လမ်းတံတားဌာန
(၁)ဌာန၏ အကြောင်းအရာ ဖော်ပြချက်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မန္တလေးမြို့တော်အား Smart City အဖြစ်သို့ ဖော်ဆောင်လျက်ရှိရာ မြို့တွင်းလမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက်မှုသည်လည်း အဓိကအခန်းကဏ္ဍအနေဖြင့် ပါဝင်လျက်ရှိရာ အဆိုပါတာဝန်အား လမ်းတံတားဌာနမှတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။လမ်းတံတားဌာနမှမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိလမ်းများအား ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ Priority A.B.C(A-မဟာဗျူဟာ၊ B-လမ်းနံပါတ်ရှိသောလမ်း၊C-လမ်းသွယ်)စသည်ဖြင့် ဦးစားပေးအစီအစဉ်လိုက်လျာထား၍လမ်း များ အားခေတ်မှီယန္တရားများ၊ အဆင့်မြှင့်နည်းပညာများကို အသုံးပြုဆောင်ရွက်ပေးလျက်ရှိပါ သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ လမ်းမပေါက်သေးသည့် နေရာများအား လမ်းသစ်များဖောက်လုပ်ပေးခြင်း၊ ဖောက်ပြီးလမ်းများအား မြေသားလမ်းမှကျောက် ချောလမ်း၊ ကျောက်ချောလမ်းမှကတတ္တရာလမ်း၊ ကတ္တရာလမ်းမှ နိုင်လွန်ကတ္တရာလမ်း စသည့်ဖြင့် လမ်းများအား အဆင့်မြှင့်တင်ပေးခြင်း၊ ယာဉ်အသွားအလာများသည့်နေရာများတွင် ယာဉ်ကြော ကြပ်တည်းမှုမရှိစေရန် လမ်းအကျယ်ကိုလည်း လမ်းဧရိယာရရှိမှုအပေါ်မူတည်၍ 2Lanes,4Lanes, 6Lanes စသည်ဖြင့်ယာဉ်သွားလာမှုပိုမိုအဆင်ပြေစေရန် လမ်းများ အကျယ်ချဲ့ပေးခြင်း၊ လမ်းများ ပြုပြင်ထိန်းသိမ်းပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည်လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ရာ၌အဆင့်မြင့်ယာဉ်ယန္တရားများဝယ်ယူဖြည့်တင်းခြင်း၊ အဆင့်မြင့်နည်းပညာဖြင့်ဆောင်ရွက်နိုင်ရန် စက်ရုံများတည်ဆောက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာAsphalt Batching Plant, Cement Stabilized Plant, Emulsion Plant နှင့် ကျောက်ခွဲစက်တို့အား ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာအဆင့်မြှင့်နိုင်လွန် ကတ္တရာလမ်းများခင်းရန် ဂျာမနီနိုင်ငံထုတ် Linnhoff TRX 1000 Stationary Asphalt Batching Plant အမျိုးအစား နိုင်လွန်ကတ္တရာကျိုစက်ရုံကို ၂၀၁၇ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး နိုင်လွန် ကတ္တရာထုတ်လုပ်ရန် ကတ္တရာအား ကတ္တရာပုံး(Drum)မသုံးစွဲပဲ နိုင်ငံတကာတွင် အသုံးပြု နေသည့် အသင့်ကျိုကတ္တရာ အရည် (Preheated Bulk Bitumen 60/70)ကိုအသုံးပြု၍ နိုင်လွန် ကတ္တရာ ထုတ်လုပ်ပြီး နိုင်လွန်ကတ္တရာလမ်းများဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်လွန်ကတ္တရာလမ်းများ အဆင့်မြှင့်တင်ရာ၌ နိုင်လွန်ကတ္တရာလမ်းများ၏ အခြေခံလွှာ(Base Course)အား ယခင်ရှေးရိုး နည်း အတိုင်း သက်ရင့်ကျောက်များ အလွှာလိုက်ခင်းခြင်း(Macadam