ရေနှင့်သန့်ရှင်းရေးဌာန
နိဒါန်း
၁။ ရေနှင့်သန့်ရှင်းမှုဌာနသည် မန္တလေးမြို့ကို ခေတ်မီရေမီတာ၊ ရေပိုက်လိုင်းစနစ်ဖြင့် ရေပေး ဝေလျက်ရှိပြီး (၁၉၈၃)ခုနှစ်မှ(၁၉၉၂)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် မန္တလေးမြို့ ရေပေးဝေရေးစီမံကိန်းမှ သန္ဓေတည် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မူလက မန္တလေးမြို့တွင် သောက်သုံးရေအတွက် ဧရာဝတီမြစ်ရေနှင့်အတူ ရွှေတစ်ချောင်း၊ ငွေတစ်ချောင်း၊ နဒီချောင်း၊ ကျုံးရေနှင့် လက်ငင် ရေတွင်းများကို အသုံးပြုခဲ့ကြသည်။ ပြည်တော်သာခေတ် တွင် စက်ရေတွင်းများတူး၍ လည်းကောင်း၊ ကျုံးရေကိုစက်များဖြင့် စုပ်ယူ၍လည်းကောင်း၊ ရေစင်များမှတဆင့် ရေပေးဝေ ခဲ့သည်။
၂။ မန္တလေးမြို့ ပထမရေပေးဝေရေးစီမံကိန်းကို အာရှဖွံဖြိုးရေးဘဏ်(ADB)မှ ချေးယူ၍ USD (၁၅)သန်း၊ အိုပက်(OPEC)ရန်ပုံငွေမှ ချေးယူငွေ USD (၇)သန်းတို့ဖြင့် ဆောင်ရွက်ခဲ့ကာ (၁၉၉၂) ခုနှစ်တွင် စတင်ပေးဝေခဲ့ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းမှုနှင့်အတူ ရေနှင့်သန့်ရှင်းမှုဌာန ဖြစ်ပေါ်ခဲ့ပါသည်။
၃။ လက်ရှိတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ ဌာန(၁၄)ဌာနနှင့်အတူ လက်တွဲ၍ မန္တလေး(၆)မြို့နယ်၏ ရေပေးဝေရေးလုပ်ငန်းများ၊ သန့်ရှင်းမှုဆိုင်ရာ လုပ်ငန်းများ၊ ရေဆိုးသန့်စင်စွန့်ပစ်မှုလုပ်ငန်းများကို နှစ်စဉ်တိုးချဲ့ ဆောင်ရွက်လျက် ရှိပါသည်။
၄။ ရေပေးဝေမှုလုပ်ငန်းအနေဖြင့် (၁၉၉၂)ခုနှစ်က တစ်ရက်လျှင် ရေဂါလန်(၁၄)သန်းခန့် စတင်ဖြန့်ဝေခဲ့ရာမှ လက်ရှိကာလတွင် ရေဂါလန် သန်း(၄၀)ခန့် နေ့စဉ်ထုတ်လုပ်ဖြန့်ဝေ လျက် ရှိပါသည်။
ဖွဲ့စည်းပုံ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ရေနှင့်သန့်ရှင်းမှု့ဌာနမှ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ရေဖြန့်ဖြူးရေးဌာနခွဲအနေဖြင့် ရေမီတာအသစ် လျှောက်ထားခြင်း၊ ရေမီတာပိုက်လိုင်းပြောင်း လျှောက်ထားခြင်းကျုံးရေဆက်သွယ်ခွင့်လျှောက်ထားခြင်း၊ ရေမီတာပျောက်လျောက်ထားခြင်း၊ ရေငုပ်စက်များတပ်ဆင်ပေးခြင်း၊ရေပိုက်လိုင်းများ,ဆက်သွယ်ချထားခြင်း၊ စက်ရေတွင်းနှင့်လျှပ်စက်ဌာနခွဲအနေဖြင့် အဝီစိတွင်းတူးဖော်ခွင့်ယာယီလိုင်စင်စီစစ်ခွင့်ပြုပေးခြင်း၊ အဝီစိတွင်းတူးဖော်ပြီးအမြဲတမ်းသုံးစွဲခွင့်လိုင်စင်စီစစ်ခွင့်ပြုပေးခြင်း၊ လိုင်စင်ရတွင်းတူးဆရာ (အငယ်တန်း/အကြီးတန်း)စိစစ်ခွင့်ပြုပေးခြင်း၊ သန့်ရှင်းမှုဌာနခွဲအနေဖြင့် မန္တလေး(၆)မြို့နယ်အတွင်း မိလ္လာငှားရမ်းခြင်း၊ Mobile Toilet များငှားရမ်းခြင်း၊ ဝယ်ယူရေးနှင့်ထိ်းသိမ်းရေးဌာနခွဲမှ တင်ဒါစနစ်ဖြင့် မြို့ရေပေးရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ စက်ကရိယာများဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။
၁။ ရေဖြန့်ဖြူးရေးဌာနခွဲအနေဖြင့် ရေမီတာအသစ် လျှောက်ထားခြင်း၊ မီတာပိုက်လိုင်းပြောင်း လျှောက်ထားခြင်း ကျုံးရေဆက်သွယ်ခွင့် လျှောက်ထားခြင်း၊ ရေမီတာပေျာက်လျှောက်ထားခြင်း၊ မီးသတ်ငုတ်များ တပ်ဆင်ပေးခြင်း၊ ရေပိုက်လိုင်များ ဆက်သွယ်ချထားခြင်း။
