမှူးတို့ထံ အဆင့်ဆင့်စိစစ်တင်ပြခြင်း
(၃) ဌာနမှူး၏ထောက်ခံချက်ဖြင့် ကော်မတီသို့တင်ပြခြင်း
(၄) ကော်မတီ၏ ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်ပေးခြင်း
(၅) စုစုပေါင်းကြာမြင့်ချိန်ကာလ ရက်သတ္တ(၃)ပတ်
(၆) အမည်ပြောင်းခပေးသွင်းရန်မလိုပါ
(ဂ) ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ကုမ္ပဏီများမှအသုံးမလိုသည့်စွန့်ပစ်ပစ္စည်းများ မီးရှို့ ဖျက်ဆီးရန်လျှောက်ထားရာတွင်-
(၁) သန့်ရှင်းရေးဌာနသို့ လျှောက်လွှာတင်ပြရန်။
(၂) ဖျက်ဆီးလိုသည့် ပစ္စည်းများကို သတ်မှတ်နေရာသို့ ၎င်းတို့ အစီအစဉ်ဖြင့် ပေးပို့ရမည်၊ ပေးပို့ရာတွင် ဖျက်ဆီးမည့် ပစ္စည်းများ၏ အမျိုးအမည်၊ အရေအတွက်၊ ကာလတန်ဖိုးနှင့်အတူ ဖော်ပြရမည်။
(၃) ကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူခြင်း။