မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ
မန္တလေးမြို့တော်စည်ပင်သာယာရေးဉပဒေ
(၂၀၁၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဉပဒေအမှတ် ၁၁။)
၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်
(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်)
နိဒါန်း
မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ဤဉပဒေပြဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဉပဒေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဉပဒေဟုခေါ်တွင်စေရမည်။
၂။ ဤဉပဒေသည် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်တစ်ဝန်းလုံးတွင် အာဏာ သက်ရောက်စေရမည်။
၃။ ဤဉပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက် ရောက်စေရမည်။
(က) မြို့တော်ဝန် ဆိုသည်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌ မန္တလေးမြို့တော်ဝန်ကို ဆိုလိုသည်။
(ခ) ဒုတိယမြို့တော်ဝန် ဆိုသည်မှာ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ ဒုတိယဉက္ကဌ၊ ဒုတိယမြို့တော်ဝန်ကို ဆိုသည်။
(ဂ) ကော်မတီ ဆိုသည်မှာ ဤဉပဒေအရဖွဲ့စည်းသော မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီကို ဆိုသည်။
(ဃ) ကော်မတီဝင် ဆိုသည်မှာ ကော်မတီ၏ ဉက္ကဌ၊ ဒုတိယဉက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များကို ဆိုသည်။
(င) ရုံးအကြီးအမှူး ဆိုသည်မှာ ကော်မတီ၏ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကို ဆိုသည်။
(စ) ဌာနမှူး ဆိုသည်မှာ ကော်မတီရှိဌာနတစ်ခုခုအား ကြီးကြပ်ကွပ်ကဲရသော အရာရှိကို ဆိုသည်။
(ဆ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဆိုသည်မှာ မန္တလေးမြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များ၏ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးကို ဆိုသည်။
(ဇ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဆိုသည်မှာ မြို့နယ်စည်ပင်သာယာရေး မှူးရုံးကို ကြီးကြပ်ကွပ်ကဲရသော အရာရှိကို ဆိုသည်။
အခန်း (၂)
မြို့တော်နယ်နိမိတ်သတ်မှတ်ခြင်း
၄။ ကော်မတီသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့တော်နယ်နိမိတ်များကို အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ကြေညာရမည်-
(က) မြို့တော်အဖြစ် သတ်မှတ်ကြေညာထားသော နယ်နိမိတ်ကိုလည်းကောင်း၊ ယင်း နယ်နိမိတ်နှင့် တစ်ဆက်တစ်စပ်တည်းရှိသောဒေသများကို ထည့်သွင်း၍ လည်းကောင်း၊ မြို့အသွင်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာအုပ်စုများ၊ ရပ်ကွက်များ၏ နယ်နိမိတ်များကို လည်းကောင်း မြို့တော်နယ်နိမိတ်အဖြစ် သတ်မှတ်နိုင်သည်။
(ခ) ယခင်ကတည်ရှိခဲ့သော မြို့တော်နယ်နိမိတ်များကို ဤဥပဒေအရ မြို့တော်နယ်နိမိတ် အဖြစ်သတ်မှတ်သည်ဟု မှတ်ယူရမည်။
၅။ ကော်မတီသည် အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် မြို့တော်နယ်နိမိတ်များကိုသတ်မှတ် ကြေညာခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းပြုနိုင်သည်။
ဖွဲ့စည်းခြင်း
၆။ အစိုးရအဖွဲ့သည် ကော်မတီကို နိုင်ငံသား (၁၃)ဦး သို့မဟုတ် (၁၅)ဦးဖြင့် ဖွဲ့စည်းရမည်။
၇။ ကော်မတီကို (၁၃)ဦးဖြင့် ဖွဲ့စည်းလျှင် အောက်ပါအတိုင်း ဖွဲ့စည်းရမည်
- ဝန်ကြီး (မြို့တော်ဝန်) ဥက္ကဋ္ဌ
- ဒုတိယမြို့တော်ဝန် ဒုတိယဥက္ကဋ္ဌ
