ဈေးနှင့်သားသတ်ဌာန
နိဒါန်း
၂၀၁၁ခုနှစ်တွင် အမရပူရမြို့နယ်အား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းသို့ ထည့်သွင်းလိုက်သည့်အတွက် အမရပူရမြို့နယ်ရှိ နန်းရတနာဈေး၊ သိမ်ကြီးဈေးနှင့် ဘုံးအိုးဈေးတို့ ပါဝင်လာပြီး ဈေးပေါင်း(၃၆)ဈေးဖြစ်ပေါ်လာပါသည်။ ၂၀၁၂ ခုနှစ်တွင် ချမ်းအေးစည်သာဈေး၊ ရန်ကြီးအောင်ဈေးတို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။ မီးဘေး သင့်သွားသော မင်္ဂလာဈေးရှိ ဈေးသူ/ဈေးသားများ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ မဟာနွယ်စဉ်အားကစားကွင်းနေရာတွင် ယာယီမင်္ဂလာ ဈေးကို တည်ဆောက်ပေးခဲ့ပြီး (၂၁-၁၀-၂၀၁၆) ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါ သည်။ ၂၀၁၆ခုနှစ်တွင် ယောမင်းကြီးဈေး၊ ၂၀၁၈ခုနှစ်တွင် အေးမေတ္တာဈေး၊ ၂၀၁၉ခုနှစ်တွင် ချမ်းအေးရတနာဈေး၊ ဘုံးအိုးဈေးတို့ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မန္တလေး - ပြင်ဦးလွင် ကားလမ်းဘေး သလဲကုန်းကျေးရွာအနီး လမ်းဘေးဝဲ/ယာ၌ရောင်းချသော ပန်းဈေးသည်များ ကို ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာအုပ်စု၊ သန့်စင်ကုန်းရှိ လယ်မြေ(၂.၁၉)ဧကတွင် ဈေးအသစ်တည်ဆောက်ခဲ့ပြီး မြို့တော်ပန်းဈေးအဖြစ် (၆-၂-၂၀၂၀)ရက်နေ့တွင် အောင်မြင် စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း ကျော်ကျော်အောင် ကြိမ်စက်ရုံ အနောက်ဘက် လမ်းနေရာပေါ်တွင် ဈေးသည်များ လမ်းနယ်မြေပေါ်တွင် တည်ခင်းရောင်းချသဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှု ထိခိုက် ခြင်းတို့ကြောင့် ဈေးသည်များစနစ်တကျ ရောင်းချနိုင်ရန်အတွက် ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ အကွက် ဒဒ-၂၊ ဦးပိုင်-၁ ဗန္ဓုလလမ်း ၊ ၆၃လမ်းနှင့် ၆၅လမ်းကြား မြေနေရာ တွင် ဈေးရုံ(၁)ရုံလျှင် ၆ပေပတ်လည်ဆိုင်ခန်း (၆၄)ခန်းပါဝင်သော ဈေးရုံ(၄)ရုံ တည်ဆောက် ရန်အတွက် (၁၂-၃-၂၀၂၀)ရက်နေ့တွင် ပန္နက်တင်မင်္ဂလာကျင်းပခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာ ရေးနှစ်အတွင်း ဈေးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်
ဈေးများအဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ ဈေးသစ်များဖွင့်လှစ်ပေးနိုင်ခြင်းအားဖြင့် ဈေးသည်များ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျရောင်းချနိုင်ခြင်း၊ သတ်မှတ်ဧရိယာအတွင်း ရောင်းချခြင်းဖြင့် ယာဉ်ကြောရှုပ်ထွေးမှုမရှိဘဲ အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့ ခြင်း၊ ဈေးဝယ်ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေခဲ့ ပါသည်။