Method)ကိုအသုံးမပြုတော့ပဲ အဆင့်မြှင့် နည်းပညာဖြစ်သည့် Cement Stabilized Granular Method (Cement Treated Base )ကို ပြောင်းလဲသုံးစွဲရန် ၂၀၁၈ခုနှစ်မှစ၍ Cement Stabilized Baching Plant ကိုလည်း တည်ဆောက်ခဲ့ပါသည်။ Cement Stabilized Granular Method ဆိုသည်မှာ ဗြုန်းကျောက်၊ ဘိလပ်မြေနှင့်ရေတို့အား Baching Plant တွင် Mix Design အတိုင်းအချိုးကျရောစပ်ပြီး Dump Truck များဖြင့်လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်၍ Paver, Tandem Roller,Pneumetic Tyre Roller တို့ကိုအသုံးပြု၍ အခြေခံလွှာရရှိအောင် ဆောင်ရွက်ပေး ရပါသည်။
Cement stabilized အခြေခံလွှာနှင့်နိုင်လွန်ကတ္တရာကြားတွင် Prime Coat အလွှာဖြင့် Asphalt Emulsionကို အသုံးပြုရသည့်အတွက် Asphalt Emulsionထုတ်လုပ်နိုင်ရန် Asphalt Emulsion Plant ကိုလည်း၂၀၁၉ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဉီးလွင်ကားလမ်းဘေးတွင် ၁ရက်လျှင် ကျင်း၆၀ မှ ၇၀အထိ ထွက်ရှိသည့် ကျောက်ခွဲစက်အကြီး(၁)လုံးနှင့် ၁ရက်လျှင် ကျင်း ၃၀ မှ ၄၀ အထိ ထွက်ရှိသည့် ကျောက်ခွဲစက် အသေး (၁)လုံး တို့လည်း ၂၀၁၉ ခုနှစ်ကတည်ဆောက်ခဲ့ပြီး အဆိုပါကျောက်ခွဲစက်မှ ၁။x၂။ ၊ ချီပင်၊ သုံးမူး၊ ဘီ၊ ကျောက်မှုန့် စသည့်တို့အား ကော်မတီပိုင်နယ်နိမိတ်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန်ထုတ်လုပ်ပေးလျက်ရှိပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနသည် ကော်မတီနယ် နိမိတ် အတွင်းရှိလမ်းများကို ပြုပြင်ထိန်းသိမ်းခြင်းအပြင် လမ်းသစ်များလည်း ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။ထို သို့ဆောင်ရွက်ပေးသောလမ်းများအနက် မဟာ အောင်မြေမြို့နယ်တွင် ၃၆လမ်းနှင့်၃၇လမ်း ကိုသာအဓိကအားပြုသွားလာနေရခြင်းကြောင့် ယာဉ်ကြောကြပ်တည်းမှုများအမြဲဖြစ်ပေါ်လျက်ရှိရာ ယာဉ် ကြောကြပ်တည်းမှုမှလျှော့ချပေးနိုင်ရန်၊ ပြည်သူလူထုသွားလာရာတွင် အချိန်၊ စက်သုံးဆီကုန်ကျမှု သက်သာ စေရေးတို့အတွက် မဟာအောင်မြေမြို့နယ် ၃၈လမ်းအား (၇၃လမ်းနှင့်၇၈လမ်း)အထိ ပေရှည်(၂၈၆၀×၆၀)ပေရှိ (၆)လမ်းသွားနိုင်လွန်ကတ္တရာလမ်းသစ်ကိုဖောက်လုပ်နိုင်ခဲ့ပြီး လမ်းနှင့်ဆက်စပ်လုပ်ငန်းများဖြစ် သည့် Precast Box Culvert များ၊ Precast Drainများ၊ တစ်ဖက်(၆)ပေစီရှိသော လူသွား ပလက်ဖောင်းများပါ ဆောင်ရွက်ပေးခဲ့ပြီးလမ်းသစ်ဆောင်ရွက်ပြီးစီးသဖြင့် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့ ဖြစ်သည့် (၁၉.၆.