- မြို့တော်နယ်နိမိတ်အတွင်း တစ်မြို့နယ်လျှင် (၁)ဦးနှုန်းဖြင့် အဖွဲ့ဝင် ရွေးကောက်တင်မြှောက်ခံရသူ ကော်မတီဝင် (၆)ဦး (ဤ ၆ ဦးထဲမှ ဒုတိယမြို့တော်ဝန်ကို ရွေးချယ်တာဝန်ပေးရမည်)
- အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသည့် ကော်မတီဝင် (၄)ဦး အဖွဲ့ဝင်
- အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသည့် အတွင်းရေးမှူး အတွင်းရေးမှူး
- ကော်မတီရုံးအကြီးအမှူး တွဲဖက်အတွင်းရေးမှူး
၈။ ကော်မတီကို (၁၅)ဦးဖြင့် ဖွဲ့စည်းလျှင် ရွေးကောက်တင်မြှောက်ခံရသူ ကော်မတီဝင် (၁)ဦးနှင့် အင်ဂျင်နီယာပညာရှင် (၁)ဦးကို ထပ်မံခန့်အပ်ရမည်။
၉။ ရွေးကောက်တင်မြှောက်သူများထဲမှ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။
၁၀။ အစိုးရအဖွဲ့က အတွင်းရေးမှူးနှင့် ကော်မတီဝင်များကို တစ်ပါတည်း သတ်မှတ်တာဝန်ပေးရမည်။
၁၁။ ရုံးအကြီးအမှူးသည် ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သည်။
၁၂။ ကော်မတီ၏သက်တမ်းကာလသည် ပုံမှန်အားဖြင့် (၅)နှစ်ဖြစ်ပြီး နောက်ထပ်ကော်မတီ မဖွဲ့စည်းမီကာလအထိဖြစ်သည်။ အစိုးရအဖွဲ့သည် ကော်မတီ၏ သက်တမ်းကို နည်းဥပဒေဖြင့် သတ်မှတ် ပြဋ္ဌာန်းရမည်။
၁၃။ ကော်မတီသည် ဝန်ကြီးချုပ်အားတာဝန်ခံရမည်။
အခန်း (၃)
၁၄။ ကော်မတီသည် လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အောက်ပါဌာနများ ဖွဲ့စည်းဆောင်ရွက်ရမည်-
(က) ကော်မတီရုံးအဖွဲ့
( ခ) စီမံရေးရာဌာန
(ဂ) စက်ရုံနှင့် မော်တော်ယာဉ်ဌာန
(ဃ) ဈေးနှင့် သားသတ်ဌာန
(c) ဘဏ္ဍာရေးဌာန
(စ) အခွန်ဌာန
(ဆ) သန့်ရှင်းရေးဌာန
(ဇ) ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန
(ဈ) ရေနှင့် သန့်ရှင်းမှုဌာန
(ည) မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
(ဋ) အဆောက်အအုံနှင့် ကုန်ရုံဌာန
(ဌ) လမ်းတံတားဌာန
(၃) ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန
(ပ) စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန
(ဏ) စစ်ဆေးရေးဌာန
၁၅။ ကော်မတီသည် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဌာနနှင့် ဝန်ထမ်းဖွဲ့စည်းပုံကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်းခြင်း၊ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်းပြုနိုင်သည်။
၁၆။ ကော်မတီသည် ဤဥပဒေအရ ဖွဲ့စည်းထားသော ဌာနအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန် လိုအပ်သောနည်းဥပဒေများရေးဆွဲပြုစု၍ အစိုးရအဖွဲ့သို့တင်ပြရမည်။
၁၇။ ကော်မတီသည် အောက်ပါလုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်မှု ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းပြုရမည် -
(က) စည်ပင်သာယာဝန်ထမ်းများ အရည်အချင်းတိုးမြှင့်ရေးအတွက် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များအတွက် လမ်းညွှန်မှု ပေးခြင်း၊
( ခ) ကော်မတီကစီမံခန့်ခွဲခွင့် ရှိသော မြေနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဂ) အများပြည်သူသုံး ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ အပန်းဖြေရိပ်သာများနှင့် နေရာများ၊ ရေကူးကန်၊ ရေချိုးဆိပ်၊ ရေချိုးခန်း၊ သန့်စင်ခန်းများ၊ သောက်ရေအိုးစင်များ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အများပြည်သူနှင့်ဆိုင်သော ကိစ္စတစ်ရပ်ရပ်အတွက် လွယ်ကူစွာအသုံးပြုနိုင်ရန် မြေကွက်လပ်များစီမံထားရှိခြင်း၊ ကြီးကြပ်ခြင်းနှင့် ထိန်းသိမ်းခြင်း၊
အခန်း (၄)