၂။ စက်ရေတွင်းနှင့်လျှပ်စက်ဌာနခွဲ အနေဖြင့် ရေတွန်းစက်ရုံများ၏ နေ့စဉ်ရေထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းများ၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာနေ့စဉ် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများ၊ မန္တလေး(၆)မြို့နယ်မြေအောက်ရေ ထိန်းသိမ်း၊ ကြီးကြပ်မှုလုပ်ငန်းများ၊ မိုးရာသီရေကြီး၊ ရေလျှံ တားဆီးကာကွယ်လျှော့ချရေး လုပ်ငန်းများ၊ ရေဆိုးထုတ်စက်ရုံများ မောင်းနှင်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို ပင်မတာဝန်အဖြစ်ဆောင်ရွက်ခြင်း။
၃။ ကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၄။ အဝီစိတွင်းတူးဖော်ခွင့် ယာယီလိုင် စင်စီစစ် ခွင့်ပြုပေးခြင်း၊ အဝီစိတွင်းတူးဖော်ပြီး အမြဲတမ်းသုံးစွဲခွင့် လိုင်စင်စီစစ်ခွင့်ပြုပေးခြင်း၊ လိုင်စင်ရတွင်းတူးဆရာ (အငယ်တန်း/အကြီး တန်း) စိစစ်ခွင့်ပြုပေးခြင်း။
၅။ သန့်ရှင်းမှုဌာနခွဲအနေဖြင့် မန္တလေး(၆)မြို့နယ်အတွင်း မိလ္လာကားငှားရမ်းခြင်း၊ Mobile Toilet များ ငှားရမ်းခြင်း၊ဝယ်ယူရေးနှင့်ထိ်းသိမ်းရေးဌာနခွဲမှ တင်ဒါစနစ်ဖြင့် မြို့ရေပေးရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ စက်ကရိယာများ ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအားဆောင်ရွက်ပေးခြင်း။
စက်ရေတွင်းနှင့် လျှပ်/စက်ဌာနခွဲ
ရေနှင့်သန့်ရှင်းမှုဌာနရှိ စက်ရေတွင်းများနှင့် ရေတွန်းစက်ရုံများ၏ နေ့စဉ်ရေထုတ်လုပ် ဖြန့်ဖြူးမှုလုပ်ငန်းများ၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံများနှင့်လျှပ်စစ်ပိုင်းဆိုင်ရာနေ့စဉ် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများ၊ မန္တလေး(၆)မြို့နယ် မြေအောက်ရေထိန်းသိမ်း၊ကြီးကြပ်မှု လုပ်ငန်းများ၊ မိုးရာသီရေကြီး၊ ရေလျှံ တားဆီးကာကွယ်လျှော့ချရေး လုပ်ငန်းများ၊ ရေဆိုးထုတ်စက်ရုံ များမောင်းနှင်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို ပင်မတာဝန်အဖြစ်ဆောင်ရွက်လျှက် ရှိပြီးကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရပါသည်။
သန့်ရှင်းမှုဌာနခွဲ
သန့်ရှင်းမှုဌာနခွဲအနေဖြင့် မန္တလေး(၆)မြို့နယ်အတွင် မိလ္လာကားဌားရမ်းခြင်း၊ Mobile Toilet များ ဌားရမ်းခြင်း၊ ဝယ်ယူရေးနှင့်ထိန်းသိမ်းရေးဌာနခွဲသည် ပစ္စည်းများဝယ်ယူခြင်းနှင့်တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူဆောင်ရွက်ခြင်းများပြုလုပ်သည့်အပြင် ကော်မတီမှအခါအားလျော်စွာ ပေးအပ်သည့်လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်လျှက် ရှိပါသည်။
ရေဖြန့်ဖြူးရေးဌာနခွဲ
ရေဖြန့်ဖြူးရေးဌာနခွဲအနေဖြင့် မန္တလေး(၆)မြို့နယ်အတွင်း ပင်မရေပိုက်လိုင်းများ ဆက်သွယ်ချထားခြင်း၊ အိမ်သွယ်ရေမီတာများတပ်ဆင်နိုင်ရန် လျှောက်ထားလာသည့် အမှုတွဲများအား စည်းကမ်းနှင့်အညီ ခွင့်ပြုနိုင်ရန်တင်ပြခြင်း၊ ပျက်စီးသွားသောရေပိုက်လိုင်းများ၊ရေယို ပိုက်ပေါက်များနှင့်၊ ရေမီတာပျက်စီးယိုယွင်းမှုများအား ပြုပြင်ထိန်းသိမ်းခြင်း၊ ကျုံးရေပိုက်လိုင်းများဆက်သွယ်ချထားခြင်း၊ ကျုံးရေကန်များပြင်ဆင်ထိန်းသိမ်းခြင်း၊ လိုအပ်သည့်နေရာများတွင် မီးသတ် ပိုက်ခေါင်းများအသစ်တပ်ဆင်ခြင်း၊ တပ်ဆင်ပြီး မီးသတ်ခေါင်းများအား ပြင်ဆင်ထိန်းသိမ်းခြင်း၊တိုးတက်လာသည့်လူဦးရေနှင့်အညီ ရေရရှိရေးအတွက် ဆောင်ရွက်ခြင်း ၊ စက်မှုရေဆိုးစွန့်ပစ်ပင်မပိုက်လိုင်းများ ချထားဆက်သွယ်ခြင်းနှင့် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျှက်ရှိ သည့်အပြင် ကော်မတီမှ အခါအားလျော်စွာပေးအပ်သည့်လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက် လျှက်ရှိပါသည်။