၂၀၁၉)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လမ်းအဖြစ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး (၇၃လမ်းမှ၇၈)လမ်းအထိသွားလာနိုင်၍ ပြည်သူများသွားလာမှုများစွာ အဆင်ပြေလျက်ရှိပါသည်။ မဟာအောင်မြေမြို့နယ်၊ သင်္ဂဇာချောင်းသည် အောင်မြေသာစံမြို့နယ်မှစ၍ မဟာအောင်မြေမြို့နယ် အထိ ရှည်လျားသောချောင်းတစ်ချောင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ်နှင့် အောင်မြေသာစံ မြို့နယ်တို့တွင် သင်္ဂဇာချောင်းအား ဖြတ်သန်းသွားလာသည့်လမ်းများရှိသော်လည်း မဟာအောင်မြေ မြို့နယ်တွင် သင်္ဂဇာချောင်း၏အရှေ့ဘက်တွင် ကျဉ်းမြောင်းသည့်ပတ်လမ်းသာရှိပြီး သင်္ဂဇာချောင်း အနောက်ဘက်ခြမ်းတွင် လူသွားလမ်းလုံး၀မရှိဘဲ ရပ်ကွက်နေပြည်သူလူထုအတွက် သွားလာရ ခက်ခဲခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းတို့အတွက်ကြောင့် သင်္ဂဇာချောင်းအား (၃၅လမ်းမှ၄၁) လမ်းအထိ လမ်းသစ်ဖော်ဆောင်ပေးလျက်ရှိပြီး ယခုအခါ သင်္ဂဇာပတ်လမ်း (၄၁လမ်းမှကန်တော် ကြီးပတ်လမ်းအထိ)ပေရှည်(၃၂၀၀×၂၀)Cement Stabilized အခြေခံလွှာနှင့်နိုင်လွန်ကတ္တရာ လမ်းသစ်တစ်လမ်းပြီးစီးပြီဖြစ်သဖြင့် (၂၆.၇.၂၀၁၉)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး ရပ်ကွက်နေ မိဘပြည်သူများ စိတ်ချမ်းမြေ့စွာ ဖြတ်သန်းသွားလာနိုင်သည့် လမ်းကောင်း တစ်ခုပေါ်ထွက်လာ ခဲ့ပြီဖြစ်ပါသည်။ထိုအပြင် မဟာအောင်မြေမြို့နယ်၊ အရှေ့ဘက် ခြမ်းရှိ ရှေးယခင်က လယ်ရေသွင်း မြောင်းတစ်ခုဖြစ်သည့် ရေနီမြောင်းမှာ တိမ်ကော လျက်ရှိပြီး ရေသေဖြစ်နေ၍ အန္တရာယ်ဖြစ်နိုင်ခြင်း၊ အမှိုက်များမြောင်းအတွင်း ပြည့်လျှံနေခြင်းတို့ကြောင့် လည်းကောင်း၊ မြောင်းအတွင်း စီးဆင်းသည့် ရေပမာဏမှာလည်း ရှေးယခင်ကလို များပြားမှုမရှိခြင်း တို့ကြောင့် Precast Drain စနစ်ဖြင့် ပြောင်းလဲ၍ Cement Stabilized အခြေခံလွှာဖြင့် ပေ(၄၀) အကျယ်ရှိ နိုင်လွန်ကတ္တရာ လမ်းသစ်ကိုလည်း ၂၀၁၉ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လမ်းမှ ၃၅လမ်းမှ၇၃လမ်းသို့ ဖြတ်သန်းသွားလာနိုင်သည့် ဖြတ်လမ်း တစ်လမ်းပေါ်ပေါက်လာ ခဲ့ပြီးဖြစ်ပါသည်။
လမ်းတံတားဌာနသည် လမ်းများအဆင့်မြှင့်တင်ရုံသာမကဘဲ Smart City ဖော်ဆောင်ရာ၍ နောက်ထပ် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် မြို့တွင်းရေစီးရေလာကောင်းမွန်ရေး၊ ရေဝပ်မှုမရှိ စေရေးတို့အတွက် တံတား၊ ရေမြောင်းနှင့် Platfom တို့ဆောင်ရွက်ရာတွင်လည်း ယခင်က အုတ်ကိုအသုံးပြု၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ စင်္ကာပူနည်းပညာဖြင့် Precast Concrete စနစ်ကို အသုံးပြု၍ Precast Drain,Precast Box Culvert နှင့် Precast Bridge တို့ဖြင့် ဆောင်ရွက် ပေးလျက်ရှိပါသည်။Drain နှင့်Box Culvert များအား Precast Concreteဖြင့် ပြောင်းလဲ၍ ဆောင်ရွက်ပေးရခြင်းမှာ Precast Concrete မှာ Concrete Strengh Grate 40 ကို အသုံးပြု ထုတ်လုပ်ထား၍ ခိုင်ခံ့မှုရှိခြင်း၊ Soil pressureကို ခံနိုင်ရည်ရှိခြင်း၊ ရေဆိုးများ အလွယ်တကူ စီးဆင်းနိုင်ခြင်း၊ ရေမြောင်းသန့်ရှင်းရေး အတွက် ရေပိုက်နှင့်ဆေးပေးနိုင်ခြင်း၊ Drain