(ဃ) စည်ပင်သာယာရေး လုပ်ငန်းများ အထောက်အကူပြု စေရန်အတွက် ဆွေးနွေးပွဲများ၊ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း၊
(င)မြို့တွင်းနှင့်အဝေးပြေးယာဉ်ရပ်နားစခန်းများတည်ဆောက်ခြင်း၊ယာဉ်ရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊
(စ)ယာဉ်နှင့်အနှေးယာဉ်များသွားလာခြင်းနှင့်ရပ်နားခြင်း၊ယာဉ်ရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ယာဉ်နှင့်အနှေးယာဉ်များ ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းများဖွင့်လှစ်ခြင်းတို့နှင့်စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်း၊
(ဆ) အနှေးယာဉ်အမျိုးအစားအလိုက် စည်းကမ်းချက်များသတ်မှတ်၍ အနှေးယာဉ် လိုင်စင်နှင့် အနှေးယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် သတ်မှတ်ကာလ အတွင်း သက်တမ်းတိုးရန် ပျက်ကွက်သည့်လိုင်စင်ကိုယာယီရပ်ဆိုင်းခြင်း၊ စိစစ်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊
(ဇ) မြို့တော်နယ်နိမိတ်အတွင်း လမ်းစည်းကမ်းနှင့် လမ်းအသုံးပြုမှုစည်းကမ်းများ သတ်မှတ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ ရပ်ကွက် နှင့်လမ်းများ၏အမည်ကို သတ်မှတ်ခြင်းနှင့် အဆောက်အအုံအမှတ်သတ်မှတ်ခြင်း၊
(ဈ) ကျွဲ၊ နွား တိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့်စပ်လျဉ်း၍-
- တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူခြင်း၊ ထိန်းကျောင်းခြင်း၊ သယ်ဆောင်ခြင်း၊ စီးနင်းခြင်းတို့နှင့်ဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ ခွင့်ပြုခြင်း၊
- ကျွဲ၊နွားပွဲဈေးများတည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း၊
- အများပြည်သူစားသုံးရန်အလို့ငှာ အသားထုတ်လုပ်ရုံများတည်ထောင်ခြင်း၊ အသားများပြုပြင်ထုတ်လုပ်ခြင်း၊ စနစ်တကျထုပ်ပိုးသယ်ဆောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းနှင့် သားငါးများ၊ အိမ်မွေးတိရစ္ဆာန်များ၊ ထုတ်လုပ်ခြင်း၊
သယ်ဆောင်ခြင်း၊ ရောင်းချခြင်းတို့ကို စီမံခန့်ခွဲခြင်းနှင့်ကြီးကြပ်ခြင်း၊ - တရားမဝင်အသားများ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်းများနှင့် ပတ်သက်၍ ကြီးကြပ်စစ်ဆေးခြင်း၊ အရေးယူခြင်း၊
- ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့် ခွေးလေခွေးလွင့်၊ ကြွက်၊ ကျီးနှင့် ရောဂါပိုးများသယ်ဆောင်တတ်သည့် အခြားတိရစ္ဆာန်များကို သုတ်သင်ရှင်းလင်းခြင်း၊ တိရစ္ဆာန်ထိန်းသိမ်းရေးရုံများဆောက်လုပ်၍ စည်းကမ်းမဲ့သွားလာနေသော တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းအရေးယူ ဆောင်ရွက်ခြင်း၊
(ည) ဈေးများတည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊
(ဋ)လမ်းဘေးဈေးဆိုင်များ၊ကျူးကျော်ဈေးသည်များနှင့်စပ်လျဉ်း၍ စည်းကမ်းများ သတ်မှတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊
(ဌ)ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စွန့်ပစ်အမှိုက်များစီမံခန့်ခွဲဆောင်ရွက်ခြင်း၊
အခန်း (၅)
(ဍ) အမှိုက်ပုံး၊ အမှိုက်ကန်၊ ယာယီစွန့်ပစ်မည့်အမှိုက်ပုံနေရာများ၊ ထပ်ဆင့်လွှဲပြောင်း စနစ်ဆောင်ရွက်မည့် အမှိုက်စွန့်နေရာများနှင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံမြေနေရာများ သတ်မှတ်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်သိမ်းခြင်း၊ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်း၊ စီမံခန့်ခွဲကြီးကြပ်ခြင်း၊
