ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနဝန်ဆောင်မှု
မန္တလေးနေ့စဉ်သတင်းစာကြော်ငြာလုပ်ငန်း
၁။ ဝန်ဆောင်မှုများရယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပါဝင်ရမည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လုပ်ငန်းအမည်- ကြော်ငြာလုပ်ငန်း
လျှောက်ထားရမည့်ဌာန- ကြော်ငြာဌာနစိတ်၊ သတင်းစာဌာနခွဲ (မန္တလေးနေ့စဉ်သတင်းစာ) ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ ၂၉လမ်း၊ ၇၃x၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
၂။ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ထောက်ခံချက်များ
- စီးပွားရေးကြော်ငြာများ - ဆိုင်/လုပ်ငန်း၊ ဝန်ထမ်းခေါ်၊ ကုန်ပစ္စည်း၊ ကုန်အမှတ်တံဆိပ်၊သင်တန်း၊ ကုသဆေး၊ ဈေးပွဲတော်ကြော်ငြာများအတွက် အပ်နှံသူ၏ မှတ်ပုံတင် မိတ္တူ၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်စာချုပ်မိတ္တူ၊ ဆေးဝါးမှတ်ပုံတင် မူရင်း/မိတ္တူ၊ ပွဲတော်ကျင်းပခွင့် ခွင့်ပြုစာ
- လူမှုရေးကြော်ငြာများ - မင်္ဂလာဆုတောင်း၊ မင်္ဂလာကျေးဇူးတင်လွှာများ၊ စေ့စပ်လက်ထပ် ပြီးစီးခြင်း၊ အမည်ပြောင်း၊ အမည်မှန်၊ မွေးသက္ကရာဇ်အမှန်၊ စွန့်လွှတ် ခြင်း၊ လူပျောက်၊ ပစ္စည်းကျပျောက်၊ ပိုက်ဆံအိတ်ကျပျောက်၊ အိတ်ကျပျောက်၊ ဂုဏ်ယူဝမ်းမြောက်ခြင်း၊ ဖိတ်ကြားလွှာ၊ နှိုးဆော်စာ၊ ဝမ်းနည်းကြောင်း၊ လွမ်းဆွတ်သတိရ ကြော်ငြာများအတွက်- အပ်နှံသူ၏ မှတ်ပုံတင်မိတ္တူ၊ ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူ၊ ကြော်ငြာသူ၏ မှတ်ပုံတင်မိတ္တူ၊ သတို့သား၊ သတို့သမီး၏မှတ်ပုံတင်မိတ္တူ၊ တော်စပ်မှု အထောက်အထားတစ်ခုခု (အိမ်ထောင်စုဇယား(သို့) ဖွားစာရင်းမိတ္တူ (သို့) ရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံချက်)၊ မိဘ မှတ်ပုံတင်မိတ္တူ၊ ပျောက်ဆုံးကြောင်း ရဲစခန်းတိုင်ချက်၊
- ရှေ့နေအများသိကြော်ငြာ- ရှေ့နေလိုင်စင်မိတ္တူ၊ အပ်နှံသူမှတ်ပုံတင်မိတ္တူ၊
- အိမ်၊ မြေ၊ ကား ကန့်ကွက်စာ၊ ကန့်ကွက်နိုင်ကြော်ငြာ - မြေ၊ အိမ်၊ ကား ပိုင်ဆိုင်မှုနှင့်ပတ်သက်သော စာချုပ်စာတမ်း မူရင်း/မိတ္တူ မှတ်ပုံတင်မိတ္တူ
- ဌာနဆိုင်ရာကြော်ငြာ- အိတ်ဖွင့်တင်ဒါ၊ လေလံကြော်ငြာ၊ ကြေညာချက်၊ သင်တန်းသားခေါ်၊ ဝန်ထမ်းခေါ်၊ ဘွဲ့နှင်းသဘင်၊ တရားရုံးကြော်ငြာများ အတွက် သက်ဆိုင်ရာဌာနအကြီးအကဲ၏ ကြော်ငြာထည့်သွင်းပေးရန် ရုံးစာ၊ အပ်နှံသူမှတ်ပုံတင်မိတ္တူ
- နာရေးကြော်ငြာ- သေဆုံးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက် (သို့မဟုတ်) သေစာရင်း၊ သင်္ချိုင်းလက်မှတ် (သို့မဟုတ်) ဆရာဝန်၏ သေဆုံးကြောင်း လက်မှတ်၊ အပ်နှံသူမှတ်ပုံတင်
- စစ်ဆေးလက်ခံခြင်း-ကြော်ငြာလက်ခံသူဝန်ထမ်းမှ ကြော်ငြာစာသားနှင့် ကိုက်ညီသော ပူးတွဲပါစာရွက်စာတမ်း၊ စာချုပ်စာတမ်းများ ဖတ်ရှုလက်ခံခြင်း
- စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်
(က) ကြော်ငြာပုံစံ၊အရွယ်အစားနှင့်ပူးတွဲကြော်ငြာစာမူများအား လ/ထ မန်နေဂျာ (ကြော်ငြာ)က စစ်ဆေးခြင်း၊
(ခ) ကွန်ပျူတာမူကြမ်းအချောသတ်ကိုဦးစီးအရာရှိ(စာတည်းမှူး)က စစ်ဆေးခြင်း - အတည်ပြုချက်၊ ခွင့်ပြုချက်ရယူရခြင်း
- ကွန်ပျူတာမူကြမ်းအချောသတ်ကိုလက်ထောက်ညွှန်ကြားရေးမှူး(ဌာနခွဲမှူး)က အတည်ပြုခြင်း၊ - ခွင့်ပြုချက်ထုတ်ပေးသည်အထိ ကြာမြင့်နိုင်သည့် အချိန်ကာလ သတ်မှတ်ချက်
- သတင်းစာသည် တစ်ရက်ကြိုတင် စီစဉ်ရသည်ဖြစ်ပြီး လူပျောက်၊ ပစ္စည်း ကျပျောက်၊ ပိုက်ဆံအိတ်ကျပျောက်၊ နာရေးကြော်ငြာများ၊ ဌာနဆိုင်ရာ ကြော်ငြာများအတွက် ထွက်ရှိမည့် သတင်းစာတွင် ချက်ချင်းပါရှိအောင် စီစဉ် ပေးရပါသည်။
- စီးပွားရေးကြော်ငြာများ၊ လူမှုရေးကြော်ငြာများ၊ ဌာနဆိုင်ရာကြော်ငြာ၊ တရားရုံး ကြော်ငြာ၊ ကန့်ကွက်ကြော်ငြာများအတွက် (၃)ရက်နှင့် (၇)ရက်ခန့် ကြိုတင်အပ်နှံရပါသည်။ - သတ်မှတ်ကာလထက် ကျော်လွန်နိုင်သည့် အကြောင်းအရာများ
ပုံမှန်ထည့်သွင်းလေ့မရှိသော ကြော်ငြာများအတွက် စိစစ်ရန်လိုအပ်ပါက (၇)ရက် ထက် ကျော်လွန်နိုင်ပါသည်။