ဘဏ္ဍာရေးဌာန
နိဒါန်း
ဘဏ္ဍာရေးဌာနသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဌာနကြီး(၁၄)ခုအနက်(၁)ခုအပါအဝင်ဖြစ်ပြီးကော်မတီတစ်ခုလုံး၏ ရငွေ၊ သုံးငွေစာရင်းများကို ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်ပြီး ရငွေများကို တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး သုံးငွေများကိုလည်း အရ၊ အသုံးခန့်မှန်းခြေစာရင်း ခွင့်ပြုငွေအတွင်း တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခြင်းအား စာရင်းပြုစုထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။
ဖွဲ့စည်းပုံ
ကော်မတီ၏ အခွန်အကောက်နှင့် အခြားသောရငွေများကို အပြည့်အဝကောက်ခံရရှိစေရန်နှင့် အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျစီမံခန့်ခွဲသုံးစွဲနိုင်စေရန်အတွက် ဘဏ္ဍာရေးဌာနတွင် ငွေစာရင်းဌာနခွဲနှင့်စီးပွားရေးဌာနခွဲဟူ၍ ဌာနခွဲ(၂)ဖြင့်ဖွဲ့စည်းထားရှိပါသည်။ ခွင့်ပြုဖွဲ့စည်းပုံအရ ဌာနမှူးအပါအဝင် အရာရှိ(၆)ဦး၊ အမှုထမ်း(၆၁)ဦး၊ ယာယီ(၂)ဦး စုစုပေါင်း(၆၉)ဦး ဖြင့်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
- ဌာန၏လုပ်ငန်းတာဝန်များ အောင်မြင်ပြီးမြောက်စေရန် ကွပ်ကဲခြင်း။
- ကော်မတီ၏မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်များနှင့်အညီ ဌာနရှိဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း။
- ကော်မတီ၏ ငွေထုတ်စာရင်းသို့ ပေးသွင်းငွေများ၊ ခွင့်ပြုပြီးသောငွေတောင်းခံလွှာများ၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း ကိစ္စရပ်များစိစစ်ခြင်း။
- ကော်မတီ၏နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်း၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း၊ပိုလျှံငွေများပြန်လည်အပ်နှံခြင်းနှင့်နှစ်ချုပ်စာရင်းများပြုစု ရေးဆွဲတင်ပြခြင်း။
- ရငွေ၊သုံးငွေများနှင့်ပတ်သက်၍ အစီရင်ခံစာများအား အထက်အဖွဲ့အစည်းနှင့်ပြင်ပဌာနသို့ တင်ပြနိုင်ရန် စီစစ်ကြီးကြပ်ခြင်း။
- ဘဏ္ဍာရေးနှစ်အလိုက် မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းမှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအတွက် သတ်မှတ်ထားသော ရငွေလျာထားချက်အပေါ် ဌာနများမှ ကောက်ခံပေးသွင်းသည့် အခွန်ရငွေ၊ သာမန်ရငွေ နှင့် ငွေလုံးငွေရင်းရငွေအခြေအနေနှင့် ခွင့်ပြုထားသည့်အသုံးစရိတ်အတွင်းမှ ဌာနအလိုက်သုံးစွဲမှု အခြေအနေကို ရက်သတ္တပတ် အလိုက်ကော်မတီသို့တင်ပြခြင်း။
- ဌာနများမှစစ်ဆေးရေးဌာနသို့ ပေးပို့စစ်ဆေးခံပြီး ကော်မတီသို့အဆင့်ဆင့်တင်ပြ၍ ခွင့်ပြုချက်ရရှိပြီးသော ငွေတောင်းခံလွှာများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲခြင်း ရှိ/မရှိ စိစစ်ပြီး ပြီးပြည့်စုံပါက ချက်လက်မှတ်ရေးသားထုတ်ပေးခြင်း။
- ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းခြင်း။
- ကော်မတီ၏ငွေထုတ်သူအရာရှိအဖြစ် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကဲသူအရာရှိ ဖြစ်သည့်တွဲဖက်အတွင်းရေးမှူးနှင့် ပူးတွဲလက်မှတ်ရေးထိုးခြင်း။
- ဌာနများမှ စစ်ဆေးရေးဌာနသို့ ပေးပို့စစ်ဆေးခံပြီး ကော်မတီ၏ခွင့်ပြုချက်ရရှိပြီးသော ဝန်ထမ်းများ၏လစာငွေ၊ ခရီးစရိတ်၊ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ၊လုပ်သက်ဆုငွေ တောင်းခံလွှာများစိစစ်ခြင်း၊ ဌာန၏ဝန်ထမ်းရေးရာကိစ္စရပ်များ၊ လူမှုရေးရန်ပုံငွေထိန်းသိမ်းခြင်း စသည့်ကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်း။
- မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ ထောက်ခံချက်ဖြင့်ပေးပို့သော မြို့ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့မှချထားပေးသည့်မြေကွက်များအတွက် မြေကွက်ဖိုး၊လမ်းဖိုးပေးသွင်းငွေများ လက်ခံခြင်း။
- ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွင်း ချထားပေးခဲ့သည့် မြေပေးမိန့်များနှင့် ဂရန်မြေကွက်များအား ပြန်လည်ချထားခြင်းမှပေးသွင်းမည့် ငွေများလက်ခံဆောင်ရွက်ခြင်းနှင့် မြေပေးမိန့်များနှင့် မြေငှားဂရန်များအား ပယ်ဖျက်ပြီးဖြစ်၍ ပေးသွင်းထားသောမြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည်ထုတ်ပေးခြင်း။
- စတုပစ္စယာနုဂ္ဂဟ အလှူငွေများကို လက်ခံဆောင်ရွက်ပြီး တိုင်းဒေသကြီး သာသနာရေးဦးစီး ဌာနသို့ လွှဲပြောင်းပေးသွင်းခြင်း။
- ဌာနအသီးသီးရှိ ရန်ပုံငွေပိုလျှံသောခေါင်းစဉ်များမှ ရန်ပုံငွေလိုအပ်သောခေါင်းစဉ်များသို့ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ သာမန်အသုံးစရိတ်ငွေစာရင်းခေါင်းစဉ် အချင်းချင်း လွှဲပြောင်းသုံးစွဲပါကကော်မတီ၏အတည်ပြုချက်ရယူပြီး တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှတဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူခြင်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်ငွေစာရင်းခေါင်းစဉ်အချင်းချင်း လွှဲပြောင်းသုံးစွဲပါကကော်မတီ၏ အတည်ပြုချက်ရယူပြီးတိုင်းဒေသကြီ းစီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထားမှတ်ချက်ဖြင့် တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှတဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူခြင်း။
- ပိုလျှံငွေအပ်နှံခြင်းအား ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူ၍ သတ်မှတ်သည့်ရက်၌ တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့အပ်နှံခြင်း။
- ကော်မတီမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေမှ ပြန်လည်တောင်းခံခြင်း။
- ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အချိန်တွင် စာရင်းစစ်ဆေးခံနိုင်ရန်အတွက် နှစ်ချုပ်စာရင်းများ ရေးဆွဲတင်ပြခြင်း။
- လစဉ်အမှန်ရငွေ၊ သုံးငွေစာရင်းများအား စစ်ဆေးရေးဌာနသို့ ပေးပို့စစ်ဆေးခံပြီး စစ်ဆေးရေးဌာန၏ရငွေ၊ သုံးငွေစာရင်းစစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေအားပြန်ကြားခြင်း။
- ဘဏ္ဍာရေးနှစ်အလိုက် အမှန်ရငွေ၊ သုံးငွေစာရင်းများအား တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုခံယူခြင်း၊ တိုင်းဒေသကြီး စာရင်းစစ်အဖွဲ့၏ လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးချက်အစီရင်ခံစာပါဆောင်ရွက်ရန်အချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေ ပြန်ကြားခြင်း။
- ကော်မတီရှိ ဌာနအသီးသီး၏ ရငွေ/သုံးငွေများကို စုစည်းပြီး ကော်မတီသို့တင်ပြအတည်ပြုချက်ရယူ၍ ကော်မတီမှ အတည်ပြုပြီးသော မူလခန့်မှန်းခြေစာရင်းများ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းများကို တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ရန်ဆောင်ရွက်ခြင်း။
- ဌာနအသီးသီးရှိရန် ပုံငွေပိုလျှံသည့်ခေါင်းစဉ်များမှ ရန်ပုံငွေလိုအပ်သည့်ခေါင်းစဉ်များသို့ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ သာမန်အသုံးစရိတ်ငွေစာရင်းခေါင်းစဉ် အချင်းချင်းလွှဲပြောင်းသုံးစွဲပါက ကော်မတီ၏ အတည်ပြုချက်ရယူပြီး တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှတဆငတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူခြင်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်ငွေစာရင်းခေါင်းစဉ် အချင်းချင်းလွှဲပြောင်းသုံးစွဲပါက ကော်မတီ၏အတည်ပြုချက်ရယူပြီး တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထားမှတ်ချက်ဖြင့် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရယူခြင်း။