(ပ) မြို့တော်ပတ်ဝန်းကျင်အရည်အသွေး ထိန်းသိမ်းရေးနှင့်မြှင့်တင်ရေးတို့အတွက် ထုတ်လွှတ် အခိုးအငွေ့များ၊ စွန့်ထုတ်အရည်များနှင့်စွန့်ထုတ်အစိုင်အခဲများ၊ ကုန်ထုတ်လုပ်မှု နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် ထုတ်ကုန်များ၏ စံချိန်စံညွှန်းများ အပါအဝင် ပတ်ဝန်းကျင်အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းများကို တိုင်းတာရန်နှင့် သတ်မှတ်ရန်၏ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အကောင် အထည်ဖော်ရန် ညွှန်ကြားခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊
(ဏ) ကူးတို့နယ်နိမိတ်သတ်မှတ်ခြင်း၊ ကူးတို့လမ်းကြောင်းသတ်မှတ်ခြင်း၊ ကူးတို့လုပ်ငန်းများ တည်ထောင်လုပ်ကိုင်ခွင့်ပြုပြီး ကူးတို့လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ကူးတို့လုပ်ငန်းစီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်းနှင့် နယ်နိမိတ်ချင်း ဆက်စပ် လျက်ရှိသော အခြားတိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ရှိကူးတို့များ၏ အခွန်ရငွေနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊
(တ) ပွဲရုံလုပ်ငန်းများနှင့် ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း၊
(ထ) မီးဘေး၊ ရေဘေး၊လေဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကော်မတီပိုင်လိုအပ်သောပစ္စည်းများအား မီးအာမခံထားရှိခြင်း၊ မီးဘေးနှင့်အခြားအန္တရာယ်ရှိ အဆောက်အအုံနှင့်တဲများအား ဖျက်သိမ်းဖယ်ရှားစေခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊
(ဒ) ရေတွင်း၊ ရေကန်၊ ရေမြောင်းများနှင့်စပ်လျဉ်း၍ အန္တရာယ်ရှိစေနိုင်သော ရေတွင်း၊ ရေကန်၊ ရေအိုင်များကို ကာရံစေခြင်း၊ ပြုပြင်စေခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်၊ ရေစည်၊ ရေအိုးစသည်တို့ကို ဆေးကြောသုတ်သင်စေခြင်း၊ ပြုပြင်စေခြင်း၊ ရေဖြည့်စေခြင်း၊ ဖုံးအုပ်စေခြင်း၊
(ဓ) နေအိမ်အဆောက်အအုံများနှင့် အများပြည်သူပျော်ပွဲရွှင်ပွဲအတွက် အသုံးပြုသည့် အဆောက်အအုံတို့ကို မီးဘေးလုံခြုံမှုရှိစေရန် စီမံဆောင်ရွက်ခြင်း၊
(န) လေလွင့်သွားလာနေသော စိတ်ဝေဒနာရှင်များ၊ ကိုယ်ရေပြားရောဂါစွဲကပ်သူနှင့် တောင်းရမ်း စားသောက်သူများကို သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းပေးပို့၍ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊
(ပ) နာရေးကိစ္စအတွက် သင်္ဂြိုဟ်စက်များတည်ဆောက်ခြင်း၊ သင်္ဂြိုဟ်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း၊
(ဖ) သုသာန်မြေများသတ်မှတ်ခြင်း၊ သုသာန်မြေကို ရွှေ့ပြောင်းစေခြင်း၊ သုသာန်မြေကို ဆက်လက်အသုံးပြုခွင့်မပြုဘဲ ပိတ်ထားခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊ ထိုသို့ဖျက်သိမ်းသည့် သုသာန်မြေကို အခြားနည်းအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့်ကြီးကြပ်ခြင်း၊
အခန်း (၆)
(ဗ) ပြည်သူလူထုအားထိခိုက်နိုင်သည့် အနှောင့်အယှက် အတားအဆီးများ၊ ဘေးအန္တရာယ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်စေရန် ဆောင်ရွက်ခြင်း၊
(ဘ) ကော်မတီ၏မူဝါဒအရဆောင်ရွက်ချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များအား မြို့တော်နေပြည်သူလူထုတစ်ရပ်လုံးနှင့် မြို့တော်တွင်း ဝင်ထွက်သွားလာသူ အားလုံးမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် လူထုဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခြင်း၊