၂၀၁၀ခုနှစ်အထိ ဈေးနှင့် သားသတ်ဌာနတွင် ဆိတ်သတ်ရုံ (၁)ရုံ၊ နွားသတ်ရုံ (၁)ရုံ၊ ဝက်သတ်ရုံ(၁)ရုံရှိပြီး အဆိုပါ သားသတ်ရုံများသည် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်တွင်တည်ရှိပြီး ၁၉၆၀ပြည့်နှစ်ခန့်က စတင်တည်ဆောက် အသုံးပြုခဲ့ပါ သည်။ ၂၀၁၄ခုနှစ်မှစတင်၍ အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကွင်းရှိ မြေဧက(၁၁.၉၆)ဧက ပေါ်တွင် မန္တလေးမြို့နေလူထုကို သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန်အတွက်ခေတ်မီသား သတ်ရုံတည်ဆောက်ခဲ့ပါသည်။ ခေတ်မီသားသတ်ရုံတွင် နွားနှင့်ဆိတ်အသားထုတ်လုပ်ခြင်း လုပ်ငန်းများကို (၁၆-၁၂-၂၀၁၆)ရက်နေ့မှစတင်ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့ပါသည်။ ဝက်သားသတ်ရုံနှင့် သားသတ်စက်တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး ၄၁လမ်းသားသတ်ရုံ ဟောင်း မှ ခေတ်မီသားသတ်ရုံသို့ ( ၁ - ၉ - ၂၀၁၈ ) ရက်နေ့မှစတင်ပြောင်းရွှေ့ခဲ့ပြီး ခေတ်မီ ဝက်သားသတ်စက်အသစ်ဖြင့် အသားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ သည်။
ခေတ်မီသားသတ်ရုံတွင် သားသတ်စက်များဖြင့် အသားထုတ်လုပ်ခြင်းအားဖြင့် ပြည်သူလူထုကျန်းမာရေးနှင့် ညီညွတ်ပြီးသန့်ရှင်းလတ်ဆတ်သော အသားများထုတ်လုပ် ဖြန့်ဖြူးနိုင်ခြင်း၊ စက်ရုံမှထွက်ရှိသော ရေဆိုးများကိုသဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် သန့်စင်နိုင်ခြင်း၊ အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
ဖွဲ့စည်းပုံ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်စည်ပင်သာယာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဈေးနှင့်စပ်လျဉ်းသည့် လုပ်ငန်း များ စီမံခန့်ခွဲခြင်း၊ တိရိစ္ဆာန်များမွေးမြူခွင့်ပြုခြင်း၊ သတ်ဖြတ်ခွင့်ပြုခြင်းနှင့် ကြီးကြပ်ခြင်း တို့အား ဈေးနှင့်သားသတ်ဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးနှင့်သားသတ်ဌာနမှ ဈေး (၄၂)ဈေး၊ ဈေးပိုင်း (၄၇)ပိုင်းနှင့် ခေတ်မီသားသတ်ရုံ(၃)ရုံတည်ဆောက်ဖွင့်လှစ်ထားရှိပြီး မြို့သူမြို့သားများ၏ စားသောက်ကုန် လိုအပ်ချက်များအား ဝယ်ယူဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ် အတွင်း လိုင်စင်မဲ့အသားများရောင်းချြခင်းနှင့် လိုင်စင်မဲ့သားကောင်သတ်ဖြတ်ခြင်းများ မရှိစေရေးတို့အတွက် ကော်မတီပိုင်ဈေးများနှင့် ရပ်ကွက်များအတွင်း အဆင့်ဆင့်ကြပ်မတ် စစ်ဆေး၍ ပတ်ဝန်းကျင်မြို့များမှ လိုင်စင်မဲ့အသားသယ်ဆောင်လာခြင်းများအား စည်ပင် သာယာရဲ တပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။ ဈေးနှင့်သားသတ်ဌာန တွင် အောက်ပါအတိုင်းဌာန(၂)ခုရှိပါသည်-
(က) ဈေးဌာနခွဲ
(ခ) သားသတ်ဌာနခွဲ
၁။ ဈေးများနှင့်သားသတ်ရုံတို့၏ သန့်ရှင်းရေး၊ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းဆောင်ရွက်သည့် လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
၂။ ဈေးခွန်၊ ဈေးကောက်ငွေများ၊ သားသတ်ရုံတင်သည့်ငွေများပြည့်ဝမှန်ကန်စွာ ရရှိရေးအတွက် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း။
၃။ ဈေးအလိုက်၊ဈေးဆိုင်ခန်းများစာရင်းထိန်းသိမ်း၍စနစ်တကျနေရာချထားခြင်း။
၄။ ဈေးသည်များ စည်းကမ်းလိုက်နာရေးနှင့် ဈေးများ တိုးတက်စည်ကားရေးဆောင်ရွက်ခြင်း။