Cover ပါဝင်သဖြင့် Solid Waste မဝင်နိုင်ခြင်း၊ တည်ဆောက်ရာတွင် လွယ်ကူမြန်ဆန်ခြင်း စသည့် အားသာချက်များကြောင့် မြို့တော်နေပြည်သူ လူထုအတွက် အရည်အသွေးကောင်းမွန်ပြီး နည်းပညာမြင့်မားသော တံတား၊ ရေမြောင်းများကို ရရှိစေနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် ပေးလျက်ရှိပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း သွားလာနေသော မော်တော်ယာဉ်များယာဉ် အန္တရာယ်ကင်းရှင်းစွာစနစ်တကျသွားလာနိုင်ရေးအတွက်ယာဉ်ကြောပြသာမိုပလပ်စတစ်ဆေးလိုင်း ရေးဆွဲခြင်းလုပ်ငန်းဖြစ်သည့် လမ်းလယ်ယာဉ်ကြောခွဲမျဉ်းများ၊ ယာဉ်ကြောပြအမှတ်အသား သင်္ကေတများ၊ Edge လိုင်းများ၊ လူကူးမျဉ်းကြားများ၊ မော်တော်ယာဉ်များ စနစ်တကျ ရပ်နားရေး အတွက် Road Side Car parking များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် အနယ်နယ်အရပ်ရပ်မှ မန္တလေးမြို့သို့ လည်ပတ်ဖြတ်သန်းသွားလာကြသည့် ပြည်သူလူထု လိုရာခရီး ကို မှန်ကန်စွာသွားလာနိုင်ရန်အတွက် မီးပွိုင့်ဧရိယာ မရောက်မီ ယာဉ်ကြောများအား ကြိုတင်သိရှိစေ ရန်Over Head ဆိုင်းဘုတ်များ၊ ယာဉ်ကြောကြပ် တည်းမှုလျော့ချနိုင်ရန်အတွက် မြို့တွင်း Down Town ဧရိယာများတွင်လမ်းဆိုင်ရာအမှတ်အသား ဆိုင်းဘုတ်များ၊ နိုင်ငံတကာ အဆင့်မီလမ်းညွှန် ဆိုင်းဘုတ်(Finger Posts)များ၊သတ်မှတ်မိုင်နှုန်းပြ ဆိုင်းဘုတ်များ၊ အန္တရာယ် ဖြစ်စေနိုင်သောနေရာ များတွင် သတိပေး Yellow Flash Solar Signal များ၊ မီးပွိုင့်ဧရိယာ ပေ ၁၅၀ အတွင်းလမ်းဘေး ကပ်တုံးများအား ဖြူ/နီကြားရေးဆွဲပေးခြင်း၊ ယာဉ်ရပ်နားရာနေရာများတွင် ဝါ/နက် ရေးဆွဲပေးခြင်း၊ မီးပွိုင့်ဧရိယာများတွင် Platfomများပြုပြင်ဆောင်ရွက်ပေးခြင်း၊ တစ်လမ်းမောင်းအဖြစ် သတ်မှတ် သင့်သည့်နေရာတွင် တစ်လမ်းမောင်း၊ နှစ်လမ်းမောင်းအဖြစ် သတ်မှတ်သင့်သည့် နေရာတွင် နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်ပေးခြင်းစသည်ဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ(NRCS)၏လမ်းညွှန်ချက်အရ၊ မန္တလေးတိုင်းဒေသကြီးအမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် တားဆီးရေးကောင်စီနှင့်ပူးပေါင်း ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနသည် မန္တလေးမြို့တော် အား Smart City ဖြစ်စေရန် နောက်ထပ်အခန်းကဏ္ဍတစ်ခုအနေဖြင့် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီလမ်းနယ်နိမိတ်အတွင်း ဆက်သွယ်ရေးနည်းပညာဖြင့် အထောက်အကူ ပြုနိုင်ရန် မြေပေါ်၊မြေအောက်ဖိုက်ဘာကွန်ယက် တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ဆက်သွယ်ရေးလိုင်စင်ရ ကုမ္ပဏီများနှင့် Right Of Way ဆိုင်ရာသဘောတူညီမှု စာချုပ်ချုပ်ဆိုပြီး Right Of Way အား ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့သို့ ကြီးကြပ်ဆောင်ရွက် သည့်အတွက် ဆက်သွယ်ရေး ကုမ္ပဏီများမှ အခွင့်အလမ်းတူမျှ၍ ပွင့်လင်းမြင်သာသည့်ယှဉ် ပြိုင်မှုများပေးနိုင်သည့်အတွက် အရည်အသွေးမြင့်မားသော ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေါ်ပေါက်လာခြင်း၊ မြို့တော်နေပြည်သူလူထု ဆက်သွယ်ရေးဝန်ဆောင်မှုများအလွယ်တကူရရှိနိုင် ခြင်း၊ ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်း များရရှိစေခြင်းနှင့်မြို့တော်အတွက် ထိုက်သင့်သော အခွန်အခများရရှိစေခြင်း စသည့်အကျိုးကျေးဇူးများရရှိပြီး မြို့ပြဖွဲ့ဖြိုးတိုးတက်ရေး အတွက်မြေပေါ်၊ မြေအောက်ဖိုက်ဘာကွန်ယက် အထောက်အကူပြုပစ္စည်းများအား ကော်မတီ၏ နယ်နိမိတ်အတွင်း ထားရှိခြင်းကိုလည်း လမ်းတံတားဌာနမှ စီမံကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ လမ်းတံတားဌာနမှ မန္တလေးမြို့တော်နေပြည်သူလူထုအတွက် အထက်ပါလုပ်ငန်းများအား တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဖွဲ့စည်းပုံ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်စည်ပင်သာယာရေးနှင့် ပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လမ်းတံတားဌာနအား အောက်ပါအတိုင်း ဌာနခွဲ(၂) ခုဖြင့် ဖွဲ့စည်းထား ပါသည်-
(က) လမ်းဌာနခွဲ
(ခ) တံတားနှင့်အထွေထွေလုပ်ငန်းဌာနခွဲ
၁။ အဖွဲ့ပိုင်လမ်း၊ တံတား၊ ရေမြောင်း၊ ပလက်ဖောင်းလုပ်ငန်းများ ကြီးကြပ်ထိန်းသိမ်းခြင်း လမ်းညွှန်ချက်နှင့်အညီ လမ်းလုပ်ငန်း များအတွက် ပုံစံရေးဆွဲထုတ်လုပ်ခြင်း။
၂။ လမ်း၊ တံတား၊ရေမြောင်းနှင့်ပလက်ဖောင်းလုပ်ငန်းများ၏ခန့်မှန်းခြေစာရင်းများ ရေးဆွဲ ခြင်း၊ခွင့်ပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၃။ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခြင်း။
၄။ ပြည်သူလူထုတင်ပြစာများအား ကွင်းဆင်းစစ်ဆေး၍ ကော်မတီသို့အဆင့်ဆင့် တင်ပြခြင်း၊ အရေးယူဆောင်ရွက်ခြင်း။
၅။ ကော်မတီပိုင် လမ်း၊ တံတား၊ ရေမြောင်းနှင့်ပလက်ဖောင်းများအားစံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ခြင်း။
၆။ ကော်မတီမှ အခါအားလျော်စွာပေးအပ်သော တာဝန်များထမ်းဆောင်ခြင်း။
၇။ ပြည်သူလူထု တိုင်ကြားစာများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ဓါတ်ပုံမှတ်တမ်းရ ယူ၍ ကွင်းဆင်းမှတ်တမ်းများအား တင်ပြခြင်း။
၈။ အထက်အဆင့်ဌာနများမှ ပြည်သူလူထု တိုင်ကြားစာများနှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုမေးမြန်းချက်များအား ကွင်းဆင်းစစ်ဆေး၍ပြည်လည်တင်ပြခြင်း။
၉။ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်တားဆီးရေး ကော်မတီနှင့်ပူးပေါင်း၍ယာဉ်အန္တရာယ်တားစီးကာကွယ်လုပ်ငန်းများဆောင်ရွက်ခြင်း။
၁၀။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း Right OfWay ကိစ္စရပ်များနှင့်ပတ်သက်၍ စီမံကြီးကြပ်ကွပ်ကဲခြင်း။