(မ) စက်ဆုပ်ဖွယ်ရာဖြစ်သည့်အပြင် ဘေးအန္တရာယ်ဖြစ်စေနိုင်သော သားငါးများ၊ ပစ္စည်းများ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်းကိုတားမြစ်ခြင်း၊
(ယ) မြို့တော်နယ်နိမိတ်အတွင်း လမ်းများဖောက်လုပ်မှုနှင့်ပတ်သက်၍ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းသတ်မှတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊
(ရ) ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကန်များ၊ ရေလှောင်ကန်များ၊ ရေပိုက်လိုင်းများတည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊
(လ) မြေအောက်ရေတူးဖော်ခြင်း၊ ထုတ်ယူသုံးစွဲခြင်း၊ ဖြန့်ဝေခြင်းစသည်တို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ စည်းကမ်းချက်သတ်မှတ်ခြင်း၊
(ဝ) စည်ပင်သာယာရေးအခွန်အခများ ကောက်ခံခြင်းနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကော်မတီက တာဝန်ခံဆောင်ရွက်ခြင်း၊ လိုအပ်ပါက သင့်လျော်သော အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား သင့်လျော်သည့်ကာလအတွက် ကန်ထရိုက် စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊အခြားသင့်လျော်ကောင်းမွန်သော စနစ်ဖြင့်ဖြစ်စေ၊ ပွင့်လင်းမြင်သာမှုရှိစေရန်ဆောင်ရွက်၍ တာဝန်ပေးအပ်နိုင်ခြင်း၊
(သ) ကော်မတီပိုင်မြေ သို့မဟုတ် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ သို့မဟုတ်မြေကွက်လပ်များနှင့် အရန်မြေတို့အား မူလသတ်မှတ်ထားသည့် အစီအမံအစားမြို့ပြ ဖွံ့ဖြိုးမှုအရ လိုအပ်ပါက ပိုမိုတိုးတက်ဖြစ်ထွန်းမည့် အစီအမံများအား အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ခြင်း၊
(ဟ) အများပြည်သူအကျိုးပြု အခြားစည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(ဠ) စည်ပင်သာယာနယ်နိမိတ်အတွင်း နည်းလမ်းတစ်ခုခုဖြင့် ကျူးကျော်ခြင်းမရှိစေရန် စီမံဆောင်ရွက်ခြင်း၊ တားမြစ်ခြင်း၊ ဖျက်သိမ်းခြင်း၊ ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦများနှင့် အဆောက်အအုံများကို လိုအပ်ပါက သင့်လျော်သည့်အင်အားအသုံးပြု၍ ဖျက်သိမ်းဖယ်ရှားစေခြင်း၊ အရေးယူဆောင်ရွက်ခြင်း။
အခန်း (၇)
ကော်မတီ၏လုပ်ပိုင်ခွင့်များ
၁၈။ ကော်မတီသည် ဤဥပဒေအရ ပေးအပ်သော အခြားလုပ်ပိုင်ခွင့်များကို မထိခိုက်စေဘဲ အောက်ပါကိစ္စများကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
(က) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ဆက်သွယ်၍ မြို့တော်စည်ပင်သာယာရေးအတွက် အထောက်အကူပြုသောလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရန်ပုံငွေဖြင့်လည်းကောင်း၊ ကူညီထောက်ပံ့ငွေဖြင့်လည်းကောင်း၊ ချေးငွေဖြင့်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ခြင်း၊
(ခ) ကော်မတီပိုင် အဆောက်အအုံနှင့် မြေများကို ငှားရမ်းခြင်း၊ စည်းကမ်းချက်တစ်ရပ်ရပ် ဖောက်ဖျက်သော အငှားယူသူများကို အရေးယူခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း၊
(ဂ) နိုင်ငံတော်ကာကွယ်ရေးနှင့်သက်ဆိုင်သည့် သို့မဟုတ် လျှို့ဝှက်အဆင့်သတ်မှတ်ထားသည့် အဆောက်အအုံများမှအပ ဌာနဆိုင်ရာပိုင် အဆောက်အအုံများ ဆောက်လုပ် ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ဤဥပဒေနှင့်အညီစစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်ကို တင်ပြခြင်း၊