၅။ သားသတ်လေလံဆိုင်များ စနစ်တကျရုံတင်သတ်ဖြတ်ရေးနှင့် လိုင်စင်မဲ့ အသား ပပျောက်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်း။
၆။ ဈေးနှင့်သားသတ်ဌာန၏ ရုံးတွင်းလုပ်ငန်းများ စနစ်တကျရှိစေရန်ကြီးကြပ်ကွပ်ကဲခြင်း။
၇။ ဈေးနှင့်သားသတ်ဌာန၏ နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းများပြုစုရေးဆွဲခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်း။
၈။ ပျံကျဈေးသည်များအတွက် ဈေးကွက်များဖော်ထုတ်နေရာချထားပေးခြင်း။
၉။ လေလံပစ်ထားသောအသားလိုင်စင်စီများ၊ဈေးဧရိယာရှိအိမ်သာများ၊စက်ဘီး၊ ကားဂိတ်များအားစည်းကမ်းနှင့်အညီ လိုက်နာခြင်း ရှိ/မရှိ စိစစ်ခြင်း၊ အရေးယူခြင်း။
၁၀။ ဈေးနှင့်သားသတ်ဌာန၏ စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သတ်၍ဒဏ်တပ်ရိုက် မှုများကို ကြီးကြပ် ကွပ်ကဲခြင်း၊ တရားစွဲခြင်း။
၁၁။ ကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း။
၁၂။ တိရစ္ဆာန်များမွေးမြူရန်ခွင့်ပြုခြင်း၊ သတ်ဖြတ်ခွင့်ပြုခြင်းနှင့် ကြီးကြပ်ခြင်း။
၁၃။ ဈေးများတည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း။
၁၄။ ဈေးဧရိယာအတွင်း လမ်းဘေးဈေးဆိုင်များ ကျူးကျော်ဈေးသည်များနှင့်စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊အရေးယူဆောင်ရွက်ခြင်း။
၁၅။ အများပြည်သူ စားသုံးရန်အလို့ငှာ အသားထုတ်လုပ်ရုံများတည်ထောင်ခြင်း။
၁၆။ တရားမဝင်အသားများ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်းများ နှင့်ပတ်သက်၍ ကြီးကြပ်စစ်ဆေးခြင်း၊ အရေးယူခြင်း။
၁။ သားသတ်ခြင်းဆိုင်ရာ ထုတ်ပြန်ထားသော နည်းဥပဒေနှင့် ချိုးဖောက်ခဲ့လျှင် အရေးယူပုံများ
လိုင်စင်စီများအနေဖြင့် လေလံစည်းကမ်းအရနေ့စဉ်ရုံတင်ရန် သတ်မှတ်ထားသည့် အတွက် ရုံတင်ရန်ပျက်ကွက်ပါက အခွန်ဌာနသို့ ရုံတင်ပျက်ကွက်ရက်စာရင်းများ ပေးပို့ပြီး အခွန်ဌာနမှ လိုင်စင်စီပေးသွင်းထားသော အာမခံမှဒဏ်ကြေးငွေ ဖြတ်တောက်ခြင်းဆောင်ရွက်ပါသည်။ အကြောင်းမဲ့(၁၅)ရက်ဆက်တိုက် ရုံတင်ပျက်ကွက်ပါက လေလံစည်းကမ်းနှင့် အညီအရေးယူနိုင်ရန် အခွန်ဌာနသို့ ညှိနှိုင်းအကြောင်းကြားပြီး အခွန်ဌာနက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်ပါသည်။ စည်းကမ်းချိုးဖောက်သော လိုင်စင်စီများကို စီမံခန့်ခွဲမှုနည်းလမ်းအရ ဒဏ်တပ်ရိုက်ခြင်း၊ ခံဝန်ကတိ လက်မှတ်ရေးထိုးစေခြင်းတို့ ဆောင်ရွက်ပါသည်။
၂။ စားသောက်ကုန်များနှင့်ပတ်သက်၍ တားမြစ်ချက်များ
ဈေးနှင့်သားသတ်ဌာနမှ ဈေးသည်များအား စားသောက်ကုန် ရောင်းချခြင်းနှင့် ပတ်သက်၍ အောက်ဖော်ပြပါအချက်များကို ရောင်းချခွင့်တားမြစ်ထားပါသည်-
- ခွင့်မပြုဓါတုဆိုးဆေးပါဝင်သောအစားအသောက်များ
- အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၊စားသုံးသူရေးရာဉီးစီးဌာနတို့မှခွင့်ပြုချက်မရရှိသောအစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများ
- အေးခဲအသားများ