ဘဏ္ဍာရေးဌာနဝန်ဆောင်မှု
၁။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့သည့် မြို့ကွက်သစ် ဖော်ထုတ်ရေး အဖွဲ့မှချထားပေးသော မြေကွက်များအတွက် မြေကွက်ဖိုး၊ လမ်းဖိုး ပေးသွင်းငွေများအား လက်ခံ ဆောင်ရွက်ခြင်း။
၂။ ပယ်ဖျက်ပြီးဖြစ်သည့် အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အတွင်းချထား ပေးခဲ့သည့်မြေပေးမိန့်များနှင့်ဂရန်မြေကွက်များအား ပြန်လည် ချထားခြင်းမှ ပေးသွင်းမည့်ငွေများ လက်ခံဆောင်ရွက်ခြင်း။
၃။ ပယ်ဖျက်ပြီးဖြစ်သည့် အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အတွင်းချထား ပေးခဲ့သည့်မြေပေးမိန့်များနှင့် မြေငှား ဂရန်များအား ပယ်ဖျက်ပြီးဖြစ်၍ ပေးသွင်းထားသော မြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည် ထုတ်ပေးခြင်း
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့သည့် မြို့ကွက်သစ် ဖော်ထုတ်ရေးအဖွဲ့မှ ချထားပေးသော မြေကွက်များအတွက် မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းငွေများအား လက်ခံ ဆောင်ရွက်ခြင်း -
(၁) မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏ထောက်ခံချက်ဖြင့်ပေးပို့လာသည့် အမှုတွဲ။
(၂) မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ မြေကွက်ချထားပေးသည့် အကြောင်းကြား စာမူရင်း/မိတ္တူ။
(၃) မှတ်ပုံတင်မူရင်း/မိတ္တူ။
(၄) အိမ်ထောင်စုဇယား မူရင်း/မိတ္တူ။
ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေး နှစ်အတွင်းချထားပေးခဲ့သည့်မြေပေး မိန့်များနှင့်ဂရန် မြေကွက်များ အား ပြန်လည် ချထား ခြင်းမှ ပေးသွင်းမည့် ငွေများ လက်ခံဆောင်ရွက်ခြင်း အတွက်
(၁) မန္တလေးမြို့တော် မြို့မြေယာစီမံခန့်ခွဲရေးကော်မတီ၏ မြေနေရာချထားပေးမှု အကြောင်းကြားစာမူရင်း/မိတ္တူ။
(၂) မှတ်ပုံတင်မူရင်း/မိတ္တူ။
(၃) အိမ်ထောင်စုဇယား မူရင်း/မိတ္တူ။
ပယ်ဖျက်ပြီးဖြစ်သည့်အစိုးရအကူးအပြောင်းကာလ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေး နှစ်အတွင်းချထားပေးခဲ့သည့်မြေပေးမိန့်များနှင့် မြေငှားဂရန်များအား ပယ်ဖျက် ပြီးဖြစ်၍ ပေးသွင်းထားသော မြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည် ထုတ်ပေးခြင်း အတွက်-
(၁) မြေကွက်ဖိုးငွေနှင့် ဝန်ဆောင်ခငွေများ ပြန်လည်ထုတ်ယူခွင့်ပြုပါရန် တင်ပြလျှောက်ထားစာ။
(၂) မန္တလေးမြို့တော် မြို့မြေယာစီမံခန့်ခွဲရေးကော်မတီ၏ မြေနေရာချထား ပေးမှု အကြောင်းကြားစာမူရင်း။
(၃) မြေကွက်တန်ဖိုးပေးသွင်းငွေ ချလံ/ပြေစာ မူရင်း။
(၄) မြေငှားဂရန် မူရင်း။
(၅) မြေဝန်ဆောင်စရိတ် ချလံ/ပြေစာ မူရင်း။
(၆) မန္တလေးမြို့တော်မြို့မြေယာစီမံခန့်ခွဲရေး ကော်မတီ၏မြေနေရာချထား ပေးမှုအား ပယ်ဖျက်ခြင်းမူရင်း။
(၇) မြေငှားဂရန် ပယ်ဖျက်မိန့်မူရင်း။
(၈) မှတ်ပုံတင်မူရင်း/မိတ္တူ
(၉) အိမ်ထောင်စုဇယား မူရင်း/မိတ္တူ