(ဃ) စည်ပင်သာယာရေးလုပ်ငန်းများအတွက် အကြံဉာဏ်များရယူနိုင်ရန် လိုအပ်ပါက အကြံပေးနှင့် အကြံပေးအဖွဲ့တို့ကို ဖွဲ့စည်းနိုင်ခြင်း၊ ဖွဲ့စည်းပြီးပါက တာဝန်ပေးအပ်ခြင်းနှင့် ယင်းတို့၏ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
(င) စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်တွင်းပြည်ပမှ ခေတ်မီတိုးတက်သည့် နည်းပညာအကူအညီနှင့် အထောက်အပံ့များရယူဆောင်ရွက်ခြင်း၊
(စ) ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ကျူးကျော်မှုများအား အရေးယူခြင်းနှင့် ဖယ်ရှားခြင်း၊ အထူးသဖြင့် ကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော အိမ်ရာစီမံကိန်းများနှင့် အခြားနေရာများတွင် သတ်မှတ်ထားသော ပန်းဥယျာဉ်၊ ပန်းခြံနှင့်ကစားကွင်းများ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်ဆုံးရှုံးမှု မရှိစေရန်တာဝန်ယူခြင်း၊
အခန်း (၈)
(ဆ) မြို့တော်နယ်နိမိတ်အတွင်းရှိ သတ်မှတ်ထားသောလမ်းနယ်နိမိတ်အတွင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်ဆောက်လုပ်ခြင်းမရှိစေရန် တားမြစ်ခြင်း၊စစ်ဆေးကြပ်မတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းနှင့် ဖယ်ရှားခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ဇ) အရန်မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ကျုးကျော်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ဈ) ဤဥပဒေပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်မှုများတွင် သတ်မှတ်ထားသော ဒဏ်ကြေးကိုပေးဆောင်ပါက အရေးယူဆောင်ရွက်မှုကို ရပ်ဆိုင်းခြင်း သို့မဟုတ် ကျေအေးခွင့်ပြုနိုင်ခြင်း၊
(ည) ကော်မတီရန်ပုံငွေတိုးတက်ရရှိရေးအတွက် ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပူးပေါင်း၍ လည်းကောင်း၊ ကော်မတီမှရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ၍ လည်းကောင်း အကျိုးအမြတ်ရရှိရန် သေချာသည်ဟုကော်မတီက ဆုံးဖြတ်သော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း၊
(ဋ) ပြည်ပနိုင်ငံများရှိ မြို့ကြီးများနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံလျက် အသိအမြင် ဗဟုသုတများဖလှယ်ခြင်း၊ အထောက်အပံ့များရယူခြင်း၊ အပြန်အလှန်အကူအညီ ပေးခြင်းများကို ဆောင်ရွက်နိုင်ရန်အတွက် ညီအစ်မမြို့တော်(Sister Citics)များ ဖွဲ့ခြင်း၊ နားလည်မှုသဝဏ်လွှာများ လက်မှတ်ရေးထိုးခြင်းနှင့် သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊
(ဌ) ပြည်သူလူထုသို့ အသိပညာဖြန့်ဝေပေးခြင်း၊ ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော မီဒီယာလုပ်ငန်းများကို တည်ထောင်လုပ်ကိုင်ခြင်း၊
(ဍ) အစိုးရအဖွဲ့က အခါအားလျော်စွာပေးအပ်သည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း။