- ပိုလျှံငွေအပ်နှံခြင်းအား ကော်မတီသို့အတည်ပြုချက်ရယူ၍ သတ်မှတ်သည့်ရက်၌ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနသို့ အပ်နှံခြင်း။
- ကော်မတီမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှပြန်လည်တောင်းခံ၍ သုံးစွဲနိုင်ရန်ဆောင်ရွက်ခြင်း။
- ဘဏ္ဍာရေးဌာနမှ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ကုန်ဆုံးသည့်အချိန်တွင်မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၊ ငွေထုတ်စာရင်းအမှတ်(DC-020118)သို့မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ပေးသွင်းခဲ့သောရငွေများနှင့် ထုတ်ယူသုံးစွဲခဲ့သည့် အသုံးစရိတ်များကို ဘဏ်စာရင်း လယ်ဂျာများနှင့်တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်း။
- ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အချိန်တွင် စာရင်းစစ်ဆေးခံနိုင်ရန်အတွက် နှစ်ချုပ်စာရင်းများ ရေးဆွဲတင်ပြဆောင်ရွက်ခြင်း။
- ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်များစဉ်ဆက်မပြတ် လည်ပတ်နိုင်ရန်အတွက် ဘဏ္ဍာရေးဌာနအနေဖြင့် ဌာနအသီးသီးမှ ရရှိသော ရငွေနှင့်အသုံးစရိတ်များအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တစ်ပတ်အတွင်းရရှိသော ရငွေနှင့်အသုံးစရိတ်များ၊ လစာသုံးစွဲမှုများ၊ပြည်ထောင်စု/တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းများမှ တောင်းခံလာသည့် စာရင်းဇယားများ အချိန်မီပေးပို့နိုင်ရန်ဆောင်ရွက်ခြင်းနှင့် အခြားဆောင်ရွက် ရသောစာရင်းဇယားများကို ဘဏ္ဍာရေးညှိနှိုင်းအစည်းအဝေးသို့ တင်ပြဆောင်ရွက်ခြင်း။
- နေ့စဉ်ရငွေများကို ဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဘဏ်သို့နေ့စဉ်ပေးသွင်းငွေ များအားဌာနများနှင့်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊ ဌာနအသီးသီး၏ လစဉ်ရငွေနှင့်အသုံးစရိတ်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ သတ်မှတ်ပေးထားသည့်လချုပ်၊ (၃)လပတ်၊ (၆)လပတ်၊စရစာရင်းများ၊ စရ အပြီးသတ်စာရင်းများ၊ နှစ်ပတ်လည်စာရင်းများအား ရေးဆွဲ၍ တိုင်းဒေသကြီးရ သုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနများသို့ ပြုစုပေးပို့ဆောင်ရွက်ခြင်း။
- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် မန္တလေးတိုင်းဒေသကြီး၏ဘဏ္ဍာငွေအရ၊ အသုံးဆိုင်ရာဥပဒေအရလျာထားသတ်မှတ်ပေးသည့် ခွင့်ပြုငွေများကို မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၊ကော်မတီ၏ ငွေထုတ်စာရင်းအမှတ် (DC-020118)သို့ ငွေထုတ်ကန့်သတ်ချက်(Drawing Limit)အကြောင်းကြားချက်များပေးပို့ခြင်း။
- စစ်ဆေးရေးဌာနမှ စစ်ဆေးပြီးသည့်ကော်မတီခွင့်ပြုပြီးသော ဌာနများ၏ငွေတောင်းခံလွှာများအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှုရှိ/မရှိစစ်ဆေး၍ ချက်လက်မှတ်များ အချိန်မီထုတ်ယူနိုင်ရေး ဆောင်ရွက်ခြင်း။
- ဘဏ်နှင့်စာရင်းကိုက်ညှိဆောင်ရွက်ခြင်း၊ ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းများအရ စာရင်းဇယားများဆောင်ရွက်ခြင်း၊ဘတ်ဂျက်ရေးဆွဲခြင်း၊ကော်မတီ၏ဌာနအသီးသီးအား စာရင်းစစ် ကန့်ကွက်ချက် မဖြစ်ပေါ်စေရေး၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်စေရေး၊ ဌာနအသီးသီးနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း။
