ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန
နိဒါန်း
၁။ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနသည် မြို့လူထုထံသို့ သတင်းအချက်အလက် နှင့် အသိပညာများ အချိန်မီရောက်ရှိစေရေးအတွက် မီဒီယာလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသောကြောင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီတွင် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်ပါသည်။
(၁)မန္တလေးနေ့စဉ်သတင်းစာ ထုတ်ဝေခြင်း။
(၂)မန်းစည်ပင် “မြန်မာ့ဆိုင်းဝိုင်း”နှင့် “ခေတ်ပေါ တေးဂီတ” ဘင်ခရာ တီးဝိုင်းတို့ဖြင့် တေးဂီတဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၃)နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲမှတ်တမ်းစာအုပ်၊မာရသွန်မှတ်တမ်းစာအုပ်၊ သစ်သီး၀လံပန်းမန်ပြပွဲပြိုင်ပွဲ မှတ်တမ်းစာအုပ်တို့ကို ကော်မတီ၏ မှတ်တမ်းအဖြစ် ကော်မတီ၏ ဌာနအသီးသီးသို့ ထုတ်ဝေဖြန့်ချိခြင်း။
(၄)ကော်မတီအတွင်း တယ်လီဖုန်း(ကြိုးဖုန်း)လိုင်းများ ကောင်းမွန်စေရေး၊ ဆက်သွယ်ရေးစက်(လိုင်း)များဖြင့် အမြဲဆက်သွယ်နိုင်ရေးတို့အတွက် ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
(5) သတင်းမီဒီယာဥပဒေ၊ လူမှုတာဝန်သိသောမီဒီယာ၏ ကြော်ငြာဆိုင်ရာမူဝါဒနှင့် စပ်လျဉ်းသည့် ကြေညာချက်အမှတ်(၁၂/၂၀၁၄) နိုင်ငံတော် အစိုးရ၏မူဝါဒ၊ ညွှန်ကြားချက်များ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ ၅၂။(ဗ)(ဘ)နှင့်၅၆။ (ဌ)တို့အရ လုပ်ငန်းတာဝန်နှင့် ကော်မတီလုပ်ပိုင်ခွင့်တို့နှင့်အညီ ဆောင်ရွက်ပါသည်။
၁။ မန္တလေးနေ့စဉ်သတင်းစာထုတ်ဝေဖြန့်ချိရေးလုပ်ငန်း။ မန္တလေးနေ့စဉ်သတင်းစာကို ၁၉၉၇ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပါသည်။ ဤသတင်းစာကို သတင်းစာကောင်းတစ်ခု၏ အင်္ဂါရပ်များနှင့်အညီ နေ့စဉ်ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။ ဤသတင်းစာတွင် အဓိကအားဖြင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒဆိုင်ရာ သတင်းအချက်အလက်များ၊ နေ့စဉ်လှုပ်ရှားမှုပုံရိပ်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ကြေငြာချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မန္တလေးတိုင်းဒေသကြီးနှင့် နီးစပ်ရာဒေသများမှသတင်းများကို ဖော်ပြပေးလျက်ရှိပါသည်။ ထို့ပြင် မန္တလေးနေ့စဉ် သတင်းစာတွင် နိုင်ငံတကာသတင်းများ၊ ကျန်းမာရေးနှင့်အားကစားဆိုင်ရာ သတင်းများ၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာနှင့် ဘာသာရေးဆိုင်ရာဆောင်းပါးများ၊ ကဗျာများနှင့် ကာတွန်းများကိုလည်း ထည့်သွင်းဖော်ပြ ပေးလျက်ရှိပါသည်။ မန္တလေးနေ့စဉ်သတင်းစာကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်(၂၈)မြို့နယ်သို့ နေ့စဉ်ဖြန့်ချိပေးလျက်ရှိပါသည်။ ယခုအခါ မန္တလေးနေ့စဉ်သတင်းစာ(စာမျက်နှာ-၂၄)မျက်နှာပါ တစ်လလျှင် ကျပ် ၁၅၀၀/-(တစ်စောင် လျှင် ကျပ် ၅၀ နှုန်း)ဖြင့် ထုတ်ဝေဖြန့်ချိလျက်ရှိပြီး တနင်္ဂနွေအချပ်ပိုနှင့် ကြော်ငြာအချပ်ပို ကဏ္ဍများလည်း ထည့်သွင်းဖော်ပြထုတ်ဝေလျက်ရှိပါသည်။ သတင်းစာထုတ်ဝေဖြန့်ချိမှုသည် နှစ်စဉ်တိုးမြှင့်လျက်ရှိပါသည်။ သတင်းစာစောင်ရေအနေဖြင့် နေ့စဉ်ပျမ်းမျှ (၁၈၈၆၉)စောင် ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။
၂။ တေးဂီတဖြင့်ဧည့်ခံဖျော်ဖြေရေးလုပ်ငန်း။ ဌာနတွင် မန်းစည်ပင်မြန်မာ့ဆိုင်းဝိုင်း တော်ကြီးကို (၁-၆-၂၀၀၁)ရက်တွင်လည်းကောင်း၊ မန်းစည်ပင် ခေတ်ပေါ်တေးဂီတအဖွဲ့ကို ၁၉၉၅ခုနှစ်တွင်လည်းကောင်း၊ ဘင်ခရာတီးဝိုင်းကို (၁၆-၆-၂၀၀၈)တွင်လည်းကောင်း ဖွဲ့စည်း တည်ထောင်ခဲ့ပြီးဖြစ်ပါသည်။
၃။ မဂ္ဂဇင်းနှင့်မှတ်တမ်းစာအုပ်များထုတ်ဝေခြင်း။ ကော်မတီနှစ်ပတ်လည်နေ့အထိမ်း အမှတ်အဖြစ် နှစ်ပတ်လည်မဂ္ဂဇင်းကို နှစ်စဉ်ထုတ်ဝေလျက်ရှိရာ ကော်မတီ၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် စည်ပင်နှင့်ဆက်သွယ်ဆောင်ရွက်ရာ၌ မြို့နေလူထုသိသင့်သိထိုက်သော အချက်အလက်များကို မဂ္ဂဇင်း၌ ထည့်သွင်းဖော်ပြ၍ ထုတ်ဝေလျက်ရှိပါသည်။ နှစ်ပတ်လည် နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲမှတ်တမ်းစာအုပ်၊ မာရသွန်မှတ်တမ်းစာအုပ်၊ သစ်သီး၀လံ ပန်းမန်ပြပွဲပြိုင်ပွဲမှတ်တမ်းစာအုပ်တို့ကို ကော်မတီ၏ မှတ်တမ်းအဖြစ် ကော်မတီ၏ဌာန အသီးသီးသို့ ထုတ်ဝေဖြန့်ချိပေးလျက်ရှိပါသည်။
၄။ ဆက်သွယ်ရေးလုပ်ငန်းများ။ ဌာနသည် ကော်မတီအတွင်း တယ်လီဖုန်း(ကြိုးဖုန်း) လိုင်းများ ကောင်းမွန်စေရေး၊ ဆက်သွယ်ရေးစက်(လိုင်း)များဖြင့် အမြဲဆက်သွယ်နိုင်ရေးတို့ အတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
၅။ ရှေ့ဆက်လုပ်ဆောင်မည့်အစီအစဉ်။ မန္တလေးရှိ ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ငန်း အသီးသီး၏ နယ်ပယ်နှင့်လုပ်ဆောင်မှုများကို ခေတ်နှင့်လျော်ညီစွာ တိုးချဲ့ဆောင်ရွက်သွား ပါမည်။ ထို့ပြင် Electronic နှင့် Digital နည်းပညာများ ICT နည်းပညာများကို တွင်ကျယ်စွာ အသုံးချပြီး Print မီဒီယာကိုလည်း ဆက်လက်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားပါမည်။