အခန်း (၉)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၁၉။ မည်သူမဆို ပုဒ်မ ၁၁၂ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းခံရလျှင် ပုဒ်မ ၁၁၄ အရ အယူခံကာလကျော်လွန်ပြီးနောက် ထပ်မံကျူးလွန်ပါက ထိုသူကို အနည်းဆုံးငွေဒဏ်ကျပ် နှစ်သောင်းမှ အများဆုံးငွေဒဏ်ကျပ်နှစ်သိန်းအထိဖြစ်စေ၊ ထောင်ဒဏ်(၁)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၀။ မည်သူမဆိုဇယား(၂)ပါတားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊၎င်းနှင့်သက်ဆိုင်သည့်ပြဋ္ဌာန်းချက်၊နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်း၊အမိန့်နှင့်ညွှန်ကြားချက်များကိုဖြစ်စေလိုက်နာရန်ပျက်ကွက်ကြောင်း၊ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ထိုသူကိုအနည်းဆုံးအထိဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ငွေဒဏ်ကျပ်သုံးသောင်းမှအများဆုံးငွေဒဏ်ကျပ်သုံးသိန်းအထိဖြစ်စေ၊ထောင်ဒဏ်(၃)လ
၂၁။ ပုဒ်မ ၁၁၆ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါပြဋ္ဌာန်းချက်ကို ဆက်လက် ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက် ကျူးလွန်ခြင်းသို့မဟုတ် ပျက်ကွက်ခြင်းပြုသည့်နေ့အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ်ကျပ်သုံးသောင်းမှအများဆုံးငွေဒဏ်ကျပ်တစ်သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၃)လအထိဖြစ်စေချမှတ်ရမည်။
၂၂။ မည်သူမဆို ဇယား(၃)ပါတားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ၎င်းနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်၊နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်ကြောင်း၊ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးငွေဒဏ်ကျပ်လေးသောင်းမှ အများဆုံးငွေဒဏ်ကျပ်လေးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၆)လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
၂၃။ ပုဒ်မ ၁၁၈ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါပြဋ္ဌာန်းချက်ကိုဆက်လက်၍ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့်နေ့အသီးသီးအတွက် တစ်နေ့လျှင်အနည်းဆုံး ငွေဒဏ်ကျပ်သုံးသောင်းမှ အများဆုံး ငွေဒဏ်ကျပ်တစ်သိန်းအထိဖြစ်စေ၊ ထောင်ဒဏ်(၆)လအထိဖြစ်စေချမှတ်ရမည်။
၂၄။ မည်သူမဆို ဇယား(၄)ပါတားမြစ်ချက်များကိုဖြစ်စေ၊ ၄င်းနှင့်သက်ဆိုင်သည့်ပြဌာန်းချက်၊နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်ကြောင်း၊ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးငွေဒဏ်ကျပ်ငါးသောင်းမှ အများဆုံးငွေဒဏ်ကျပ်ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၅။ ပုဒ်မ ၁၂ဝ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါပြဋ္ဌာန်းချက်ကို ဆက်လက်၍ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဖောက်ဖျက်ကျူးလွန်ခြင်းသို့မဟုတ် ပျက်ကွက်ခြင်းပြု သည့်နေ့ အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ်ကျပ်သုံးသောင်းမှ အများဆုံးငွေဒဏ်ကျပ်တစ်သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေချမှတ်ရမည်။
၂၆။ ဤဥပဒေအခန်း(၂၇)ပါ ပြစ်မှုများသည် ရဲအရေးပိုင်သောအမှုများအဖြစ် သတ်မှတ်သည်။
အခန်း (၁၀)
အထွေထွေ
၂၇။ ကော်မတီသည်မိမိ၏လုပ်ငန်းတာဝန်များနှင့်လုပ်ပိုင်ခွင့်များကိုကျင့်သုံးဆောင်ရွက်ရာတွင် အောက်ဖော်ပြပါလုပ်ငန်းများနှင့်စပ်လျဉ်း၍အစိုးရအဖွဲ့၏ခွင့်ပြုချက်ရရှိပြီးမှဆောင်ရွက်ရမည်-
- မူဝါဒသဘောပါရှိသော လုပ်ငန်းများ၊
- မြို့တော်နယ်နိမိတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အထူးစီမံကိန်းများနှင့် နှစ်ရှည်ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်ရမည့်လုပ်ငန်းများ၊
- သတ်မှတ်ထားသော ရန်ပုံငွေပမာဏထက် ကျော်လွန်မည့် စည်ပင်သာယာရေး လုပ်ငန်းများနှင့် ချေးငွေရယူမှုများ၊
