ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနဝန်ဆောင်မှု
ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနအနေဖြင့် အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည် -
(က) သစ်ပင်/သစ်ကိုင်းများခုတ်ခွင့်လျှောက်ထားခြင်း
(ခ) ပျိုးပင်လိုင်စင်သစ်လျှောက်ထားခြင်း
ဝန်ဆောင်မှုများရယူရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပါဝင်ရမည့်အချက် အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) သစ်ပင်/သစ်ကိုင်း ခုတ်ခွင့်လျှောက်ထားခြင်း
(၁) ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ထောက်ခံချက်များ
(က) ရပ်ကွက်ထောက်ခံချက်
(ခ) အိမ်ထောင်စုဇယား(ပုံစံ-၁၀)မိတ္တူ
(ဂ) မှတ်ပုံတင်မိတ္တူ
(ဃ) ခုတ်မည့်အပင်၏ဓါတ်ပုံ
(၂) စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်
(က) သစ်ပင်/သစ်ကိုင်းခုတ်ခွင့်လျှောက်ထားလိုသောသူသည် လျှောက် ထားတင်ပြစာကို လုပ်ငန်းဌာနခွဲစာဝင်/စာထွက်တွင် လျှောက် ထားတင်ပြခြင်း(၁)ရက်
(ခ) စာဝင်/စာထွက်ဌာနစိတ်မှ ဌာနခွဲမှူးသို့တင်ပြ၍ ဌာနခွဲမှူးမှ တဆင့် မြို့နယ်တာဝန်ခံသို့ ချထားပေးခြင်း(၁)ရက်
(ဂ) သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေးပြီးနောက် ဌာနခွဲမှူးထံတင်ပြ၍ ဌာနခွဲမှူးမှတဆင့် ဌာနမှူးထံ ဆက်လက် တင်ပြခြင်း(၂)ရက်
(ဃ) ဌာနမှူးမှ ကော်မတီဝင်ထံ တင်ပြခွင့်ပြုချက်ရယူခြင်း(၃)ရက်
(င) မြို့နယ်တာဝန်ခံမှ သစ်ပင်/သစ်ကိုင်းခုတ်ခွင့်လျှောက်ထားသူသို့ အကြောင်းကြားခြင်း(၁)ရက်
(စ) သစ်ပင်ခုတ်လျှောက်ထားသူအား ဝန်ဆောင်မှုစရိတ်ငွေပေးသွင်း ၍ ခုတ်ခွင့်ပြုခြင်း(၁)ရက်
(၃) ခွင့်ပြုချက်ထုတ်ပေးသည်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ် ချက် သစ်ပင်/သစ်ကိုင်းခုတ်လိုသောသူမှ လျှောက်ထားပြီးနောက်(၉)ရက်
(ခ) ပျိုးပင်လိုင်စင်သစ်လျှောက်ထားခြင်း
ဝန်ဆောင်မှုများ လျှောက်ထားရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
(၁) ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ထောက်ခံချက်များ
(က) ရပ်ကွက်ထောက်ခံချက်
(ခ) အိမ်ထောင်စုဇယား(ပုံစံ-၁၀)မိတ္တူ
(ဂ) မှတ်ပုံတင်မိတ္တူ
(ဃ) မြေပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူ
(င) လျှောက်ထားသူ၏လိုင်စင်ဓါတ်ပုံ(၂)ပုံ
(၂) စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်
(က) ပျိုးပင်လိုင်စင်လျှောက်ထားလိုသောသူသည် လျှောက်ထားတင်ပြ စာကို ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန စာဝင်/စာထွက်တွင် လျှောက်ထား၍ ဌာနမှူးသို့တင်ပြပြီး ဌာနမှူးမှတဆင့် ဌာနခွဲမှူးသို့ ချထားပေးခြင်း(၁)ရက်
(ခ) ဌာနခွဲမှူးမှတဆင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံသို့ ချထားပေး ခြင်းနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေးပြီး နောက် ဌာနခွဲမှူးထံတင်ပြခြင်း(၂)ရက်
(ဂ) ဌာနခွဲမှူးမှ ဌာနမှူးထံတင်ပြခြင်းနှင့် ဌာနမှူးမှ ကော်မတီဝင်ထံ တင်ပြခွင့်ပြုချက်ရယူခြင်း(၃)ရက်
(ဃ) လိုင်စင်စာရေးမှ ပျိုးပင်လိုင်စင်အတွက် ငွေသွင်းရန်အကြောင်း ကြားခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း(၂)ရက်
(၃) ခွင့်ပြုချက်ထုတ်ပေးသည်အထိ ကြာမြင့်နိုင်သည့် အချိန်ကာလသတ်မှတ်ချက် ပျိုးပင်လိုင်စင်သစ်ထုတ်ယူလိုသောသူမှ လျှောက်ထားပြီးနောက်(၈)ရက်