- ဝန်ထမ်းများ၏ သာရေး၊ နာရေးအတွက် ကော်မတီမှထားရှိသည့် လူမှုရေးရန်ပုံငွေအား ထိန်းသိမ်းထားပြီး ဝန်ထမ်းများအား အချိန်မီထုတ်ပေးနိုင်ရန်ဆောင်ရွက်ခြင်း၊ လချုပ်၊ နှစ်ချုပ်လူမှုရေး ရန်ပုံငွေစာရင်းများအား ကော်မတီသို့ တင်ပြဆောင်ရွက်ခြင်း။
- ကော်မတီမှ အငြိမ်းစားယူပြီးဖြစ်သည့် ဝန်ထမ်းများအတွက် ပင်စင်လစာငွေနှင့် လုပ်သက် ဆုငွေများထုတ်ပေးခြင်းအား ဆောင်ရွက်ခြင်း။
- ရုံးလုပ်ငန်းနှင့်ဝန်ထမ်းရေးရာကိစ္စရပ်များဆောင်ရွက်ခြင်း။
- လစဉ် ဘဏ္ဍာရေးဌာန၏ ဝန်ထမ်းအင်အားစာရင်း ပြုစုဆောင်ရွက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် လုပ်ငန်းဆောင်ရွက်ချက် ပြုစုပေးပို့ခြင်း။
- ကော်မတီရှိဝန်ထမ်းများ၏ လစာငွေတောင်းခံလွှာများ၊ အသက်အာမခံ၊ အိမ်လခ၊ လူမှုဖူလုံ ရေးကြေး၊ ဝင်ငွေခွန်များစိစစ်ဆောင်ရွက်ခြင်း။
- ကော်မတီရှိ ဌာနများမှ လစဉ် (ဂျီဒီပီ)စာရင်းများ၊ လစဉ် ရငွေနှင့်အသုံးစရိတ်စာရင်းအား စီမံကိန်းရေးဆွဲရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့ပြုစုပေးပို့ ဆောင်ရွက်ခြင်း။
- မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ ထောက်ခံချက်ဖြင့်ပေးပို့သော မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ ချထားပေးသောမြေကွက်များအတွက် မြေကွက်ဖိုး၊ လမ်းဖိုး ပေးသွင်းငွေများအား လက်ခံဆောင်ရွက်ခြင်း။
- ပယ်ဖျက်ပြီးဖြစ်သည့် အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်အတွင်းချထားပေးခဲ့သည့်မြေပေးမိန့်များနှင့် ဂရန်မြေကွက်များအား ပြန်လည်ချထားခြင်းမှပေးသွင်းမည့် ငွေများလက်ခံဆောင်ရွက်ခြင်းနှင့် မြေပေးမိန့်များနှင့်မြေငှားဂရန်များအား ပယ်ဖျက်ပြီးဖြစ်၍ ပေးသွင်းထားသောမြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည်ထုတ်ပေးခြင်းအားဆောင်ရွက်ခြင်း။
- စတုပစ္စယာနုဂ္ဂဟအလှူငွေများကို လက်ခံဆောင်ရွက်ပြီး တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနသို့လွှဲပြောင်းပေးသွင်းဆောင်ရွက်ခြင်း။
- ဘဏ္ဍာရေးနှစ်အလိုက် လစဉ်လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ၏အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လစဉ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ အမျိုးသားစီမံကိန်း ရည်မှန်းချက်အပေါ်(၃)လပတ်၊ (၆)လပတ်၊ နှစ်ပတ်လည် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ နေပြည်တော်၊ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနများသို့ပေးပို့ဆောင်ရွက်ခြင်း။
- လစဉ်အမှန်ရငွေ၊ သုံးငွေစာရင်းများအား စစ်ဆေးရေးဌာနသို့ပေးပို့ စစ်ဆေးခံပြီး စစ်ဆေးရေးဌာန၏ ရငွေ၊ သုံးငွေစာရင်း စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များအပေါ်ဆောင်ရွက်ပြီးစီးမှု အခြေအနေအားပြန်ကြားခြင်း။
- ဘဏ္ဍာရေးနှစ်အလိုက် အမှန်ရငွေ၊ သုံးငွေစာရင်းများအား တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့၏စစ်ဆေးခံယူခြင်း၊ တိုင်းဒေသကြီးစာရင်းစစ်အဖွဲ့၏ လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးချက်အစီရင်ခံစာပါဆောင်ရွက်ရန်အချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေအားပြန်ကြားခြင်း။
- မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်သည့် ပြပွဲပြိုင်ပွဲများကို ဘဏ္ဍာရေးနှင့်ဆုချီးမြှင့်ရေးဆပ်ကော်မတီအနေဖြင့် တာဝန်ထမ်းဆောင်ပြီး ဆုကြေးငွေများ ထုတ်ပေးနိုင်ရန် အချိန်မီ ဆောင်ရွက်ပေးခြင်း။
- တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကော်မတီမှ လမ်းညွှန်သည့်အရေးပေါ်ချက်ချင်း ဆောင်ရွက်ရသည့် လုပ်ငန်းများအား ညွှန်ကြားချက်အရ ချက်ချင်းဆောင်ရွက်ပေးရခြင်း။