- ပြည်တွင်းပြည်ပအကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ။
၂၈။ ဤဥပဒေအရပြစ်မှုများကိုစစ်ဆေးစီရင်နိုင်ရန်အလို့ငှာကော်မတီသည်မြို့တော်နယ်နိမိတ်အခန်း(၂၈)အထွေထွေ အတွင်း သင့်လျော်သည့်နေရာများ၌ စည်ပင်သာယာတရားရုံးများနှင့် စည်ပင်သာယာဥပဒေရုံးများကိုထူထောင်ဖွင့်လှစ်ထားရှိနိုင်ရေးအတွက် အစိုးရအဖွဲ့မှတဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်လည်းကောင်း တင်ပြဆောင်ရွက်ရမည်။
၂၉။ ဤဥပဒေအရ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် စည်ပင်သာယာရဲတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ရန် အစိုးရအဖွဲ့မှတဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ရမည်။
၃၀။ ကော်မတီသည် ကိုယ်ပိုင်အမည်၊ တံဆိပ်ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံ ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိစေရမည်။
၃၁။ တရားမကြောင်းအရ ကော်မတီအား တရားစွဲဆိုခြင်းမပြုမီ အနည်းဆုံး(၂)လကြိုတင်၍ ကော်မတီသို့ နို့တစ်စာပေးပို့ပြီးဖြစ်စေရမည်။
၃၂။ ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့် ဆောင်ရွက်သော ကော်မတီဝင်များ၊ ဤဥပဒေအရ စည်ပင်သာယာရေးလုပ်ငန်းများအလို့ငှာ ခန့်အပ်ထားသည့် သို့မဟုတ် တာဝန်ပေးအပ်ထားသည့်စည်ပင်သာယာအရာထမ်း၊ အမှုထမ်းများ အပေါ် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တရားမကြောင်းအရသော်လည်းကောင်း၊ ပြစ်မှုကြောင်းအရ သော်လည်းကောင်း တရားစွဲဆိုခံထိုက်ခြင်းမရှိစေရ။
၃၃။ ကော်မတီဝင်တစ်ဦးဦးသည် သို့မဟုတ် ဝန်ထမ်းတစ်ဦးဦးသည် ကော်မတီနှင့် ပဋိညာဉ်ပြုလုပ် ချုပ်ဆိုသော လုပ်ငန်းတွင်သော်လည်းကောင်း၊ ကော်မတီပိုင်လုပ်ငန်းတွင်သော်လည်းကောင်း၊ ကော်မတီကလွှဲအပ်သည့် လုပ်ငန်းတွင်သော်လည်းကောင်း၊ မိမိ၏ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်ခြင်း မရှိစေရ။
၃၄။ ကော်မတီကခန့်အပ်တာဝန်ပေးထားသော ဓါတ်ခွဲစမ်းသပ်စစ်ဆေးသူ၏ စစ်ဆေးချက်အစီရင် ခံစာကို ဤဥပဒေအရ စွဲဆိုသည့်အမှုများအတွက် သက်သေခံအက်ဥပဒေအရကျွမ်းကျင်သူ၏ စစ်ဆေးချက်ကဲ့သို့သက်သေခံအဖြစ်လက်ခံရမည်။
၃၅။ ဤဥပဒေအရ သက်သေခံရန်အလို့ငှာ တရားရုံးသို့မတင်ပြနိုင်သေ ာသက်သေခံပစ္စည်းတစ်ခုခုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ပေးအပ်ခြင်းခံရသည့် စစ်ဆေးထွက်ဆိုသူ၏ ထွက်ဆိုချက်၊စစ်ဆေးချက်မှတ်တမ်းသည်သက်သေခံပစ္စည်းဖြစ်သကဲ့သို့မှတ်ယူရမည်။
၃၆။အများပြည်သူသည် မြို့တော်နယ်နိမိတ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်ရှိသည့် အလျောက် ဤဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာရန်တာဝန်ရှိသည်
၃၇။ ဤဥပဒေမတိုင်မီ ထုတ်ပြန်ခဲ့သည့် စည်ပင်သာယာရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေ၏ ရည်ရွယ်ချက်၊ သဘောထားများနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၃၈။ ဤဥပဒေအရ ပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်ပါက ကော်မတီသည် သက်ဆိုင်ရာဌာနမှူးနှင့် စည်ပင်သာယာအရာရှိတစ်ဦးဦးကို လွှဲအပ် ဆောင်ရွက်စေနိုင်သည်။
၃၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုဆောင်ရွက်နိုင်ရန်-
- အစိုးရအဖွဲ့သည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်နိုင်သည်။
- ဝန်ကြီးဌာနနှင့်ကော်မတီသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။